အိန္ဒိယသည် သီရိလင်္ကာနှင့်ကြွေးမြီ ပေးဆပ်မှုပုံစံ ကို ပြန်လည်ပြင်ဆင်ရေးဆိုင်ရာဆွေးနွေးမှုစတင်

0
109

အိန္ဒိယသည် သီရိလင်္ကာနှင့်ကြွေးမြီ ပေးဆပ်မှုပုံစံ ကို ပြန်လည်ပြင်ဆင်ရေးဆိုင်ရာဆွေးနွေးမှုစတင်

နူးဒေလီ၊စက်တင်ဘာ ၂၀

အိန္ဒိယသည် ၎င်း၏ အစိုးရကြွေးမြီများ ပေးဆပ်မှုပုံစံက်ုပြန်လည်တည်ဆောက်ရေးနှင့်ပတ်သက်၍ သီရိလင်္ကာနှင့် ဆွေးနွေးနေကြောင်း ကိုလံဘိုမြို့ရှိ Indian မဟာမင်းကြီးကပြောကြားခဲ့သည်။ပထမအကြိမ်ဆွေးနွေးပွဲကို စက်တင်ဘာ ၁၆ ရက်က ပြုလုပ်ခဲ့သည်။

“ဆွေးနွေးမှုအတွင်းမှာ သီရိလင်္ကာအတွက်သင့်လျော်တဲ့ IMF ရဲ့အစီအစဉ်ကို စောစောစီးစီးကောက်ချက်ချ အတည်ပြုဖို့အတွက် အိန္ဒိယရဲ့ပံ့ပိုးကူညီမှုကို အထင်အရှားပြသပြီး ရင်းရင်းနှီးနှီးတွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ သီရိလင်္ကာရဲ့ကြွေးမြီတွေကို ရေရှည်အချိန်ယူဆပ်နိုင်ဖို့အတွက် မြီရှင်တွေဆီကအာမခံချက်ပေးတဲ့ ငွေကြေးလဲလိုအပ်ပါတယ်” ဟု ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ဆက်လက်၍လည်း အိန္ဒိယသည် သီရိလင်္ကာအရေးနှင့်ပတ်သက်၍ သက်ဆိုင်သူများနှင့်နီးနီးကပ်ကပ်ဆက်လက် ထိတွေ့ဆက်ဆံသွားမည်ဖြစ်သည်ဟုလည်းဖော်ပြထားသည်။

အိန္ဒိယသည် သွင်းကုန်ခရက်ဒစ်များ၊လဲလှယ်မှုများနှင့် ရွှေ့ဆိုင်းထားသောငွေပေးချေမှုများမှတစ်ဆင့် ဗဟိုဘဏ်ပံ့ပိုးကူညီမှုများအတွက် ကန်ဒေါ်လာ ၄ ဘီလီယံခန့်လည်းပေးအပ်ခဲ့သည်။

Source – EconomyNext
Photo credit – Reuters


LEAVE A REPLY

Please enter your comment!
Please enter your name here