သုဒြာထုတ်လုပ်ရေးမှ ရသမတူတဲ့ ဇာတ်ကားတွေ ရိုက်ကူးသွားမယ်ဆိုတဲ့ အိန္ဒြာကျော်ဇင်

0
97

eaindrakyawzin2-copy

အိန္ဒြာကျော်ဇင်ရဲ့ သုဒြာ ထုတ်လုပ်ရေးမှ ရိုက်ကူးတဲ့ ဒုတိယ မြောက် ရုပ်ရှင်ဇာတ်ကားအဖြစ် ‘တစ်နေ့ရွှေတစ်နေ့ငွေ’ ဆိုတဲ့ ဟာသရုပ်ရှင် ဇာတ် ကားကို ရိုက် ကူးခဲ့ပါတယ်။ ဒီဇာတ်ကားကို ဒါရိုက်တာ ကျော်ဇောလင်းက ရိုက်ကူးပုံဖော်တာဖြစ်ပြီး ရန်အောင်၊ မင်းမော်ကွန်း၊ အောင်ရဲလင်း၊ စိုးမြတ်သူဇာ၊ အိန္ဒြာကျော်ဇင်၊ ပိုင်ဖြိုးသု၊ ယွန်း ရွှေရည်နဲ့ သရုပ်ဆောင်များစွာ ပါဝင် သရုပ်ဆောင်ထားပါတယ်။ ပရိသတ် တွေအတွက် ရသမတူတဲ့ ဇာတ် လမ်းပုံစံတွေကို ရိုက်ကူးထုတ်လုပ် သွားမှာဖြစ်ကြောင်းကို အိန္ဒြာကျော်ဇင်က

“အဲဒီဇာတ်ကားက ဟာသဇာတ်ကားပါ။ သရုပ်ဆောင်အင်အား အများကြီးနဲ့ တည်ထားတယ်။ ဒီဇာတ်ကားလေးကိုကြည့်ရင် ပရိသတ် တွေပျော်ပျော်ရွှင်ရွှင် ရယ်ရယ်မောမောလေးကြည့်ပြီး ပြန်သွားရရင် ကျေနပ်ပါပြီ။ ဒီဇာတ်ကားမှာ ကိုရန်လေးတို့၊ မကြီး စိုးတို့ရဲ့ ပလော့ တွေကို တော်တော်လေး ရယ်စရာ ကောင်းေ အာင် ထည့်ထားတယ်။ ကိုကျော်ဇော လင်းကလည်း ဟာသပလော့တွေကို သေချာလေးစဉ်းစားထားတယ်။ အဓိက ကတော့ အစ်မရဲ့ ထုတ်လုပ်ရေးကနေ ရသမတူတဲ့Taste  အမျိုး မျိုးလေး ပေးရမှာပေါ့။ ဒရာမာလည်း ပါမယ်။  အက်ရှင်လည်း ပါမယ်။ ရိုမန့်လည်းပါမယ်။ ဟာသ လည်း ပါမယ်။Taste  အမျိုးအမျိုး လေး ပရိသတ်ကို ကြည့်စေချင် တဲ့ ဆန္ဒနဲ့ ရွေးချယ်ရိုက် ကူးဖြစ် ပါတယ်။ နောက်ထပ်လည်း ဇာတ်ကားတွေ ရိုက်ကူးဖို့ ရွေး ချယ်နေတုန်းပါပဲ။ ကိုယ်ကြိုက်တဲ့ ဇာတ် လမ်းတွေရှိတယ်။ တချို့ ကျတော့ ဒါရိုက် တာဆီမှာ ဇာတ် လမ်းရှိတယ်။ ပရိသတ်တွေ ကြိုက်နိုင်မယ့် ဇာတ်လမ်း တွေရှာပြီး ရိုက်ကူးဖို့ရှိပါ တယ်” လို့ပြော ပြပါ တယ်။

အိန္ဒြာကျော် ဇင် က တခြား ထုတ်လုပ်ရေး တွေနဲ့ဇာတ်ကား တွေ ရိုက်ကူးဖို့ကို လက်ခံထားပြီး ပြီ ဖြစ်ရာ တစ်လတစ် ကားနှုန်းနဲ့ ရိုက် ကူးသွား မှာဖြစ်ပါ တယ် ။ နိုဝင်ဘာလ မှာ စိန်ဌေး ရုပ်ရှင် ထုတ်လုပ်ရေးကစီစဉ် ပြီး ဒါရိုက်တာ မောင်မျိုးမင်း ရိုက်ကူးမယ့် ‘ကျွန်မအချစ် ဆုံး ယောက်ျားသုံး ယောက်’ ရုပ်ရှင်ဇာတ်ကားကို ရန် အောင်၊ ပြေတီဦး၊ မို့မို့မြင့် အောင် တို့နဲ့ ရိုက်ကူးဖို့ရှိပြီး ကိုရီးယား မင်းသမီးတစ် လက်လည်း ပါဝင်မှာ ဖြစ် ကြောင်း သိရပါတယ်။ ဒီဇင် ဘာလမှာတော့ Frenzo  ရုပ်ရှင်ထုတ်လုပ်ရေးက ရိုက်ကူးမယ့် ရုပ်ရှင်ဇာတ် ကားမှာ နေတိုးနဲ့အတူ သရုပ် ဆောင်မှာဖြစ်ပြီး ဇန်နဝါရီ လနဲ့ ဖေဖော်ဝါရီလ ထဲမှာ လည်း ဇာတ် ကားတွေရိုက် ကူးဖို့ လက်ခံထားကြောင်း သိရပါတယ်။

ခိုင်ဝေလွင်၊
ဓာတ်ပုံ-အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here