Looking for something?

Explore the website

Looking for something?

Sunday, May 25, 2025

ဗုဒ္ဓဥယျာဉ်(ပန်ကွဲ)ဝတ္ထုကံတော်အတွင်း၌ သီလဓမ္မဆေးရုံတော်သစ်အားဖွင့်လှစ်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၊ ပန်ကွဲတောင်ပေါ်နှင့် ပတ်ဝန်းကျင်ဒေသရှိ တိုင်းရင်းသားများ၏ ကျန်းမာရေးစောင့် ရှောက်ပေးရန်၊ ဗုဒ္ဓဥယျာဉ်(ပန်ကွဲ)အတွင်း လာရောက်တရားအားထုတ်သူများ၊ ဘုရားဖူးလာ ရဟန်းရှင်လူများအတွက် ခရီးသွားကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရန်ရည်ရွယ်၍ ဗုဒ္ဓဥယျာဉ်(ပန်ကွဲ)ဝတ္ထုကံတော်အတွင်း၌...

ကျိုင်းတုံမြို့ရှိ လောကသရဖူစေတီတော်မြတ်ကြီးအား ဌာပနာတော်သွင်းလှူပူဇော်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၊ ဗုဒ္ဓဥယျာဉ်(ပန်ကွဲ)၊ ဝတ္ထုကံတော်အတွင်းတည်ထားကိုးကွယ်သည့် လောကသရဖူစေတီတော်မြတ်ကြီးအား ဌာပနာတော်သွင်းလှူပူဇော်ခြင်းမင်္ဂလာ အခမ်းအနားကို ယနေ့ မေ ၂၄ ရက်နံနက်ပိုင်းက ဆင်ယင်ကျင်းပခဲ့သည်။ အခမ်းအနားသို့ နိုင်ငံတော်ဩဝါဒါစရိယ...

ကျိုင်းတုံဆေးရုံကြီးအား ကုတင်(၃၀၀)ဆံ့ဆေးရုံကြီးအဖြစ် အဆင့်မြှင့်တင်ပေးသွားမည်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံဆေးရုံကြီးအား ကုတင်(၃၀၀)ဆံ့ဆေးရုံကြီးအဖြစ် အဆင့်မြှင့်တင်နိုင်ရေးအတွက် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့ မေ ၂၄ ရက်မွန်းလွဲပိုင်းက...

လုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှူပူဇော်ပြီးသည့် ရွှေတိဂုံစေတီတော်မြတ်ကြီးအား ဗုဒ္ဓါဘိသေကအနေ ကဇာတင်

၂၀၂၄-၂၀၂၅ ခုနှစ် လုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှူပူဇော်ပြီးသည့် ရွှေတိဂုံစေတီတော်မြတ်ကြီးအား စေတီတော်မြတ်ကြီး၏ သြဝါဒါစရိယဆရာတော်ကြီး(၁၁)ပါးနှင့်ပင့်သံဃာ့တော်(၁၀၈)ပါးတို့က ယနေ့ မေ ၂၄ ရက်နံနက်ပိုင်းက ဗုဒ္ဓါဘိသေကအနေကဇာတင်လှူပူဇော်ခဲ့ကြသည်။ ရွှေတိဂုံစေတီတော်မြတ်ကြီး၏ အထက်ပစ္စယံပတ္တမြားမျက်ရှင်တန်ဆောင်းနှင့် စေတီတော်အာရုံခံမုခ်ဦးလေးဘက်ဧည့်ခံတန်ဆောင်းများ၌...
HomeInternationalအမေရိကန်နှင့်ကနေဒါစစ်သင်္ဘောများ ထိုင်ဝမ်ရေလက်ကြားကိုဖြတ်၍ ရွှက်လွှင့်

