ဖားကန့်မြို့နယ်တွင် ပြည်သူ့စစ်ခေါင်းဆောင်တစ်ဦး နေအိမ်ခြံဝ၌ သေနတ်ဖြင့်ပစ်သတ်ခံရ

ဖားကန့်မြို့နယ်တွင် ပြည်သူ့စစ်ခေါင်းဆောင်တစ်ဦး နေအိမ်ခြံဝ၌ သေနတ်ဖြင့်ပစ်သတ်ခံရ
September 20, 2022 Popular Journal

ဖားကန့်မြို့နယ်တွင် ပြည်သူ့စစ်ခေါင်းဆောင်တစ်ဦး နေအိမ်ခြံဝ၌ သေနတ်ဖြင့်ပစ်သတ်ခံရ

ကချင်ပြည်နယ်၊ဖားကန့်မြို့နယ်၊နန့်ယားကျေးရွာတွင် စက်တင်ဘာ ၂၀ ရက်(ယနေ့)နံနက်ပိုင်းက နန့်ယားပြည်သူ့စစ်ခေါင်းဆောင်တစ်ဦးဖြစ်သည့် ဦးထွန်းထွန်းဦးသည် နေအိမ်ခြံဝ၌ သေနတ်ဖြင့်ပစ်သတ်ခံခဲ့ရသည်ဟု သိရသည်။

ယနေ့နံနက် ၇ နာရီခွဲကျော်ခန့်က ဆိုင်ကယ်စီးလာသည့် အမည်မသိအမျိုးသားများသည် ညကင်းစောင့်၍နေအိမ်သို့ပြန်လာသည့် ဦးထွန်းထွန်းဦးအားခြံဝတွင် သေနတ်ဖြင့်ပစ်ခတ်၍ ၎င်း၏သေနတ်အားယူဆောင်ကာ ထွက်ပြေးသွားခဲ့ကြကြောင်း သိရသည်။

ထိုသို့ သေနတ်ဖြင့်ပတ်ခတ်ခံရမှုကြောင့် ဦးထွန်းထွန်းဦးတွင် ကျည်ထိမှန်ဒဏ်ရာ ၆ ချက်ခန့်ရရှိကာ အခင်းဖြစ်နေရာ၌ သေဆုံးသွားခဲ့ကြောင်း သိရသည်။

“သူက ညဘက်ကင်းစောင့်ပြီး မနက်ပိုင်းအိမ်ကိုပြန်လာတဲ့အချိန်မှာဖြစ်သွားတာ သူပြန်အလာကို စောင့်ပြီးဝင်ပစ်လိုက်တဲ့သဘောပါ ပစ်ပြီးပြီးချင်း ဦးထွန်းထွန်းဦးကိုင်တဲ့သေနတ်ကိုလုယူပြီး ထွက် ပြေးသွားကြတယ်”ဟု ဒေသခံတစ်ဦးကပြော သည်။

ဖြစ်စဥ်မှုပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိရေးအတွက် လုံခြုံရေးအဖွဲ့ဝင်များက နန့်ယားကျေးရွာအတွင်း၌ စစ်ဆေးမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*