ပြည်တွင်း ရွှေဈေးနှင့် ဒေါ်လာဈေးနှုန်းများ ပြန်လည်ကျဆင်းလာ

ပြည်တွင်း ရွှေဈေးနှင့် ဒေါ်လာဈေးနှုန်းများ ပြန်လည်ကျဆင်းလာ
September 20, 2022 Popular Journal

ပြည်တွင်း ရွှေဈေးနှင့် ဒေါ်လာဈေးနှုန်းများ ပြန်လည်ကျဆင်းလာ

ပြီးခဲ့သည့်လအတွင်း ပြည်တွင်းဈေးကွက်၌ စံချိန်တင် မြ င့်တက်ခဲ့သည့် ပြည်တွင်း ရွှေဈေးနှုန်းနှင့် ဒေါ်လာဈေးနှု န်းမှာ ယခုတစ်ပတ်အတွင်း ဆက်တိုက်ပြန်လည်ကျဆင်း လာ​နေသည်။

ယနေ့ စက်တင်ဘာလ (၂၀) ရက် ညနေပိုင်း ပြည်တွင်း ဈေးကွက်တွင် အခေါက်ရွှေ (၁) ကျပ်သားလျင် (၂၇) သိန်းဝန်းကျင်သာရှိတော့ပြီး (၁) ရက်အတွင်း ကျပ် (၁၅၀၀၀၀) ဝန်းကျင် ထပ်မံ ကျဆင်းခဲ့ခြင်း ဖြစ်သည်။

ဈေးကွက်အတွင်း အဝယ်ဈေးနှုန်းမှာ ယနေ့ ညနေ (၃) နာ ရီခွဲဝန်းကျင် ပေါက်ဈေးအရ (၂၆၅၀၀၀၀) ဝန်းကျင်ဖြစ် ကြောင်း ဈေးကွက်အတွင်း ရွှေအရောင်းအဝယ် ပြုလုပ်သူများထံမှ သိရသည်။

ထို့အပြင် (၁၅) ပဲရည် ရွှေဈေးနှုန်းမှာ (၁) ကျပ်သားလျင် (၂၅၅၀၀၀၀) ကျပ်ဝန်းကျင်ဖြင့် ရောင်းချပေးနေကြောင်း ဈေးကွက်အတွင်းရှိ ရွှေအရောင်းဆိုင်များထံမှ သိရသ ည်။

အလားတူ နိုင်ငံခြားငွေလဲဈေးကွက်တွင်လည်း အမေရိကန် (၁) ဒေါ်လာလျင် မြန်မာကျပ်ငွေ (၃၀၀၀) ဝန်းကျင်သာ ရှိတော့ကြောင်း ဒေါ်လာအရောင်းအဝယ်ပြုလုပ်သူ များထံက သိရသည်။

ပြီးခဲ့သည့် ဩဂုတ်လအတွင်းက ဈေးကွက်တွင် ရွှေဈေးနှင့် ဒေါ်လာဈေးနှုန်းပါ စံချိန်တင် မြင့်တက်ခဲ့ရာ အခေါ က် ရွှေ (၁) ကျပ်သားလျင် (၃၇) သိန်းဝန်းကျင်နှင့် အမေရိကန် (၁) ဒေါ်လာလျင် (၄၅၀၀) ကျပ်အထိ မြင့်တက်သွားခြင်း ဖြစ်သည်။

ယင်းကဲ့သို့ ရွှေဈေးနှင့် ဒေါ်လာဈေးများ မြင့်တက်ရမှုမှာ ဝိသမလောဘသားများ၏ ဈေးကစားမှုများအပါအဝင် စီး ပွားရေးသမားများ၏ အချိန်အခါကိုက် ချယ်လှယ်မှုများကြောင့် ဖြစ်ကြောင်း သုံးသပ်မှုများလည်း ရှိသည်။

“တော်တော်များများက ခိုင်သွားကြပြီလေ။ ဒီအချိန်မှာ ဘယ်သူမှ အမိုက်ခံပြီး ဝင်မကစားကြတော့ဘူးလေ။ အဲဒီတော့ ဈေးတွေက ထပ်ကျဖို့ပဲရှိတယ်။ မယုံရင်စောင့်ကြည့်နေ။ အတိုင်းအတာ တစ်ခုအထိ ထပ်ကျလိမ့်ဦးမယ်” ဟု ပြည်တွင်းစီးပွားရေးလုပ်ငန်းလောကမှ လုပ်ငန်းရှင်တစ်ဦးက ပြောသည်။

လက်ရှိတွင် တက်ဈေးဖြင့် ဝယ်မိထားပြီး လက်ရှိအချိန်ထိ ပိုက်မိနေသည့် ရွှေနှင့် ဒေါ်လာဝယ်ယူထားသူများ များစွာရှိနေပြီး ၎င်းတို့အနေဖြင့် ဈေးကွက်၏ နေ့စဉ် အ ပြောင်းအလဲ နှုန်း အပေါ်ကို သေချာစွာ စောင့်ကြည့်ပြီး အရောင်းအဝယ် ပြုလုပ်သင့်ကြောင်းလည်း ၎င်းက အကြံပေးသည်။

လက်ရှိ ဈေးကွက်အပြောင်းအလဲ ဖြစ်ပေါ်နေမှုအခြေအ နေအရ လတ်တလောတွင် ရွှေဈေးနှင့် ဒေါ်လာဈေး ပြန်တက်လာမည့် အရိပ်အယောင်မမြင်ရဘဲ ထပ်မံကျဆင်းရန်သာရှိနေကြောင်း ၎င်း၏ ပြောကြားချက်အရ သိရသ ည်။

ယနေ့ ရန်ကုန်ရွှေအသင်း၏ ရည်ညွှန်းဈေးနှုန်းမှာ အခေါ က်ရွှေ (၁) ကျပ်သားလျင် (၁၉၆၈၀၀၀) ကျပ်ဖြစ်ပြီး ဗဟိုဘဏ်၏ ရည်ညွှန်းငွေလဲဈေးနှုန်းမှာ အမေရိကန် (၁) ဒေါ် လာလျင် (၂၁၀၀) ကျပ် ဖြစ်သည်။

ပြည်တွင်း ရွှေတူးဖော်‌ခြင်း လုပ်ငန်းတွင်လည်း လာမည့် ဒီဇင်ဘာလအတွင်း လုပ်ငန်းများ ပြန်လည်စတင်တော့မည် ဖြစ်သည့်အတွက် ရွှေအမြောက်အများ ထွက်လာမည်ဖြစ်ကာ ဈေးကွက်အတွင်း ရွှေကုန်ကြမ်းပြတ်တော က်မည်ကို စိုးရိမ်စရာ မရှိကြောင်းလည်း ရန်ကုန်ရွှေအသင်းမှ သိရသည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*