AA နှင့် ARSA အဖွဲ့တို့ ပူးပေါင်းနေမှုအပေါ် ရခိုင်လူမျိုးများ သတိရှိကြရန် ဗိုလ်ချုပ် ဇော်မင်းထွန်းပြောကြား

AA နှင့် ARSA အဖွဲ့တို့ ပူးပေါင်းနေမှုအပေါ် ရခိုင်လူမျိုးများ သတိရှိကြရန် ဗိုလ်ချုပ် ဇော်မင်းထွန်းပြောကြား
September 21, 2022 Popular Journal

AA နှင့် ARSA အဖွဲ့တို့ ပူးပေါင်းနေမှုအပေါ် ရခိုင်လူမျိုးများ သတိရှိကြရန် ဗိုလ်ချုပ် ဇော်မင်းထွန်းပြောကြား

ရခိုင်ပြည်နယ်အတွင်း ဖြစ်ပေါ်နေသည့် တိုက်ပွဲများတွင် ထိခိုက်သေဆုံးမှုများသည် မိမိတို့၏ နိုင်ငံသားများ ထိခိုက်သေဆုံးနေမှုများသာဖြစ်ပြီး AA နှင့် ARSA ၏ ပူး ပေါင်းမှုအပေါ် ရခိုင်လူမျိုးများအနေဖြင့် သတိရှိကြရန် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

စက်တင်ဘာလ (၂၀) ရက်က နေပြည်တော်တွင် ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် မီဒီယာများ၏ မေးမြ န်းမှုကို နစက ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ထည့်သွင်း ပြောကြားသွားခြင်း ဖြစ်သည်။

” ARSA နဲ့ ပူးပေါင်းဆောင်ရွက်မှုကိုကျ ကျွန်တော်တို့ ပြောသလိုပဲ၊ ငြိမ်းချမ်းစွာ နေထိုင်လိုတဲ့ ရခိုင်ပြည်သူ လူထုအနေနဲ့ သတိရှိဖို့လိုတယ်လို့ ကျွန်တော် ပြောချင်ပါတ ယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီဒေသတွေမှာ ရခိုင်လူမျိုးစုရဲ့ လူဦးရေ ဘယ်လောက်ရှိလဲ။ ကျန်တဲ့သူတွေရဲ့ လူဦး ရေ ဘယ်လောက်ရှိလဲဆိုတာ ရခိုင်လူမျိုးတွေပဲ အသိဆုံးဖြစ်ပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။

ထို့အပြင် AA အဖွဲ့အနေဖြင့် ရခိုင်ပြည်နယ် မြောက်ပိုင်းရှိ နယ်ခြားစောင့် ရဲစခန်းများနှင့် တပ်မတော် ကင်းစခန်းများကို တိုက်ခိုက် သိမ်းပိုက်နေခြင်းမှာ ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်နေခြင်းဖြစ်ပြီး ယခုလို တိုက်ခိုက်နေမှုအပေါ် ထိရောက်သည့် တုန့်ပြန်မှုများ လုပ်ဆောင်သွားမည်ဟုလည်း ၎င်းက ပြောသည်။

ပြီးခဲ့သည့်ရက်ပိုင်းအတွင်း AA နှင့် တပ်မတော်ကြား ဖြစ် ပွားခဲ့သည့် တိုက်ပွဲများအကြား ပစ်ခတ်သည့် လက်နက် ကြီး ကျည်များ ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်း ကျရောက် ပေါက်ကွဲခဲ့သည့်အတွက် ထိခိုက်သေဆုံးမှုများ ဖြစ်ပေါ်ခဲ့သည့်အပေါ် ဘင်္ဂလားဒေ့ရှ်အစိုးရက ပြစ်တင်ဝေဖန်မှုများ ပြုလုပ်ခဲ့ပြီး အကယ်၍ ထပ်မံဖြစ်ပေါ်နေဦးမည်ဆိုပါက ကုလသမဂ္ဂသို့ တိုင်ကြားသွားမည်ဟုလည်း ပြောကြားထားသည်။

အဆိုပါ ဖြစ်စဉ်များနှင့် ပတ်သက်၍ မြန်မာနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ဘင်္ဂလားဒေ့ရှ် သံအမတ်ကို ခေါ်ယူတွေ့ဆုံကာ ရှင်းလင်း ပြောကြားခဲ့ပြီး ပူးပေါင်း ဆောင်ရွက်မှုများ လုပ်ဆောင်ရန်လည်း ပြောကြားထားသည်။

ထို့အပြင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ နယ်နမိတ်အတွင်းရှိ AA နှင့် ARSA ၏ တပ်စခန်းများကို ထိရောက်စွာ အရေးယူရှင်းလင်းပေးရန်လည်း မြန်မာအစိုးရက ဘင်္ဂလားဒေ့ရှ်သံအမတ်ကတဆင့် ပြောကြားခဲ့ကြောင်း သိရသည်။

AA နှင့် ARSA အဖွဲ့တို့မှ မြန်မာ – ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ န ယ်စပ်အနီး တိုက်ခိုက်စီးနင်းမှုများကို လုပ်ဆောင်နေခြင်း မှာ မြန်မာ – ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ ဆက်ဆံရေး တင်းမာလာစေရန် ရည်ရွယ်ချက်ရှိရှိဖြင့် လုပ်ဆောင်နေခြင်းဖြစ်ကြောင်းလည်း မြန်မာအစိုးရ ဘက်က ပြောကြားထားသည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*