အကြမ်းဖက်လုပ်ရပ်ကြောင့် မော်တော်ယာဉ် ထိခိုက်ပျက်စီးပါက အာမခံလျော်ကြေးရမည်မဟုတ်ဟု MIA ထုတ်ပြန်

အကြမ်းဖက်လုပ်ရပ်ကြောင့် မော်တော်ယာဉ် ထိခိုက်ပျက်စီးပါက အာမခံလျော်ကြေးရမည်မဟုတ်ဟု MIA ထုတ်ပြန်
September 22, 2022 Popular Journal

အကြမ်းဖက်လုပ်ရပ်ကြောင့် မော်တော်ယာဉ် ထိခိုက်ပျက်စီးပါက အာမခံလျော်ကြေးရမည်မဟုတ်ဟု MIA ထုတ်ပြန်

အကြမ်းဖက်လုပ်ရပ် (Terrorism Act) ကြောင့် မော်တော် ယာဉ်သည် သေနတ်၊ ကျည်ဆံ၊ ဗုံးစံ၊ မိုင်းစ ထိခိုက်ပျက် စီးပါက မော်တော်ယာဉ် အာမခံလျော်ကြေးရမည်မဟုတ်‌ ကြောင်း မြန်မာနိုင်ငံအာမခံအသင်း (Myanmar Insurance Association) ၏ ထုတ်ပြန်ချက်အရသိရသည်။

မြန်မာနိုင်ငံ အာမခံအသင်း (MIA) သည် အလုံးစုံအာမခံ ပေါ်လစီစည်းမျဉ်းစည်းကမ်းများနှင့် ပတ်သက်ပြီး အ ထွေထွေအာမခံကော်မတီ အစည်းအဝေးကို သြဂုတ် ၂၄ ရက်က ပြုလုပ်ခဲ့ပြီးနောက် စည်းမျဉ်းအသစ်များကိုထု တ်ပြန်ခဲ့ခြင်းလည်းဖြစ်သည်။

” ဒီအချိန်မှာကတော့ သတိထားရမယ့် ကိစ္စပေါ့နော်။ အစ် မတို့အနေနဲ့ကတော့ သက်ဆိုင်ရာက ထုတ်တဲ့ အမိန့်တွေ ညွှန်ကြားချက်တွေကို အချိန်နဲ့တပြေးညီ အသိပညာပေး ဖြန့်ဝေတာတွေ လု ပ်ပေးပါတယ် ။ အခုက အလုံးစုံ မော် တော်ယာဉ်အာမခံ ထားတဲ့သူတွေ အနေနဲ့ ဒီလိုအမိန့် ညွှန် ကြားချက်တွေကို လေ့လာနားလည်ပြီးတော့ ထိခိုက်နစ် နာမှု နည်းနိုင်သမျှ နည်းအောင် ပူးပေါင်း လုပ်ဆောင်ကြဖို့ပဲ ပြောချင်ပါတယ်။ ဒီအပေါ်မှာ ကောင်း၏ မကောင်း ၏ ဘာမှတော့ မပြောချင်ပါဘူး ။ သူတို့က ဒါတွေ မ‌ရတော့ဘူးဆိုရင် မဖြစ်အောင် အတတ်နိုင်ဆုံး ထိန်းသိမ်းကြဖို့ပဲ အကြံပြုချင်တာပေါ့နော်။ ကံဆိုတာကတော့ ပြောလို့မရဘူးလေနော်” ဟု ပုဂ္ဂလိက အာမခံ ကုမ္ပဏီတစ်ခုမှ အာမခံ ကိုယ် စားလှယ် အမျိုးသမီးတစ်ဦးက ပေါ်ပြူ လာနယူး(စ်) သို့ ပြောသည်။

အာမခံစည်းမျဉ်းသစ်များအရ

(၁) လိုင်စင်မရှိဘဲမောင်းနှင်ခြင်း
(၂) သက်တမ်းလွန်လိုင်စင်ဖြင့် မောင်းနှင်ခြင်း
(၃) အရက်သေစာသောက်စားပြီး မောင်းနှင်ခြင်း
(၄) တရား၀င် အမြန်နှုန်းထက် ကျော်လွန်မောင်းနှင်ခြင်း
(၅) သက်တမ်းကုန်သွားသော Vehicle Registration Card (သို့မဟုတ်) သတ်မှတ်ထားသော လိုင်စင်အမျိုးအစားဖြင့်မဟုတ်ဘဲ မောင်းနှင်ခြင်း
(၆) မီးနီဖြတ်မောင်းခြင်း
(၇) လမ်းပြောင်းပြန် မောင်းနှင်ခြင်း စသည်တို့ကြောင့် ဖြစ်ပွားသည့်ယာဉ်ထိခိုက်မှုအတွက် အာမခံလျော်ကြေး ရရှိမည်မဟုတ်ပေ။

ယခင်က မော်တော်ယာဉ်ရပ်နားထားစဉ် တိရစ္ဆာန်၏ ပြုလုပ်မှု (ကြွက်ကိုက်ခြင်း၊ ခွေးကိုက်ခြင်း၊ ကြောင်ကုတ်ခြင်း) ကြောင့် ဖြစ်ပွားသည့် မတော်တဆမှု ထိခိုက်ပျက်စီးခြင်းများကို အာမခံလျော်ကြေးပေးသော်လည်း ယခုစည်းမျဉ်းတွင် လျော်ကြေး အကြုံးမ၀င်ကြောင်း သို့ရာတွင် လူပုဂ္ဂိုလ်တစ်ဦးဦးသည် တိရိစ္ဆာန်အားအသုံးပြု၍ ရည်ရွယ်ချက်ရှိရှိဖြင့် ပျက်စီးစေရန် စေခိုင်းသည်ကို တွေ့ရပါက အာမခံလျော်ကြေးတွင်အကြုံး၀င်ကြောင်း၊ ယာဉ်မောင်းနှင်နေစဉ်အတွင်း တိရစ္ဆာန်များကို တိုက်မိခြင်းကြောင့် ဖြစ်ပေါ်လာသည့် ထိခိုက်ပျက်စီးမှုသည် အာမခံတွင် အကျုံးဝင်ကြောင်း စည်းမျဉ်း ပြော င်းလဲ သတ်မှတ်ထားသည်။

War Risk စစ်ဘေးအန္တရယ်ကြောင့် ဖြစ်ပွားလာသော ထိခိုက်မှုများအတွက် အာမခံလျော်ကြေး ပေးမည်ဖြစ်သော်လည်း အကြမ်းဖက်သမားများ၏ လုပ်ရပ် (Terrorism Act) ကြောင့် အာမခံထားသည့် မော်တော် ယာဉ်သည် သေနတ်၊ ကျည်ဆံ၊ ဗုံးစံ၊ မိုင်းစ ထိခိုက်ပျက်စီးပါက မော်တော်ယာဉ် အာမခံလျော်ကြေးရမည်မဟုတ်‌ဟု သိရသည်။

ထို့ကြောင့် အထွေထွေ အာမခံကုမ္ပဏီများအနေဖြင့် လက်ရှိရောင်းချနေသည့် အလုံးစုံ မော်တော်ယာဉ်အာမခံ ပေါ်လစီတွင် အထက်ပါ စည်းမျဉ်းစည်းကမ်းများအတိုင်း လျော်ကြေးကိစ္စကို လိုက်နာဆောင်ရွက်ရန် မြန်မာနိုင်ငံ အာမခံအသင်း (MIA)က အသိပေးထားသည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*