ရွှေဒင်္ဂါပြား စုစုပေါင်း (၄၅၅) ကျပ်သား ရောင်းချပြီးဖြစ်ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်း ပြော

ရွှေဒင်္ဂါပြား စုစုပေါင်း (၄၅၅) ကျပ်သား ရောင်းချပြီးဖြစ်ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်း ပြော
September 20, 2022 Popular Journal

ရွှေဒင်္ဂါပြား စုစုပေါင်း (၄၅၅) ကျပ်သား ရောင်းချပြီးဖြစ်ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်း ပြော

သယံဇာတနှင့် သတ္ထုတွင်းဝန်ကြီးဌာနက ရွှေဒင်္ဂါးပြားများ ရောင်းချပေးလျက်ရှိရာ စက်တင်ဘာလ (၁၆) ရက်အထိ (၄၅၅.၇၅) ကျပ်သား ရောင်းချခဲ့ပြီးဖြစ်ကြော င်း သိရသည်။

စက်တင်ဘာလ(၂၀) ရက်က နေပြည်တော်တွင်ပြုလုပ်သ ည့်အစိုးရအဖွဲ့ သတင်းစာရှင်းလင်းပွဲတွင် နစက ပြောရေး ဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားခဲ့ခြင်းဖြ စ် သည်။

” (၁၆) ရက်နေ့အထိကို အလေးချိန်ကတော့ (၄၅၅.၇၅) ကျပ်သား ရောင်းချခဲ့ပြီး ဖြစ်ပါတယ်” ဟု ဗိုလ်ချုပ် ဇော်မင်း ထွန်းက ပြောသည်။

ရွှေဒင်္ဂါး ရောင်းချမှု အစီအစဉ်တွင် ဝယ်ယူသူ များ အနေဖြင့် နိုင်ငံသား စိစစ်ရေးကတ်ပြားပြသပြီး တစ်လုံးတည်း ငွေပေးချေမှု စနစ်ဖြင့် ဝယ်ယူနိုင်ကြောင်းလည်း သိရသည်။

အဆိုပါ ရွှေဒင်္ဂါးပြား ရောင်းချမှု အစီအစဥ်သည် ပြည်တွင်း ရွှေဈေးနှုန်း မြင့်တက်မှုကို ထိန်း‌ချုပ်နိုင်ရန် အစိုး ရ၏ ဝင်ရောက်ထိန်းကြောင်းမှု ဖြစ်ပြီး ကမ္ဘာ့ရွှေဈေး အ တက်အကျပေါ်မူတည်၍ ဈေးနှုန်း အတက်အကျရှိ‌နိုင်ကြောင်း သိရသည်။

ယင်းသို့ ရောင်းချရာတွင် (၁) ကျပ်သား ၊ (၅) မူးသား၊ (၁) မတ်သား စသဖြင့် မိမိကြိုက်နှစ်သက်သလို လွယ်လင့်တ ကူ ဝယ်ယူရရှိနိုင်ကြောင်းလည်း သိရသည်။

ဈေးနှုန်းများအနေဖြင့် စတင်ရောင်းချသည့်ရက်တွင် (၁) ကျပ်သားလျင် (၂၉၅၀၀၀၀) ကျပ်၊ စက်တင်ဘာ (၁၃) ရ က်အထိ (၂၈၅၀၀၀၀) ကျပ်၊ (၁၄) ရက်မှ (၁၆) ရက် အ ထိ(၂၈) သိန်းကျပ်ဖြင့် ရောင်းချပေးခဲ့ကြောင်း သိရသ ည်။

အဆိုပါ ရွှေဒင်္ဂါ ရောင်းချပေးမှုအစီအစဉ်ကို လတ်တလောတွင် နေပြည်တော်၌သာ ရောင်းချပေးသွားဦးမည်ဖြစ်ပြီး အခြားနေရာများတွင် ရောင်းချရန်မရှိသေးကြော င်းလည်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသွားသည် ။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*