မုံရွာမြို့တွင် အမျိုးသားတစ်ဦး နေအိမ်၌သေ နတ်ဖြင့်ပစ်သတ်ခံခဲ့ရ
စစ်ကိုင်းတိုင်း၊မုံရွာမြို့၊နန္ဒဝန်ရပ်ကွက်တွင် နေ ထိုင်သည့် ဦးထွန်းထွန်းဝင်း(၄၂)နှစ်သည် စက် တင်ဘာ ၁၉ ရက်ညပိုင်းက နေအိမ်၌သေနတ်ဖြင့်ပစ်သတ်ခံခဲ့ရကြောင်း သိရသည်။
ယင်းနေ့ည ၉ နာရီကျော်ခန့်က အမည်မသိအမျိုး သားများသည် နန္ဒဝန်ရပ်ကွက်ရှိ နေအိမ်တွင်ရှိနေသည့် ဦးထွန်းထွန်းဝင်းအား သေနတ်ဖြင့်လာရောက်ပစ်ခတ်၍ ထွက်ပြေးသွားခဲ့ကြကြောင်း သိရသည်။
ထိုသို့ ပစ်ခတ်ခံရမှုကြောင့် ဦးထွန်းထွန်းဝင်း၏ ဦးခေါင်း၌ကျည်ထိမှန်ဒဏ်ရာရရှိကာ အခင်းဖြစ်နေရာ၌သေဆုံးသွားခဲ့ကြောင်း သိရသည်။
“ကိုထွန်းထွန်းဝင်းက အိမ်ထဲမှာကလေးနှစ်ယောက်နဲ့ရှိနေတုန်းအပစ်ခံလိုက်ရတာပါ သူ့အမျိုးသမီးကတော့ အိမ်နောက်ဖက်ရောက်နေတယ် အခင်းဖြစ်တဲ့အချိန်က ရဲတွေရဲ့စစ်ဆေးချက်အရကတော့ လက်လုပ်သေနတ်နဲ့ပစ်ခံလိုက်ရတာလို့ပြောတယ်”ဟု ရုပ်အလောင်းအား ကူညီသယ်ဆောင်ပေးခဲ့သည့် လူမှုကူညီရေးအသင်း ဝင်တစ်ဦးကပြောသည်။
ဖြစ်စဥ်မှသေဆုံးသူ၏ ရုပ်အလောင်းအား လူမှုကူညီရေးအသင်းကားဖြင် မုံရွာမြို့ပြည်သူ့ဆေးရုံကြီးရင်ခွဲရုံသို့ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။
“ကိုထွန်းထွန်းဝင်းမှာ အသက်(၁၁)နှစ်နဲ့(၅)နှစ် သားလေးနှစ်ယောက်ကျန်ခဲ့တယ် ကလေးနှစ်ယောက်ရှေ့မှာတင် ပစ်သတ်ခံခဲ့ရတာပါ ဒီနေ့ (စက်တင်ဘာ ၂၀ ရက်)နေ့လည်ပိုင်းမှာ ကျွန် တော်တို့အသင်းက ကိုထွန်းထွန်းဝင်းရဲ့ရုပ်အ လောင်းကို သဂြိုလ်ပေးသွားမှာပါ”ဟုလူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။
ဖြစ်စဥ်မှပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိရေးအတွက် လုံခြုံရေးအဖွဲ့ဝင်များက ပိတ်ဆို့ရှာ ဖွေစစ်ဆေးမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။
မုံရွာမြို့တွင် စက်တင်ဘာ ၁၉ ရက်တစ်ရက်တည်း၌ပင် သေနတ်ပစ်ခတ်ခံရခြင်း၊မိုင်းပေါက် ကွဲခြင်း၊မတော်တဆဖြစ်ပွားမှုနှင့်လုယက်သတ်ဖြစ်ခံရခြင်းတို့ကြောင့် သေဆုံးသူနှင့်ထိခိုက်ဒဏ် ရာရရှိသူ ၉ ဦးခန့်ရှိခဲ့သည်ဟု သိရသည်။