အမေရိကန်နှင့်ကနေဒါစစ်သင်္ဘောများ ထိုင်ဝမ်ရေလက်ကြားကိုဖြတ်၍ ရွှက်လွှင့်

အမေရိကန်နှင့်ကနေဒါစစ်သင်္ဘောများ ထိုင်ဝမ်ရေလက်ကြားကိုဖြတ်၍ ရွှက်လွှင့်

ပေကျင်းနှင့်ထိုင်ဝမ်တို့ကြား စစ်ရေးတင်းမာမှုများမြင့်တက်နေချိန်တွင်ပြုလုပ်သည့် စစ်ဆင်ရေးတစ်ခုအနေဖြင့် အမေရိကန်စစ်သင်္ဘောတစ်စင်းနှင့် ကနေဒါစစ်သင်္ဘောတစ်စင်းတို့သည် ထိုင်ဝမ်ရေလက်ကြားကိုဖြတ်၍ ပုံမှန်ဖြတ်သန်းသွားလာမှုတစ်ရပ်ကို စက်တင်ဘာ ၂၀ ရက် အင်္ဂါနေ့ကလုပ်ဆောင်ခဲ့ကြောင်း အမေရိကန်စစ်တပ်ကပြောကြားခဲ့သည်။အဆိုပါစစ်ဆင်ရေးအား တရုတ်ဘက်ကရှုံ့ချခဲ့ပြီး ၎င်း၏တပ်ဖွဲ့များကသတိပေးမှုများပြုလုပ်ခဲ့သည်ဟုလည်းပြောကြားခဲ့သည်။

မကြာသေးမီနှစ်များအတွင်း အမေရိကန်စစ်သင်္ဘောများနှင့် ဗြိတိန်နှင့်ကနေဒါတို့ကဲ့သို့သောမဟာမိတ်နိုင်ငံများမှသင်္ဘောများသည် ဒီမိုကရေစီနည်းလမ်းတကျရွေးချယ်တင်မြှောက်ထားသည့် ထိုင်ဝမ်အစိုးရက ပြင်းပြင်းထန်ထန်ကန့်ကွက်နေသည့်ကြားမှပင် ထိုင်ဝမ်အား၎င်း၏ပိုင်နက်ဟု အခိုင်အမာဆိုထားသောတရုတ်၏ ဒေါသကိုဆွပေးနေသည့်အလား ရေလက်ကြားကိုဖြတ်၍ပုံမှန်ရွှက်လွှင့်လေ့ရှိခဲ့သည်။

အမေရိက၏ထုတ်ပြန်ချက်၌ ၎င်း၏ရေတပ်မှ Arleigh Burke အမျိုးအစား ပဲ့ထိန်းဒုံးကျည်ဖျက်သင်္ဘော Higgins နှင့် ကနေဒါရေတပ်၏ Halifax အမျိုးအစား ဖရီးဂိတ်သင်္ဘော Vancouver တို့သည် ကမ်းရိုးတန်းပြည်နယ်၏ ပိုင်နက်ကိုကျော်လွန်၍ ရေလက်ကြားမှတစ်ဆင့်ဖြတ်သန်းသွားခဲ့သည်ဟုဆိုထားသည်။

“ယခုကဲ့သို့သော ပူးပေါင်းဆောင်ရွက်မှုသည် လုံခြုံ၍သာယာဝပြောသော ဒေသဆီသို့ကျွန်ုပ်တို့ချဉ်းကပ်မှု၏ အဓိကအချက်ကိုကိုယ်စားပြုသည်” ဟု ရေတပ်၏ထုတ်ပြန်ချက်တွင်ထည့်သွင်းပြောကြားခဲ့သည်။ကနေဒါကာကွယ်ရေးဝန်ကြီး Anita Anand ကမူ ကနေဒါနိုင်ငံသည် အင်ဒို – ပစိဖိတ်ဒေသရှိနိုင်ငံတစ်နိုင်ငံအနေဖြင့် ကမ္ဘာလုံးဆိုင်ရာတည်ငြိမ်ရေးနှင့်သာယာဝပြောရေးကို ထိန်းသိမ်းရန်နက်နက်ရှိုင်းရှိုင်း ကတိကဝတ်ပြုထားကြောင်းလည်း ပြောကြားခဲ့သည်။

“ယနေ့ပြုလုပ်တဲ့ ထိုင်ဝမ်ရေလက်ကြားဖြတ်သန်းမှုဟာ လွတ်လပ်ပွင့်လင်းမှုပါဝင်တဲ့ အင်ဒို – ပစိဖိတ်ဒေသအတွက် ကျွန်မတို့ရဲ့ကတိကဝတ်ကိုသရုပ်ဖော်ပါတယ်” ဟု သူ၏ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

