သာကေတမြို့နယ် ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦးသေနတ်ဖြင့်ပစ်သတ်ခံရ

သာကေတမြို့နယ် ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦးသေနတ်ဖြင့်ပစ်သတ်ခံရ
September 21, 2022 Popular Journal

သာကေတမြို့နယ် ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦးသေနတ်ဖြင့်ပစ်သတ်ခံရ

ရန်ကုန်တိုင်း၊သာကေတမြို့နယ်၊ ၄/မြောက်ရပ် ကွက်၏ ရပ်ကွက်အုပ်ချုပ်ရေးမှူးဦးဝင်းဗိုလ်သည် စက်တင်ဘာ ၂၀ ရက်ညပိုင်းက လဖက်ရည်ဆိုင်ထိုင်နေစဥ် သေနတ်ဖြင့်ပစ်သတ်ခံခဲ့ရကြောင်း သိရသည်။

ယင်းနေ့ည ၇ နာရီခွဲခန့်က အမည်မသိအမျိုးသားများသည် ၄/မြောက်ရပ်ကွက်၊အောင်ဇေယျလမ်းနှင့်အောင်ရတနာလမ်းထောင့်ရှိ “ရိုးရိုးလေး”လဖက်ရည်ဆိုင်တွင်ထိုင်နေသည့် ရပ်ကွက်အုပ်ချုပ်ရေးမှူးဦးဝင်းဗိုလ်အား သေနတ်ဖြင့်ဝင်ရောက်ပစ်ခတ်ခဲ့ကြသည်။

ထိုသို့ ပစ်ခတ်ခံရမှုကြောင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးဦးဝင်းဗိုလ်၌ ကျည်ထိမှန်ဒဏ်ရာများရရှိ၍ အခင်းဖြစ်နေရာ၌ သေဆုံးသွားခဲ့သဖြင့် ရုပ်အလောင်းအား ဆေးရုံသို့ပို့ဆောင်ခဲ့ကြကြောင်း သိရသည်။

“အုပ်ချုပ်ရေးမှူးကို လဖက်ရည်ဆိုင်ထဲဝင်ပစ်ပြီး ပြန်ထွက်ပြေးသွားကြတာ အုပ်ချုပ်ရေးမှူးမှာပါလာတဲ့ ပစ္စည်းတွေလည်းယူသွားကြတယ်”ဟု ၄/မြောက်ရပ်ကွက်နေသူတစ်ဦးကပြောသည်။

၄/မြောက်ရပ်ကွက်အုပ်ချုပ်ရေးမှူးဦးဝင်းဗိုလ်အား Soul Takers- Yangon Underground Force မှ တော်လှန်ရေးအင်အားစုများ၊အနီးပတ်ဝန်း ကျင်ရှိ UG အဖွဲ့များအားစုံစမ်း၍ လုံခြုံရေးအဖွဲ့ဝင်များထံအကြောင်းကြားကာ လိုက်လံညွှန်ပြ ဖမ်းဆီးစေခြင်း၊ဝင်ရောက်စီးနင်းမှုများအား ကူ ညီပေးခြင်းများကို ဦးဆောင်ပြုလုပ်ခဲ့သဖြင့် သေ နတ်ဖြင့် ၉ ချက်ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းတို့၏လူမှုကွန်ယက်စာမျက်နှာ၌ရေးသားထား သည်။

အလားတူ ရပ်ကွက်အုပ်ချုပ်ရေးမှူးဦးဝင်းဗိုလ်၏ အိတ်ထဲမှ နံပါတ်တုတ်၊စကားပြောစက်၊စာရွက် စာတမ်းများနဲ့လုံခြုံရေးအဖွဲ့ဝင်များအသုံးပြုသည့် ဖုန်းတစ်လုံးတို့ကိုလည်း သိမ်းဆည်းရမိခဲ့သည်ဟု ရေးသားထားသည်။

လုံခြုံရေးအဖွဲ့ဝင်များက ပြစ်မှုကျူး လွန်သူများအား ဖမ်းဆီးရမိရေးအတွက် ပိတ်ဆို့ရှာဖွေစစ်ဆေးမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*