ရုရှားနိုင်ငံမှတင်သွင်းလာသည့် စက်သုံးဆီများအား ပြည်သူလူထုနှင့်သက်ဆိုင်သည့် သယ်ယူပို့ဆောင်ရေးလုပ်ငန်းများအတွက် အဓိကထားဖြည့်ဆည်းပေးသွားမည်

ရုရှားနိုင်ငံမှတင်သွင်းလာသည့် စက်သုံးဆီများအား ပြည်သူလူထုနှင့်သက်ဆိုင်သည့် သယ်ယူပို့ဆောင်ရေးလုပ်ငန်းများအတွက် အဓိကထားဖြည့်ဆည်းပေးသွားမည်
September 20, 2022 Popular Journal

ရုရှားနိုင်ငံမှတင်သွင်းလာသည့် စက်သုံးဆီများအား ပြည်သူလူထုနှင့်သက်ဆိုင်သည့် သယ်ယူပို့ဆောင်ရေးလုပ်ငန်းများအတွက် အဓိကထားဖြည့်ဆည်းပေးသွားမည်

ရုရှားနိုင်ငံမှ တင်သွင်းလာသည့် စက်သုံးဆီများကို အဓိကထားဖြည့်ဆည်းပေးသွားမည့်နေရာများနှင့်ပတ်သက်၍ စက်တင်ဘာ ၂၀ ရက်နေ့လည် ၁ နာရီက နေပြည်တော်၌ပြုလုပ်သည့် နစ က သတင်းထုတ်ပြန်ရေးအဖွဲ့၏ အကြိမ် ၂၀ မြောက် သတင်းစာရှင်းလင်းပွဲ၌ အဖွဲ့ခေါင်း ဆောင်ဗိုလ်ချုပ်ဇော်မင်းထွန်းကပြောကြားခဲ့ခြင်းဖြစ်သည်။

“ရုရှားနိုင်ငံကတင်သွင်းလာတဲ့ စက်သုံးဆီတွေကို ဌာနဆိုင်ရာတွေ ပြည်သူလူထုနဲ့သက်ဆိုင်တဲ့ သယ်ယူပို့ဆောင်ရေးလုပ်ငန်းတွေ အဓိကထားပြီးဖြည့်ဆည်းပေးသွားမှာပါ”ဟု ဗိုလ််ချုပ်ဇော်မင်းထွန်းကပြောသည်။

ပြည်သူလူထုနှင့်သက်ဆိုင်သည့် သယ်ယူပို့ ဆောင်ရေးလုပ်ငန်းများဖြစ်သည့် ခရီးသည်တင်ကားများ၊ ရထားလိုင်းများနှင့်ကုန်စည်ကူးသန်း ရောင်းဝယ်ရာ၌ ပြည်သူများနှင့်သက်ဆိုင်သည့် နေရာများအား အဓိကဖြည့်ဆည်းပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အလားတူ ပိတ်ဆို့ခံရမှုများရှိနေသည့် စိုက်ပျိုး ရေးလုပ်ငန်းများ၌ အသုံးပြုသည့် ဓာတ်မြေသြဇာအား ရုရှားနိုင်ငံမှတင်သွင်းနိုင်ရန်လည်း နား လည်မှုစာချွန်လွှာလက်မှတ်ရေးထိုးပြီးဖြစ်သည်ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းကပြောသည်။

“ရုရှားနိုင်ငံကနေ ဓာတ်မြေသြဇာတင်သွင်းဖို့ နား လည်မှုစာချွန်လွှာလက်မှတ်ထိုးပြီးဖြစ်ပါတယ် ဒါကိုလည်းကျွန်တော်တို့က ဆက်လက်ဆောင်ရွက်သွားမှာပါ”ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းကပြော သည်။

ထို့ပြင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ကုန်စျေးနှုန်းကြီးမြင့်မှုကြောင့် အမှန်တကယ်ခက်ခဲကျပ် တည်းနေသူများအား တပ်မတော်၊တိုင်းနှင့်ပြည် နယ်အစိုးရအဖွဲ့များမှဦးဆောင်၍ ကူညီထောက်ပံ့ပေးခြင်း၊အခြေခံစားသောက်ကုန်များအား စျေးနှုန်းသက်သာစွာဖြင့် လိုက်လံရောင်းချပေးခြင်းများ ပြုလုပ်ပေးလျက်ရှိသည်ဟု ပြောသည်။

“ကုန်စျေးနှုန်းနဲ့ပတ်သက်ရင် အခြေခံစားသောက် ကုန်တွေ စျေးနှုန်းတည်ငြိမ်ရေးအတွက် စား သောက်ကုန်လုပ်ငန်းထုတ်လုပ်တဲ့ လုပ်ငန်းတွေမှာထိရောက်အောင် ထုတ်လုပ်နိုင်ဖို့အတွက် သူတို့ရဲ့သွင်းအားစုတွေကိုလည်း စျေးနှုန်းသက်သာစွာနဲ့ရရှိအောင် ဆောင်ရွက်ပေးသွားမှာပါ”ဟု ဗိုလ် ချုပ်ဇော်မင်းထွန်းကပြောသည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*