သို့သော်တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် အရှေ့ပိုင်းတိုင်းကွပ်ကဲရေးဌာနကမူ ၎င်း၏တပ်ဖွဲ့များသည်သင်္ဘောများကို စောင့်ကြည့်သတိပေးခဲ့သည်ဟုပြောကြားခဲ့သည်။ “ ကွပ်ကဲရေးဌာနတပ်ဖွဲ့များဟာ အမြဲတမ်းသတိကြီးကြီးထားစောင့်ကြည့်နေပြီး ခြိမ်းခြောက်ရန်စ မှု အားလုံးကို ပြတ်ပြတ်သားသားတန်ပြန်ကာ နိုင်ငံတော်အချုပ်အခြာအာဏာနဲ့ နယ်မြေဂုဏ်သိက္ခာကို ပြတ်ပြတ်သားသားကာကွယ်သွားပါမယ်” ဟုဆိုကာ ထိုသို့သောမစ်ရှင်များကို ပုံမှန်အသုံးအနှုန်းဖြင့်သာအသုံးပြုတုံ့ပြန်ခဲ့ကြောင်းဖော်ပြထားသည်။

ကန်နှင့်ကနေဒါသင်္ဘောများသည် မြောက်ဘက်သို့ဦးတည်ရွက်လွှင့်ခဲ့ပြီး မိမိတို့၏တပ်ဖွဲ့များသည်မစ်ရှင်ကိုစောင့်ကြည့်နေခဲ့ပြီး အခြေနေသည် ပုံမှန်အတိုင်းသာတည်ငြိမ်နေခဲ့ကြောင်း ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနကလည်း ပြောကြားခဲ့သည်။

ယခုတစ်ကြိမ်ဖြတ်သန်းသွားလာမှုသည် တစ်လအတွင်းရေလက်ကြား၌ ကန်စစ်သင်္ဘော၏ နှစ်ကြိမ်မြောက်ဖြတ်သန်းသွားလာခြင်းလည်းဖြစ်သကဲ့သို့ ၂၀၂၁ ခုနှစ် အောက်တိုဘာလကနောက်ဆုံးဖြတ်သန်းပြီးနောက် တစ်နှစ်မရှိတရှိအချိန်အတွင်း အမေရိကနှင့်ကနေဒါတို့၏ ဒုတိယအကြိမ်မြောက်ပူးတွဲဖြတ်သန်းမှုလည်းဖြစ်သည်။

ကျဉ်းမြောင်းသောထိုင်ဝမ်ရေလက်ကြားသည် ၁၉၄၉ ခုနှစ်၌ တရုတ်သမ္မတနိုင်ငံအစိုးရက ယခုလက်ရှိတရုတ်ပြည်သူ့သမ္မတနိုင်ငံကိုတည်ထောင်ခဲ့သည့် ကွန်မြူနစ်များကိုပြည်တွင်းစစ်၌ရှုံးနိမ့်ပြီးနောက် ထိုင်ဝမ်သို့ထွက်ပြေးလာချိန်မှစ၍ စစ်ရေးတင်းမာမှုများမကြာခဏဖြစ်ပွားရာနေရာတစ်ခုဖြစ်လာခဲ့သည်။

Source – Reuters/ic/rc

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဗုဒ္ဓဥယျာဉ်(ပန်ကွဲ)ဝတ္ထုကံတော်အတွင်း၌ သီလဓမ္မဆေးရုံတော်သစ်အားဖွင့်လှစ်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၊ ပန်ကွဲတောင်ပေါ်နှင့် ပတ်ဝန်းကျင်ဒေသရှိ တိုင်းရင်းသားများ၏ ကျန်းမာရေးစောင့် ရှောက်ပေးရန်၊ ဗုဒ္ဓဥယျာဉ်(ပန်ကွဲ)အတွင်း လာရောက်တရားအားထုတ်သူများ၊ ဘုရားဖူးလာ ရဟန်းရှင်လူများအတွက် ခရီးသွားကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရန်ရည်ရွယ်၍ ဗုဒ္ဓဥယျာဉ်(ပန်ကွဲ)ဝတ္ထုကံတော်အတွင်း၌ သီလဓမ္မဆေးရုံတော်သစ်အား ယနေ့ မေ ၂၄ ရက်နံနက်ပိုင်းက စတင်ဖွင့်လှစ်ရာ နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ဇနီးတို့တက်ရောက်ဖွင့်လှစ်ပေးခဲ့ကြသည်။ အခမ်းအနားတွင် ဝစီပိတ်ဆရာတော်ကြီး၊ နစက ဥက္ကဋ္ဌနှင့် ဇနီးတို့က သီလဓမ္မ ဆေးရုံတော်ကိုဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကာ မင်္ဂလာမော်ကွန်းကမ္ပည်းတော်ကို အမွှေးနံ့သာရည်များဖြင့် ပက်ဖျန်းပေးခဲ့ကြသည်။ ထို့နောက် နစက ဥက္ကဋ္ဌနှင့် ဇနီး၊ တာဝန်ရှိသူများက သီလဓမ္မဆေးရုံတော်အတွင်းလှည့်လည်ကြည့်ရှု၍ သီလဓမ္မ...

