ရွှေဘိုတွင် အမျိုးသားတစ်ဦး လမ်းဘေးတွင် လက်လုပ်မိုင်း နင်းမိသဖြင့် သေဆုံး

ရွှေဘိုတွင် အမျိုးသားတစ်ဦး လမ်းဘေးတွင် လက်လုပ်မိုင်း နင်းမိသဖြင့် သေဆုံး
September 22, 2022 Popular Journal

ရွှေဘိုတွင် အမျိုးသားတစ်ဦး လမ်းဘေးတွင် လက်လုပ်မိုင်း နင်းမိသဖြင့် သေဆုံး

စစ်ကိုင်းတိုင်း‌ဒေသကြီး၊ ရွှေဘိုမြို့တွင် အမျိုးသားတစ်ဦးသည် လမ်းဘေးအပေါ့သွားစဉ် လက်လုပ်မိုင်း နင်းမိသဖြင့် မိုင်းစထိမှန် ဒဏ်ရာများဖြင့် သေဆုံးသွားကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ထံမှ သိရသည်။

စစ်ကိုင်းတိုင်း၊တန့်ဆည်မြို့နယ်၊ သရက်ခါးကျေးရွာနေ ဦးထွန်းဟန်(၄၈)နှစ််သည် စက်တင်ဘာလ ၂၀ ရက်တွင် တန့်ဆည်မြို့နယ်၊ ရေရှင်းကုန်းကျေးရွာနေ ဦးကျော်ဇင်အောင် (၂၈)နှစ် (ဘ)ဦးအောင်ပျို မောင်းနှင်သည့် Hiace မော်တော်ယာဉ်ဖြင့် မန္တလေးမြို့မှ တန့်ဆည်မြို့သို့ မန္တလေး-ရွှေဘိုကားလမ်းအတိုင်း မောင်းနှင်လာပြီး ရွှေဘိုမြို့ (၇)ရပ်ကွက်ရှိ မြို့ဝင်မုခ်ဦးအနီးအရောက် လမ်းဘေး၌ မော်တော်ယာဉ်အား ခေတ္တရပ်နားကာ အပေါ့သွားစဉ် အမည်မသိလက်နက်ကိုင်များထောင်ထားသည့် လက်လုပ်မိုင်းတစ်လုံးအား နင်းမိပေါက်ကွဲခဲ့ရာမှ နောက်ကျော၊ ဝဲနံဘေးနှင့် ဝဲတံတောင်တို့၌ မိုင်းစထိမှန်ဒဏ်ရာ ၄ ချက်ရရှိကာ သေဆုံးခဲ့ခြင်းဖြစ်သည်ဟု ရဲမှတ်တမ်းအရ သိရသည်။

မော်တော်ယာဉ်သည်လည်း ယာဘက် နောက်ကြည့်မှန်၊ ဘေးလေကာမှန် ၃ ချပ်၊ ယာဉ်အောက်ပိုင်းကိုယ်ထည်တို့ မိုင်းစထိမှန်ကာ ကွဲအက် ပျက်စီးသွားခဲ့သည်။

အထက်ပါဖြစ်စဉ်နှင့် ပတ်သတ်ပြီး ပြစ်မှုကျူးလွန်ခဲ့သူများအား ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း သိရသည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*