ရန်ကုန်-မန္တလေးအမြန်လမ်းတွင် လျှပ်စစ်သုံး ယာဉ်များ ပြေးဆွဲနိုင်ရန်အတွက် လိုအပ်ချက်များအား ညှိနှိုင်းဆွေးနွေး

ရန်ကုန်-မန္တလေးအမြန်လမ်းတွင် လျှပ်စစ်သုံး ယာဉ်များ ပြေးဆွဲနိုင်ရန်အတွက် လိုအပ်ချက်များအား ညှိနှိုင်းဆွေးနွေး
September 22, 2022 Popular Journal

ရန်ကုန်-မန္တလေးအမြန်လမ်းတွင် လျှပ်စစ်သုံး ယာဉ်များ ပြေးဆွဲနိုင်ရန်အတွက် လိုအပ်ချက်များအား ညှိနှိုင်းဆွေးနွေး

ရန်ကုန်-မန္တလေးအမြန်လမ်းတွင် လျှပ်စစ်သုံးယာဉ်များပြေးဆွဲရန် အကောင်အထည်ဖော်ရေးအတွက် လိုအပ်ချက်များအား ညှိနှိုင်းဆွေးနွေးခြင်းအား ရန်ကုန်မြို့တော်ဝန်ဦးဗိုလ်ဌေး ဦးဆောင်၍ စက်တင်ဘာ ၂၁ ရက်(ယနေ့)နံနက် ၈ နာရီခွဲက ရန်ကုန်မြို့တော်ခန်းမ၌ပြုလုပ်ခဲ့ကြသည်။

“အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့်ဆက်စပ်လုပ်ငန်းများဖွံဖြိုးတိုးတက်ရေးဦးစီကော်မတီရဲ့ လမ်းညွှန်ချက်အရ ရန်ကုန်-မန္တလေးအမြန်လမ်းမှာ လျှပ်စစ်သုံးယာဉ်များ ပြေးဆွဲနိုင်ဖို့အတွက်လိုအပ်ချက်တွေအပြင် အဲဒီလုပ်ငန်းနဲ့ဆက်စပ်ပြီး ရန်ကုန်တိုင်းအတွင်းမှာလည်း လျှပ်စစ်သုံးယာဉ်တွေပြေးဆွဲနိုင်ဖို့အတွက်ပါ ဆွေးနွေးကြစေလိုပါတယ်”ဟု ရန်ကုန်မြို့တော်ဝန်ဦးဗိုလ်ဌေးကပြောသည်။

ထို့နောက် YRTC ကော်မတီဝင်ဦးဘမြင့်က အ ဝေးပြေးယာဉ်လိုင်းများပြေးဆွဲမှု၊ YESC အထွေ ထွေမန်နေဂျာ ဦးဟန်ဇော်က ရန်ကုန်-နေပြည် တော်-မန္တလေးအမြန်လမ်းတွင် Charging Station များတည်ဆောက်နိုင်ရေး၊ ဓာတ်အားခွဲရုံများမှ လျှပ်စစ်ဓာတ်အားပေးနိုင်ရေး ဖြစ်နိုင်ခြေလေ့လာဆန်းစစ်မှု(FS)ဆောင်ရွက်ထားရှိမှုတို့ကို ရှင်းလင်းတင်ပြခဲ့ကြသည်။

အလားတူ လျှပ်စစ်ယာဉ်တင်သွင်းသည့်ကုမ္ပဏီများမှတာဝန်ရှိသူများက တင်သွင်းနိုင်သည့် လျှပ် စစ်သုံးယာဉ်များနှင့်ပတ်သက်သည့်အချက်အ လက်များနှင့်လုပ်ငန်းလိုအပ်ချက်များကိုရှင်းလင်းတင်ပြခဲ့ကြသည်။

ထို့အတူ YRTC ဒု-ဥက္ကဋ္ဌဦးချစ်ကိုကိုက လျှပ်စစ်သုံးယာဉ်များအတွက် Charging Station များတွင်ဘက်ထရီအားသွင်းနိုင်မှု အခြေအနေအားလေ့လာထားရှိမှု၊မြို့တွင်းယာဉ်လိုင်းများတွင် လျှပ်စစ်သုံးယာဉ်ဖြင့်ပြေးဆွဲနိုင်ရန် စမ်းသပ်ဆောင်ရွက်နေမှု၊ Charging Station များ တည် ဆောက်ရာတွင် အများနှင့်သက်ဆိုင်သည့် နေရာများ၌ ယာဉ်ငယ်များအတွက် ဆောင်ရွက်ပေးနိုင်မှုနှင့်ယာဉ်ကြီးများအတွက် သက်ဆိုင်ရာ ယာဉ်လိုင်းများအလိုက် သီးခြားဆောင်ရွက်ပေးရန် လိုအပ်မှုအခြေအနေများအား ရှင်းလင်းတင်ပြခဲ့သည်။

ညှိနှိုင်းဆွေးနွေးပွဲ၌ ရန်ကုန်မြို့တော်ဝန် ဦးဗိုလ်ဌေးနှင့်အတူ ဒု-မြို့တော်ဝန်၊အတွင်းရေးမှူး၊ကော် မတီဝင်များ၊သက်ဆိုင်ရာဌာနမှူးများ၊ရန်ကုန်တိုင်ဒေသကြီးပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီး ကြပ်မှုကော်မတီ(YRTC)၊ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း(YESC)၊အဝေးပြေးယာဉ်ရပ်နားစခန်းတာဝန်ခံများ၊ရန်ကုန်-မန္တလေးအဝေးပြေးယဉ်လိုင်းများ၊လျှပ်စစ်ယာဉ်တင်သွင်းသည့် ကုမ္ပဏီများ၊စက်သုံးဆီလုပ်ငန်းရှင်များ တက်ရောက်ဆွေးနွေးခဲ့ကြသည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*