Saturday, May 24, 2025

ထိုင်းကာကွယ်‌ရေးစီးချုပ်နှင့် တရုတ်ကာကွယ်ရေးဝန်ကြီး တွေ့ဆုံ

တရုတ်နိုင်ငံ ကာကွယ်ရေးဝန်ကြီး Dong Jun သည် ထိုင်းဘုရင့်တပ်မတော် ကာကွယ်ရေးဦးစီးချုပ် Songwit Noonpackdee နှင့် သောကြာနေ့က ပေကျင်းတွင် တွေ့ဆုံခဲ့သည်။ ယင်းသို့...

ကမာရွတ်မြို့နယ်နှင့် ကြည့်မြင်တိုင်မြို့နယ်များရှိ ရပ်ကွက်နေရာအချို့ လျှပ်စစ်ဓာတ်အား...

မေလ (၂၅) ရက်၊ နံနက် (၁၀) နာရီမှ နေ့လည် (၂) နာရီအတွင်း ကမာရွတ်မြို့နယ်နှင့် ကြည့်မြင်တိုင်မြို့နယ်များရှိ ရပ်ကွက်နေရာအချို့ လျှပ်စစ်ဓာတ်အားယာယီပြ-တ်တောက်မည်ဖြစ်ကြောင်း...

ရာမာန်၏ ပြိုင်ဘက် ထိုင်းဖိုက်တာ Kittisak...

မြန်မာ-ထိုင်း ရိုးရာလက်ဝှေ့ပြိုင်ပွဲ ကျင်းပရန် တစ်ရက်အလိုတွင် ရိုးရာဖိုက်တာ ရာမာန်၏ ပြိုင်ဘက် ထိုင်းဖိုက်တာ Kittisak မလာရောက်နိုင်သဖြင့် နောက်ထပ် ထိုင်းဖိုက်တာတစ်ဦးဖြစ်သူ ဖာမီချိုင်းနှင့်...

ဧပြီလအတွင်း ပြည်ပသို့ ပျားရည်မက်ထရစ်တန် ၂၀၀...

၂၀၂၅ -၂၀၂၆ ဘဏ္ဍာနှစ်စဖြစ်သည့် ဧပြီလအတွင်းပြည်ပသို့ ပျားရည် မက်ထရစ်တန် (၂၀၀) ကျော်တင်ပို့ခဲ့ကြောင်း မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ ပျားလုပ်ငန်းဌာနမှ သိရသည်။ ယခုဘဏ္ဍာနှစ်စ ဧပြီလအတွင်း...
HomeNewsLocal Newsအချက်အလက်များအား မှန်ကန်စွာဖြည့်စွက်ထားခြင်းမရှိသည့် SIM...

အချက်အလက်များအား မှန်ကန်စွာဖြည့်စွက်ထားခြင်းမရှိသည့် SIM Card များကို အပြီးပိတ်သိမ်းသွားမည်

အချက်အလက်များအား မှန်ကန်စွာဖြည့်စွက်ထားခြင်းမရှိသည့် SIM Card များကို အပြီးပိတ်သိမ်းသွားမည်

 SIM Card များဝယ်ယူအသုံးပြုရာတွင် မှတ်ပုံတင်(မူရင်း)ဖြင့် အမည်၊မှတ်ပုံတင်အမှတ်တို့အား မှန်ကန်စွာဖြည့်စွက်၍ စနစ်တကျမှတ်ပုံ တင်ပြီးမှသာ အသုံးပြုရမည်ဖြစ်ကာ လက်ရှိအ သုံးပြုနေသည့် SIM Card များ၌ အချက်အလက်များကို မှန်ကန်စွာဖြည့်စွက်ထားခြင်းမရှိပါက အ ပြီးပိတ်သိမ်းသွားမည်ဖြစ်ကာ ပိတ်သိမ်း SIM Card များရှိလက်ကျန်ငွေများအား ပြည့်သူ့ဘ ဏ္ဍာအဖြစ် သိမ်းဆည်းသွားမည်ဖြစ်သည်။