ကျိုင်းတုံမြို့ရှိ လောကသရဖူစေတီတော်မြတ်ကြီးအား ဌာပနာတော်သွင်းလှူပူဇော်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၊ ဗုဒ္ဓဥယျာဉ်(ပန်ကွဲ)၊ ဝတ္ထုကံတော်အတွင်းတည်ထားကိုးကွယ်သည့် လောကသရဖူစေတီတော်မြတ်ကြီးအား ဌာပနာတော်သွင်းလှူပူဇော်ခြင်းမင်္ဂလာ အခမ်းအနားကို ယနေ့ မေ ၂၄ ရက်နံနက်ပိုင်းက ဆင်ယင်ကျင်းပခဲ့သည်။ အခမ်းအနားသို့ နိုင်ငံတော်ဩဝါဒါစရိယ ကျိုင်းတုံမြို့၊ တူးယားကျောင်းတိုက်ပဓာန နာယက အဂ္ဂမဟာ ဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တ ပညာသာမိ အမှူးပြုသည့် ဆရာတော်၊ သံဃာတော်များကြွရောက်တော်မူခဲ့ကြပြီး နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ဇနီး၊ တာဝန်ရှိသူများ၊ အလှူရှင်များတက်ရောက်ကြည်ညိုပူဇော်ခဲ့ကြသည်။ အခမ်းအနားတွင် နစက ဥက္ကဋ္ဌနှင့် ဇနီး၊ တက်ရောက်လာကြသူများက တူးယားကျောင်းတိုက်ပဓာန နာယကဆရာတော်ကြီးထံမှ ကိုးပါးသီလခံယူဆောက်တည်ပြီး ဆရာတော်၊ သံဃာတော်များက...

ကျိုင်းတုံဆေးရုံကြီးအား ကုတင်(၃၀၀)ဆံ့ဆေးရုံကြီးအဖြစ် အဆင့်မြှင့်တင်ပေးသွားမည်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံဆေးရုံကြီးအား ကုတင်(၃၀၀)ဆံ့ဆေးရုံကြီးအဖြစ် အဆင့်မြှင့်တင်နိုင်ရေးအတွက် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့ မေ ၂၄ ရက်မွန်းလွဲပိုင်းက ကျိုင်းတုံမြို့ရှိ ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့မိ၊ မြို့ဖများနှင့်တွေ့ဆုံစဥ် ပြောကြားခဲ့ခြင်းဖြစ်သည်။ တွေ့ဆုံစဉ် တက်ရောက်လာကြသည့် မြို့မိမြို့ဖများက ကျိုင်းတုံမြို့တွင် နေထိုင်သူဦးရေများပြားလာသဖြင့် ပြည်သူများကျန်းမာရေးစောင့်ရှောက်မှုအတွက် ကျိုင်းတုံမြို့ရှိ ကုတင်-၂၀၀ ဆံ့ပြည်သူ့ဆေးရုံကြီးအား ကုတင်-၃၀၀ ဆံ့ဆေးရုံကြီးအဖြစ်အဆင့်မြှင့်တင်ဆောင်ရွက်ပေးစေလိုမှု၊ လွယ်မွေမြို့ရှိ တိုက်နယ်ဆေးရုံအား အဆင့်မြှင့်တင်ဆောင်ရွက်ပေးစေလိုမှုတို့ကို နစက ဥက္ကဋ္ဌအား တင်ပြခဲ့ကြသည်။ တင်ပြမှုများအပေါ် နစက ဥက္ကဋ္ဌက ကျိုင်းတုံမြို့ရှိ ကုတင်-၂၀၀ ဆံ့ဆေးရုံကြီးအား...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071