မိုင်းဆတ်အကျဉ်းထောင်၌ ပြစ်ဒဏ်ကျခံလျက်ရှိသည့် အကျဉ်းသား/သူ ၈၂ ဦးအား အထူးလျော့ရက်ခံစားခွင့်ပြုခဲ့

မိုင်းဆတ်အကျဉ်းထောင်၌ ပြစ်ဒဏ်ကျခံလျက်ရှိသည့် အကျဉ်းသား/သူ ၈၂ ဦးအား အထူးလျော့ရက်ခံစားခွင့်ပြုခဲ့
September 21, 2022 Popular Journal

မိုင်းဆတ်အကျဉ်းထောင်၌ ပြစ်ဒဏ်ကျခံလျက်ရှိသည့် အကျဉ်းသား/သူ ၈၂ ဦးအား အထူးလျော့ရက်ခံစားခွင့်ပြုခဲ့

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊မိုင်းဆတ်မြို့ရှိ မိုင်းဆတ်အကျဉ်းထောင်၌ ပြစ်ဒဏ်ကျခံလျက်ရှိသည့် အကျဉ်းသား/သူများအနက် ၈၂ ဦးအား အ ထူးလျော့ရက်ခံစားခွင့်ပြုခဲ့ကြောင်း သိရသည်။

ထိုသို့ အကျဥ်းသား/သူများ အထူးလျော့ရက်ခံ စားခွင့်ပြုနိုင်ရန် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဟိန်းကျော်နှင့်တာဝန်ရှိသူများက စက် တင်ဘာ ၂၁ ရက်(ယနေ့)နံနက် ၁၀ နာရီက မိုင်းဆတ်အကျဥ်းထောင်သို့ သွားရောက်စစ်ဆေးခဲ့ကြသည်။

ထိုသို့ စစ်ဆေးပြီးနောက် အကျဉ်းဦးစီးဌာန၏ စည်းကမ်းချက်များနှင့်အညီလိုက်နာနေထိုင်သူ “က”အဆင့် ၆၁ ဦး၊ “ခ” အဆင့် ၁၂ ဦး၊ “ဂ”အ ဆင့် ၉ ဦး(စုစုပေါင်းအကျဉ်းသား/သူ ၈၂ ဦး)တို့အား အထူးလျော့ရက်ခံစားခွင့်ပြုခဲ့ခြင်းဖြစ် သည်။

အလားတူ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက ပြစ်ဒဏ်ကျခံနေသည့် အကျဉ်းသား/သူများအား မိမိတို့ကျူးလွန်ခဲ့သည့် ပြစ်မှုများအတွက် ပြစ် ဒဏ်ကျခံနေရစဉ် အကျဉ်းဦးစီးဌာနမှ ချမှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများကို လိုက်နာရန်၊ ကျန်းမာရေးဂရုစိုက်နေထိုင်ရန်၊ ပြစ်ဒဏ်ကျခံနေစဉ်အတွင်း တစ်ဦးနှင့်တစ်ဦးဖေးမကူညီစောင့်ရှောက်ပြီး စည်းလုံးညီညွတ်စွာနေထိုင်ရန်တို့အား မှာကြားခဲ့သည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*