ပေါင်မြို့ရှိ “လမင်းတစ်ရာ”ရတနာရွှေဆိုင်အား အမျိုးသား ၂ ဦးက ဝင်ရောက်လုယက်ခဲ့

မွန်ပြည်နယ်၊ပေါင်မြို့၊ကဒါရပ်ကွက်၊အောက် လမ်းမရှိ “လမင်းတစ်ရာ”ရတနာရွှေဆိုင်အား အ မျိုးသား ၂ ဦးက စက်တင်ဘာ ၂၀ ရက်(ယနေ့)နေ့လည်ပိုင်းက ဝင်ရောက်လုယက်ခဲ့ကြကြောင်း သိရသည်။
ယနေ့နေ့လည် ၁ နာရီ ၄၅ မိနစ်ခန့်က ဆိုင်ကယ်စီးလာသည့် အမည်မသိအမျိုးသား ၂ ဦးသည် “လမင်းတစ်ရာ”ရတနာရွှေဆိုင်သို့ ရောက်ရှိလာကာ ရွှေထည်ပစ္စည်းများထည့်ထားသည့် မှန်ပုံးအရိုက်ခွဲ၍ ရွှေလော့ကတ်ပြားများအား လုယက်ယူ ဆောင်သွားခဲ့ကြသည်။
ထိုသို့ လုယက်ယူဆောင်သွားပြီးနောက် ဆိုင်ကယ်ဖြင့် ပေါင်းရပ်ကွက်ဘက်သို့ မောင်းနှင်ထွက်ပြေးသွားခဲ့ကြကြောင်း သိရသည်။
“ရွှေထည်တွေထည့်ထားတဲ့မှန်ပုံးကိုရိုက်ခွဲပြီး ရွှေလော့ကတ်ပြားတွေကိုလုယူသွားကြတယ် ၅ သိန်းဖိုးလောက်တော့ပါသွားတယ် အဲဒီလုယက်တဲ့လူ ၂ ယောက်ထဲကတစ်ယောက်က မှန်ပုံးထဲကိုနှိုက်ယူတဲ့အချိန် ကွဲနေတဲ့မှန်စနဲ့သူ့လက်ရှသွားတယ်”ဟု ကဒါရပ်ကွက်နေသူတစ်ဦးကပြော သည်။
ဖြစ်စဥ်အား လုံခြုံရေးအဖွဲ့ဝင်များက လာရောက်စစ်ဆေး၍ ပြစ်မှုကျူးလွန်သူ ၂ ဦးအား ဖမ်းဆီးရမိရန် ဆိုင်အတွင်းရှိ CCTV မှတ်တမ်းများအား ကြည့်ရှုစစ်ဆေးလျက်ရှိကြောင်း သိရသည်။