စဥ့်ကိုင်မြို့နယ်တွင် နွားစာအတွက် မြက်ရိတ်ပြီးပြန်လာသည့် အမျိုးသားတစ်ဦး သေနတ်ဖြင့်ပစ်သတ်ခံရ

စဥ့်ကိုင်မြို့နယ်တွင် နွားစာအတွက် မြက်ရိတ်ပြီးပြန်လာသည့် အမျိုးသားတစ်ဦး သေနတ်ဖြင့်ပစ်သတ်ခံရ
September 21, 2022 Popular Journal

စဥ့်ကိုင်မြို့နယ်တွင် နွားစာအတွက် မြက်ရိတ်ပြီးပြန်လာသည့် အမျိုးသားတစ်ဦး သေနတ်ဖြင့်ပစ်သတ်ခံရ

မန္တလေးတိုင်း၊စဥ့်ကိုင်မြို့နယ်၊မိုးကောင်းကျေး ရွာတွင် နွားစာအတွက် မြက်ရိတ်ပြီးပြန်လာသည့် ဦးမောင်ချို(ခ)ဦးခင်မောင်ချို(၅၁)နှစ်သည် စက် တင်ဘာ ၂၀ ရက်နံနက်ပိုင်းက သေနတ်ဖြင့်ပစ်သတ်ခံခဲ့ရကြောင်း သိရသည်။

ယင်းနေ့နံနက် ၁၁ နာရီခန့်က မိုးကောင်းကျေးရွာ ၏ ရှင်ပင်ချမ်းသာဘုရားအနီးတွင် ဆိုင်ကယ်စီးလာသည့် အမည်မသိအမျိုးသား ၂ ဦးသည် နွားစာအတွက် မြက်ရိတ်ကာဆိုင်ကယ်ဖြင့်ပြန်လာသည့် ဦးမောင်ချို(ခ)ဦးခင်မောင်ချိုအား နောက်မှမောင်းနှင်လိုက်ပါလာပြီးနောက် သေနတ်ဖြင့်ပစ် ခတ်ခဲ့ကြကြောင်း သိရသည်။

ထိုသို့ ပစ်ခတ်ခံရမှုကြောင့် ဦးမောင်ချို(ခ)ဦးခင်မောင်ချိုသည် ညာနားထင်၊ဘယ်မျက်လုံးအောက်၊နောက်ကျော၊ဘယ်ဂျိုင်းအောက်၊ဘယ်လက်ပြင်နှင့်လည်ပင်းတို့တွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာ၌ သေဆုံးသွားခဲ့ကြောင်း သိရသည်။

“ဘယ်အဖွဲ့အစည်းက ပစ်သတ်တာလဲဆိုတာကိုတော့ လက်ရှိစုံစမ်းရှာဖွေနေပါတယ် ကျည်ထိမှန်တဲ့ဒဏ်ရာတွေကိုကြည့်ရသလောက်တော့ မသေ မချင်းပစ်သတ်တဲ့အနေအထားပါ”ဟု လုံခြုံရေးအဖွဲ့နှင့်နီးစပ်သူတစ်ဦးကပြောသည်။

ထို့ကြောင့် ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရ မိရေးအတွက် လုံခြုံရေးအဖွဲ့ဝင်များက မိုး ကောင်းကျေးရွာနှင့်အနီးတဝိုက်တွင် ပိတ်ဆို့ရှာ ဖွေစစ်ဆေးမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*