တရုတ်နိုင်ငံပြန်လည်နာလန်ထူလာရန် စားသုံးမှုမြှင့်တင်သည့် စီမံကိန်းများကိုအရှိန်မြှင့်ဆောင်ရွက်လျက်ရှိ

0
64

တရုတ်နိုင်ငံပြန်လည်နာလန်ထူလာရန် စားသုံးမှုမြှင့်တင်သည့် စီမံကိန်းများကိုအရှိန်မြှင့်ဆောင်ရွက်လျက်ရှိ

ပေကျင်း၊စက်တင်ဘာ ၁၉

 စီမံကိန်းများကို အရှိန်မြှင့်ရန်နှင့် ပြည်တွင်းစားသုံးမှုကို မြှင့်တင်ရန်အတွက် တရုတ်နိုင်ငံသည် ရန်ပုံငွေတိုး တက်ရရှိရေးကို အရှိန်မြှင့်လုပ်ဆောင်မည်ဖြစ်ကြောင်း တရုတ်အစိုးရစီမံကိန်းအရာရှိတစ်ဦးက တနင်္လာနေ့တွင်ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ပြောကြားခဲ့သည်။

ကမ္ဘာ့ဒုတိယစီးပွား‌ရေးအင်အားအကြီးဆုံးဖြစ်သည့် တရုတ်နိုင်ငံသည် ဒုတိယသုံးလပတ်တွင် စီးပွားရေးသိသိသာသာနှေးကွေးသွားပြီး၊ ပိုမိုဆိုးရွားသော အိမ်ခြံမြေအကျပ်အတည်းကြောင့် ကျဆင်းလာရပြီး ပို့ကုန်နှင့် သွင်းကုန်များ နှေးကွေးသွားခဲ့သည်။

အပြုသဘောဆောင်သော အပြောင်းအလဲများ ရှိလာသော်လည်း ပြည်တွင်းစီးပွားရေး ပြန်လည်ဦးမော့လာမှု၏ အခြေခံအုတ်မြစ်မှာ အားနည်းနေသေးသဖြင့် စီးပွားရေးပြန်လည်ဦးမော့လာရန် အရေးကြီးနေ သေးကြောင်း အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးနှင့်ပြုပြင်ပြောင်းလဲရေး ကော်မရှင် (NDRC) မှပြောရေးဆိုခွင့်ရှိသူ Meng Wei ကပြောကြားခဲ့သည်။

တရုတ်နိုင်ငံ၏စီးပွားရေးသည် ဩဂုတ်လတွင်း အံ့အားသင့်ဖွယ်ခံနိုင်ရည်အား ပြသခဲ့ပြီး စက်ရုံထွက်ကုန်နှင့်လက်လီရောင်းချမှု၌ မျှော်မှန်းထားသည်ထက် လျင်မြန်စွာတိုးလာခဲ့သည်။သို့‌သော်နက် အိမ်ခြံမြေ အကျပ်အတည်းဆိုးရွားမှုသည် ပြန်လည်ထူထောင်ရေးအပေါ်တွင် လွှမ်းမိုးနေသေးသည်။

ဇွန်လတွင် နှစ်လကြာကိုဗစ်လော့ခ်ဒေါင်းချမှုကို ရုတ်သိမ်းခဲ့သည့် ရှန်ဟိုင်း၌ အင်္ဂါနေ့မှစတင်ကာ အဓိကစျေးဝယ်ခရိုင်တွင်းအသုံးပြုရန်အတွက် ယွမ်သန်း ၁၀၀ (ဒေါ်လာ ၁၄ ဒသမ ၃ သန်း) ဝန်းကျင်တန်ဖိုးရှိသော “စားသုံးမှုဘောက်ချာများ” ကို ထုတ်ပေးမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

တောင်ပိုင်းကျွန်းပြည်နယ် ဟိုင်နန်တွင်လည်း စားသုံးမှုပြန်လည်ထူထောင်ရေး၏ အဓိကတွန်းအားဖြစ်စေမည့် ဘောက်ချာများ ထပ်မံထုတ်ပေးမည်ဖြစ်ကြောင်း တနင်္လာနေ့ကပြောကြားခဲ့သည်။

တရုတ်နိုင်ငံ၏ အစိုးရအဖွဲ့သည် ကိုဗစ်ဒဏ်ခံနေရသော စီးပွားရေးကို အားကောင်းလာစေရန်အတွက် မေလနှောင်းပိုင်းမှ စတင်ကာ အစီအမံများကို စတင်ခဲ့ခြင်းဖြစ်သည်။

“အိုမီခရွန်မျိုးကွဲများကြောင့် ပြင်းထန်သောကိုဗစ်ကန့်သတ်ချက်များသည် မကြာခဏ ပြည်တွင်းလော့ခ်ဒေါင်းချမှုများ ဖြစ်ပေါ်စေသဖြင့် ယခုနှစ်အတွင်းတရုတ်နိုင်ငံ၏ စီးပွားရေးလုပ်ဆောင်မှုကို ချိန်ဆနိုင်သည်” ဟု Goldman Sachs ၏သုတေသနမှတ်စုတစ်ခုတွင်ပြောကြားခဲ့သည်။

“လက်ရှိကန့်သတ်ချက်အဆင့်ဟာ တရုတ်နိုင်ငံရဲ့ GDP အဆင့်ကို ၄ရာခိုင်နှုန်းမှ ၅ ရာခိုင်နှုန်းအထိ ဖြစ်စေနိုင်တယ်လို့ ကျွန်တော်တို့ ခန့်မှန်းပါတယ်” ဟုလည်း ၎င်းကဆိုသည်။

(၁ ဒေါ်လာ – ၇ ဒသမ ၀၁၉၀ ယွမ်)

Source -Reuters


LEAVE A REPLY

Please enter your comment!
Please enter your name here