ကိုဗစ်ဒဏ်ခံရှန်ဟိုင်း၌ အခြေခံအဆောက်အဦများအတွက် ကန်ဒေါ်လာ ၂၅၇ ဘီလီယံတန်ဖိုးရှိပရောဂျက်များထုတ်ဖော်ပြသ

0
26

ကိုဗစ်ဒဏ်ခံရှန်ဟိုင်း၌ အခြေခံအဆောက်အဦများအတွက် ကန်ဒေါ်လာ ၂၅၇ ဘီလီယံတန်ဖိုးရှိပရောဂျက်များထုတ်ဖော်ပြသ

ပေကျင်း၊စက်တင်ဘာ ၂၀

တရုတ်နိုင်ငံ၏ စီးပွားရေးအချက်အချာကျသော ရှန်ဟိုင်းမြို့၌ ဧပြီလနှင့်မေလတို့တွင်မြို့အား ကိုဗစ်ပိတ်ဆို့မှုဒဏ်ခံရပြီးနောက် စက်တင်ဘာ ၂၀ ရက် အင်္ဂါနေ့တွင်စုစုပေါင်းရင်းနှီးမြှုပ်နှံမှု ယွမ် ၁ ဒသမ ၈ ထရီလီယံ(ကန်ဒေါ်လာ ၂၅၇ ဘီလီယံ) ဖြင့်အခြေခံအဆောက်အဦဆိုင်ရာ စီမံကိန်းရှစ်ခုကိုကြေငြာခဲ့သည်။

တရုတ်နိုင်ငံအကြီးဆုံးမြို့၏စီးပွားရေးသည် ဒုတိယသုံးလပတ်အတွင်း ၁၃ ဒသမ ၇ ရာခိုင်နှုန်းကျဆင်းခဲ့ပြီး၊တရုတ်နိုင်ငံ၏ပြည်နယ်အဆင့်ဒေသ ၃၁ ခုလုံး၌အဆိုးရွားဆုံးစွမ်းဆောင်ရည်ဖြစ်သည်။

ယခုနှစ်ပထမရှစ်လတွင် ရှန်ဟိုင်း၏အခြေခံအဆောက်အဦအတွက် ရင်းနှီးမြှုပ်နှံမှုသည် တစ်နိုင်ငံလုံးအတိုင်းအတာနှင့် ယှဉ်လျှင် ၂၇ ဒသမ ၄ ရာခိုင်နှုန်းကျဆင်းခဲ့ကြောင်း ဒေသတွင်းစာရင်းအင်းဗျူရိုက တနင်္လာနေ့ကဖော်ပြခဲ့သည်။

ယခုပြုလုပ်မည့် ပရောဂျက်ရှစ်ခုတွင် ရှန်ဟိုင်းအရှေ့ပိုင်း Pudong ဧရိယာရှိ သယ်ယူပို့ဆောင်ရေးအချက်အချာနေရာတစ်ခု၊မြို့ပြရထားလမ်းများနှင့်အိမ်ရာများဖွံ့ဖြိုးတိုးတက်ရေးအပြင် ကမ်းလွန်လေအားလျှပ်စစ်သရုပ်ပြစီမံကိန်းများနှင့် သဘာဝဥယျာဉ်တစ်ခုတို့ပါဝင်ကြောင်းရှန်ဟိုင်းမြူနီစီပယ်အစိုးရ၏ အင်္ဂါနေ့ကကြေငြာချက်တွင်ဖော်ပြထားသည်။

မကြာသေးမီလများအတွင်းရှန်ဟိုင်းတွင် အခြေခံအဆောက်အဦဆိုင်ရာရင်းနှီးမြှုပ်နှံမှုများ တိုးလာပြီး ဇွန်လလယ်မှစက်တင်ဘာလလယ်အထိ စီမံကိန်းကြီး ၅၉၇ ခုအတွက် ချုပ်ဆိုထားသောစာချုပ်များနှင့် ရင်းနှီးမြှုပ်နှံမှုယွမ် ၉၄၁ ဘီလီယံရှိပြီး ယင်းတို့အနက် ၂၉၆ ခုမှာဆောက်လုပ်ရေးလုပ်ငန်းများ စတင်နေပြီဖြစ်သည်ဟု မြူနီစီပယ်အစိုးရကပြောကြားခဲ့သည်။

မူဝါဒချမှတ်သူများသည် မေလနှောင်းပိုင်းကတည်းက စီးပွားရေးကိုပံ့ပိုးပေးသည့် အစီအမံပေါင်း ၅၀ ကျော်ကိုကြေငြာခဲ့ပြီး ယခုသုံးလပတ်သည်မူဝါဒပိုင်းဆိုင်ရာ လုပ်ဆောင်မှုအတွက်အရေးကြီးသောအချိန်ဖြစ်ကြောင်းအလေးပေးပြောကြားခဲ့သည်။

“တရုတ်နိုင်ငံ၏ အခြေခံအဆောက်အဦရင်းနှီးမြှုပ်နှံမှုသည် လာမည့်နှစ်များအတွင်း၌ နိုင်ငံ၏စီးပွားရေးနှေးကွေးမှုကိုလျော့ပါးစေပြီး အားကောင်းလာစေလိမ့်မည်” ဟု Moody’s မှလေ့လာသုံးသပ်သူများက မကြာသေးမီကမှတ်ချက်ပြုခဲ့ကြသည်။

Source -Reuters/hw


LEAVE A REPLY

Please enter your comment!
Please enter your name here