မင်္ဂလာဒုံရှိ ဟိုတယ်တစ်ခုတွင် တည်းခိုနေသူ ၂ ဦးထံမှ စိတ်ကြွဆေးပြား ၅၀၀၀၀ ပြားဖမ်း မိ

မင်္ဂလာဒုံရှိ ဟိုတယ်တစ်ခုတွင် တည်းခိုနေသူ ၂ ဦးထံမှ စိတ်ကြွဆေးပြား ၅၀၀၀၀ ပြားဖမ်း မိ
September 21, 2022 Popular Journal

မင်္ဂလာဒုံရှိ ဟိုတယ်တစ်ခုတွင် တည်းခိုနေသူ ၂ ဦးထံမှ စိတ်ကြွဆေးပြား ၅၀၀၀၀ ပြားဖမ်း မိ

ရန်ကုန်တိုင်း၊မင်္ဂလာဒုံမြို့နယ်၊ ၂/ခ ရပ်ကွက်၊ဗိုလ်မင်းရောင်လမ်းရှိ ဟိုတယ်တစ်ခုတွင် တည်းခိုနေသူ ၂ ဦးထံမှ စက်တင်ဘာ ၂၀ ရက်ညနေပိုင်းက ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့မှ သိရသည်။

ယင်းနေ့ညနေ ၄ နာရီ ၄၅ မိနစ်ခန့်က မူးယစ်ဆေး ဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၀င်များပါ၀င်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ ၂/ခ ရပ်ကွက်၊ဗိုလ်မင်းရောင်လမ်းရှိ ဟိုတယ်တစ်ခု၏ အခန်းတစ်ခုအတွင်း ဝင်ရောက်ရှာဖွေစစ်ဆေးခဲ့ကြသည်။

ထိုသို့ စစ်ဆေးရာ အခန်းအတွင်း၌ ဇော်သိန်းဦး (၄၅)နှစ်နှင့်မအိသဉ္ဇာလွင်(၂၇)နှစ်တို့အား စိတ် ကြွဆေးပြား ၅၀၀၀၀ ပြားနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း ရဲတပ်ဖွဲ့မှသိရသည်။

ထို့ကြောင့် ၎င်းတို့ ၂ ဦးအား မင်္ဂလာဒုံမြို့မရဲစ ခန်းက မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေ သောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့်ကာ ဆက်စပ်ပြစ်မှုကျူးလွန်သူများအားထပ်မံဖမ်း ဆီးရမိရေးအတွက် စစ်ဆေးလျက်ရှိကြောင်း သိရသည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*