သီပေါမြို့နယ်တွင် ကိုယ်ပိုင်ကားပေါ်မှ ငွေကျပ်သိန်း ၆၆ဝဝ တန်ဖိုးရှိ ဘိန်းဖြူများဖမ်းမိ

သီပေါမြို့နယ်တွင် ကိုယ်ပိုင်ကားပေါ်မှ ငွေကျပ်သိန်း ၆၆ဝဝ တန်ဖိုးရှိ ဘိန်းဖြူများဖမ်းမိ
September 20, 2022 Popular Journal

သီပေါမြို့နယ်တွင် ကိုယ်ပိုင်ကားပေါ်မှ ငွေကျပ်သိန်း ၆၆ဝဝ တန်ဖိုးရှိ ဘိန်းဖြူများဖမ်းမိ

ရှမ်းပြည်နယ်၊သီပေါမြို့နယ်၊သီပေါ-နမ့်လန်သွားကားလမ်းတွင် စက်တင်ဘာ ၁၆ ရက်နံနက်ပိုင်းက ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့မှသိရသည်။

ယင်းနေ့နံနက် ၁၀ နာရီခန့်က မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်းအဖွဲ့သည် သီပေါ-နမ့်လန်သွားကားလမ်း၊ ခိုလုံကျေးရွာ၊(၉)မိုင်လမ်းခွဲတွင် ဇော်လတ်(ခ)အ သေးလေး မောင်းလာသည့် VOXY ကားအား သတင်းအရတားဆီးစစ်ဆေးခဲ့ကြသည်။

ထိုသို့ စစ်ဆေးရာကားပေါ်တွင် ရှမ်းပြည်နယ် (မြောက်ပိုင်း)မှမန္တလေးတိုင်းသို့သယ်လာသည့် ငွေကျပ်သိန်း ၆၆၀၀ တန်ဖိုးရှိ ဘိန်းဖြူ(၄၄ ကီလို) အား ဖမ်းဆီးရမိခဲ့သည်ဟု ရဲတပ်ဖွဲ့မှသိရသည်။

အလားတူ ဖမ်းဆီးရမိသူအားစစ်ဆေးရာ ဘိန်း ဖြူများသယ်ဆောင်ရာတွင် ပူးပေါင်းပါဝင်သည့် ချမ်းသာ အားနောင်ချိုမြို့တွင် ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ထို့ကြောင့် ဖမ်းဆီးရမိသူ ၂ ဦးအား မူးယစ်ဆေး ဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင် ရာဥပဒေအရအရေးယူကာ ဆက်စပ်ပြစ်မှုကျူး လွန်သူများအား ထပ်မံဖမ်းဆီးရမိရေးအတွက် စစ်ဆေးလျက်ရှိကြောင်း သိရသည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*