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနမှ SIM Card များ စနစ်တကျဝယ်ယူအသုံးပြုနိုင်ရေးနှင့်မှန်ကန်စွာမှတ်ပုံတင်သုံးစွဲနိုင်ရေးအတွက် အသိပေးကြေ ညာခဲ့ခြင်းဖြစ်သည်။

SIM Card အသုံးပြုသူအချို့သည် အမည်၊မှတ်ပုံ တင်အမှတ်တို့အား မှန်ကန်စွာဖြည့်စွက်ခြင်းမရှိဘဲ အသုံးပြုနေကြသည်ဟု ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနက အသိပေးထုတ်ပြန်ခဲ့သည်။


ထို့ပြင် SIM Card မှတ်ပုံတင်ပြုလုပ်ရာတွင် ဖြည့် စွက်ထားသည့် အမည်၊မှတ်ပုံတင်အမှတ်တို့အား လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီး ဌာနမှ e-ID Database အချက်အလက်များဖြင့် တိုက်ဆိုင်စစ်ဆေးသွားမည်ဟု ထုတ်ပြန်ခဲ့သည်။

 ဆက်သွယ်ရေးအော်ပရေတာများနှင့် SIM Card ရောင်းချသူများသည် SIM Card များ ရောင်းချခြင်း၊ အချက်အလက်များမှန်ကန်စွာ ပြန်လည်ပြင်ဆင်မှတ်ပုံတင်ခြင်းတို့တွင် ညွှန် ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက်ခြင်းမရှိပါက လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူခံရမည်ဖြစ်သည်။

ထို့ကြောင့် SIM Card များ ဝယ်ယူအသုံးပြု ရာ တွင် အချက်အလက်များအား မှန်ကန်စွာဖြည့် စွက်၍ မှတ်ပုံတင်ဝယ်ယူသုံးစွဲကြရန်နှင့်လက်ရှိ အသုံးပြုနေသည့် SIM Card များကို အချက်အ လက်မှန်ကန်စွာ မှတ်ပုံတင်ထားခြင်း ရှိ/မရှိ ပြန် လည်စစ်ဆေးရမည်ဖြစ်သည်။

ထိုသို့ ပြန်လည်စစ်ဆေးရာ၌ အချက်အလက်များ မမှန်ကန်ပါက ပိတ်သိမ်းခံရမှုမရှိစေရန် သက် ဆိုင်ရာ မိုဘိုင်းအော်ပရေတာများ၏ Online ဝန် ဆောင်မှု၊အရောင်းဆိုင်များ၊ Mobile Shop များတွင် ပြန်လည်ပြင်ဆင်မှတ်ပုံတင်ရမည်ဟု ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနက အသိပေးထုတ်ပြန်ခဲ့သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ထိုင်းကာကွယ်‌ရေးစီးချုပ်နှင့် တရုတ်ကာကွယ်ရေးဝန်ကြီး တွေ့ဆုံ

တရုတ်နိုင်ငံ ကာကွယ်ရေးဝန်ကြီး Dong Jun သည် ထိုင်းဘုရင့်တပ်မတော် ကာကွယ်ရေးဦးစီးချုပ် Songwit Noonpackdee နှင့် သောကြာနေ့က ပေကျင်းတွင် တွေ့ဆုံခဲ့သည်။ ယင်းသို့ တွေ့ဆုံမှုအတွင်း တရုတ်နှင့် ထိုင်းနိုင်ငံတို့၏ လေးနက်သော ချစ်ကြည်ရင်းနှီးမှုသည် မိသားစုတစ်စုတည်းဖြစ်သည့်အပြင် နှစ်နိုင်ငံစစ်ရေး ပူးပေါင်းဆောင်ရွက်မှုများ၏ ခိုင်မာသောအခြေခံအုတ်မြစ် ဖြစ်ကြောင်းကို ပြောကြားလိုက်ပြီး အောင်မြင်မှု အသီးအပွင့်များကို Dong က ချီးကျူးပြောဆိုခဲ့သည်။ လက်ရှိပူးပေါင်းဆောင်ရွက်မှု ယန္တရားကို အပြည့်အဝအသုံးချရန်၊ စစ်ရေးပူးတွဲလေ့ကျင့်မှုများနှင့် တပ်ဖွဲ့ဝင်လေ့ကျင့်ရေးကဲ့သို့ နယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန်နှင့် ဘုံအနာဂတ်ဖြင့် တရုတ်-ထိုင်း အသိုက်အဝန်းကို...

