ဦးထောင်ဘိုလမ်းတွင် YBS ယာဉ်တစ်စီး အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးဖြူနီပလက်ဖောင်းကျော်တက်ပြီး အပင်များအား ဝင်တိုက်မှုဖြစ်ပွား

ဦးထောင်ဘိုလမ်းတွင် YBS ယာဉ်တစ်စီး အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးဖြူနီပလက်ဖောင်းကျော်တက်ပြီး အပင်များအား ဝင်တိုက်မှုဖြစ်ပွား
September 22, 2022 Popular Journal

ဦးထောင်ဘိုလမ်းတွင် YBS ယာဉ်တစ်စီး အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးဖြူနီပလက်ဖောင်းကျော်တက်ပြီး အပင်များအား ဝင်တိုက်မှုဖြစ်ပွား

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ်၊ ဘုရားကြီးရပ်ကွက်၊ ဦးထောင်ဘိုလမ်းတွင် ယမန်နေ့ (စက်တင်ဘာ ၂၁) ညနေ ၄ နာရီအချိန်ခန့်က YBS နံပါတ် 8 ယာဉ်သည် အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးဖြူနီပလက်ဖောင်းပေါ်ကျော်တက်သွားပြီး အပင်များအား ဝင်တိုက်မှုဖြစ်ပွားခဲ့သည်။

YBS နံပါတ် 8 ယာဉ်သည် ဦးထောင်ဘိုလမ်းအတိုင်း မောင်းနှင်လာစဉ် မဟာဝိဇယစေတီတံတိုင်းအလွန်တွင် အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးဖြူနီပလက်ဖောင်းပေါ်ကျော်တက်ခဲ့ပြီး၊ အပင်များအားတိုက်မိခဲ့ကာ လူသွားစင်္ကြံပေါ်၌ အရှိန်ရပ်တန့်သွားခဲ့သည်။

အဆိုပါဖြစ်စဉ်ကြောင့် ယာဉ်၏ အရှေ့ပိုင်းနှင့် သစ်ပင်တစ်ချို့ပျက်စီးသွားပြီး အခြားယာဥ်များ၊ယာဉ်မောင်းနှင့် ခရီးသည်များ ထိခိုက်ဒဏ်ရာ မရရှိခဲ့ကြောင်း သိရသည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*