ပုလောမြို့နယ်တွင် အဝေးပြေးခရီးသည်တင်ကားမောင်းသူတစ်ဦး သေနတ်ဖြင့်ပစ်ခတ်ခံရ

ပုလောမြို့နယ်တွင် အဝေးပြေးခရီးသည်တင်ကားမောင်းသူတစ်ဦး သေနတ်ဖြင့်ပစ်ခတ်ခံရ
September 20, 2022 Popular Journal

ပုလောမြို့နယ်တွင် အဝေးပြေးခရီးသည်တင်ကားမောင်းသူတစ်ဦး သေနတ်ဖြင့်ပစ်ခတ်ခံရ

တနင်္သာရီတိုင်း၊ပုလောမြို့နယ်၊ကဒဲကျေးရွာအနီးတွင် စက်တင်ဘာ ၂၀ ရက်(ယနေ့)မွန်းတည်းပိုင်းက အသက်(၃၅)နှစ်ကျော်ခန့်ရှိ ခရီးသည်တင်ကားမောင်းသူတစ်ဦး သေနတ်ဖြင့်ပစ်ခတ်ခံခဲ့ရကြောင်း ထားဝယ်မြို့နယ်ကြက်ခြေနီအသင်းခွဲမှ သိရသည်။

ယနေ့မွန်းတည့် ၁၂ နာရီခွဲခန့်က ကဒဲကျေးရွာအနီးတွင် ကော့သောင်းမြို့ဘက်မှထားဝယ်မြို့ဘက်သို့ မောင်းနှင်လာသည့် ခရီးသည်တင်ကား၏ ကားမောင်းသူမှာသေနတ်ဖြင့်ပစ်ခတ်ခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

“ဖြစ်စဥ်အသေးစိတ်ကိုတော့မသိပါဘူး ကျွန် တော်တို့က ထားဝယ်ကနေ မြိတ်ကိုသင်တန်းတက်ဖို့လာရင်းနဲ့ ဖြစ်စဥ်ကိုတွေ့တာ ကျွန်တော်တို့တွေ့တဲ့အချိန်မှာ ကားမှာပါလာတဲ့သူ့လူတစ်ယောက်က ဒဏ်ရာကိုစည်းပေးထားတာတွေ့တယ် ဒါ့ကြောင့် ကျွန်တော်တို့က ဆေးရုံကိုပို့ပေးခဲ့တာပါ”ဟု ထားဝယ်မြို့နယ်ကြက်ခြေနီအသင်းခွဲမှတာဝန်ရှိသူတစ်ဦးကပြောသည်။

ကျည်ထိမှန်ဒဏ်ရာရရှိထားသည့် ခရီးသည်တင်ကားမောင်းသူအား ထားဝယ်မြို့နယ်ကြက်ခြေနီ အသင်းခွဲ၏ လူနာတင်ကားဖြင့် ပုလောမြို့နယ်ပြည်သူ့ဆေးရုံသို့ ဆေးကုသမှုခံယူရန် ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

“ကျည်ထိမှန်ဒဏ်ရာက စိုးရိမ်ရလား မစိုးရိမ်ရလားဆိုတာနဲ့ လက်ရှိအခြေအနေကိုတော့ ကျွန် တော်တို့လည်း မသိပါဘူး ကျွန်တော်တို့ကလည်း သင်တန်းတက်ရမှာဆိုတော့ လူနာကိုဆေးရုံပို့ပြီးတာနဲ့ ဆက်သွားရတာကြောင့်ပါ”ဟု ထားဝယ်မြို့ နယ်ကြက်ခြေနီအသင်းခွဲမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

Photo-ထားဝယ်မြို့နယ်ကြက်ခြေနီအသင်းခွဲ

 

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*