ကမာရွတ်မြို့နယ်နှင့် ကြည့်မြင်တိုင်မြို့နယ်များရှိ ရပ်ကွက်နေရာအချို့ လျှပ်စစ်ဓာတ်အား ယာယီပြ-တ်တောက်မည်

မေလ (၂၅) ရက်၊ နံနက် (၁၀) နာရီမှ နေ့လည် (၂) နာရီအတွင်း ကမာရွတ်မြို့နယ်နှင့် ကြည့်မြင်တိုင်မြို့နယ်များရှိ ရပ်ကွက်နေရာအချို့ လျှပ်စစ်ဓာတ်အားယာယီပြ-တ်တောက်မည်ဖြစ်ကြောင်း ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းမှ အသိပေးထုတ်ပြန်ထားသည်။ ကမာရွတ်မြို့နယ်မှ 66kV ဆင်မလိုက်-MRTV-3 ဓာတ်အားလိုင်းနှင့် မလွတ်ကင်းသော သစ်ပင်သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်းနှင့် လိုင်းထိန်းသိမ်း ပြုပြင်ခြင်းလုပ်ငန်းများကို မြို့နယ်စုဖွဲ့အင်အားဖြင့် ဓာတ်အားပိတ်၍ ပြုလုပ်မည်ဖြစ်သည့်အတွက် ဖော်ပြပါ မြို့နယ်ရှိ ရပ်ကွက်နေရာအချို့ လျှပ်စစ်ဓာတ်အား ယာယီပြ-တ်တောက်မည်ဖြစ်သည်။ ဓာတ်အားပြ-တ်တောက်ချိန် ကြာမြင့်မှု မရှိစေရေး၊ ဓာတ်အားပြတ် ဧရိယာလျော့နည်းစေရေးအတွက်  အလေးထားဆောင်ရွက်သွားမည်ဖြစ်ကြောင်း မိဘပြည်သူများထံသို့ အသိပေး...

ရာမာန်၏ ပြိုင်ဘက် ထိုင်းဖိုက်တာ Kittisak မလာရောက်နိုင်သဖြင့် ဖာမီချိုင်းနှင့် အစားထိုးယှဉ်ပြိုင်ထိုးသ-တ်မည်

မြန်မာ-ထိုင်း ရိုးရာလက်ဝှေ့ပြိုင်ပွဲ ကျင်းပရန် တစ်ရက်အလိုတွင် ရိုးရာဖိုက်တာ ရာမာန်၏ ပြိုင်ဘက် ထိုင်းဖိုက်တာ Kittisak မလာရောက်နိုင်သဖြင့် နောက်ထပ် ထိုင်းဖိုက်တာတစ်ဦးဖြစ်သူ ဖာမီချိုင်းနှင့် အစားထိုးယှဉ်ပြိုင်ထိုးသ-တ်သွားမည်ဖြစ်ကြောင်း MFC က အသိပေးထုတ်ပြန်သည်။ ၎င်းတို့ နှစ်ဦးသည် ဒုခေါင်တွဲဆိုင်းနေရာတွင် ယှဉ်ပြိုင်က စားကြမည်ဖြစ်ပြီး ဖာမီချိုင်းမှာ မြန်မာပရိတ်သတ်များနှင့်ရင်းနှီးပြီးသားဖြစ်သည့် မွေထိုင်းလက်ဝှေ့ကျော် တစ်ဦးဖြစ်သည်။ ဖာမီချိုင်းသည် BKFC ထိုင်း ရွှေခါးပတ် နှစ်ခု ရရှိပိုင်ဆိုင်ထားသည့်အပြင် ယခုလ မတ် (၁၄) ရက်၌ ကရင်ပြည်နယ်ထို့ကော့ကိုးတွင်ကျင်းပသည့် မြန်မာ့ရိုးရာလက်ဝှေ့ပြိုင်ပွဲတွင် လာရောက်ထိုးသ-တ်ပြီး ရိုးရာလက်ဝှေ့ကျော် သွေးသစ်ဝင်းလှိုင်ကို...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071