မန္တလေးတွင် ဂိမ်းဆိုင်တစ်ဆိုင် ဗုံးပစ်တိုက်ခိုက်ခံရ၊ ပလုံကောက်‌နေသူနှစ်ဦး ပြင်းထန် ဒဏ်ရာရရှိ

မန္တလေးတွင် ဂိမ်းဆိုင်တစ်ဆိုင် ဗုံးပစ်တိုက်ခိုက်ခံရ၊ ပလုံကောက်‌နေသူနှစ်ဦး ပြင်းထန် ဒဏ်ရာရရှိ
September 19, 2022 Popular Journal

မန္တလေးတွင် ဂိမ်းဆိုင်တစ်ဆိုင် ဗုံးပစ်တိုက်ခိုက်ခံရ၊ ပလုံကောက်‌နေသူနှစ်ဦး ပြင်းထန် ဒဏ်ရာရရှိ

မန္တလေးတိုင်း၊ ချမ်းမြသာစည်မြို့သစ်၊ မြရည်နန္ဒာရပ်ကွက်၊ ၁၁၄ လမ်း၊ ၅၀ x ၅၁ လမ်းကြားတွင်ရှိသည့် အင်တာနက်ဂိမ်းဆိုင် တစ်ဆိုင် ယနေ့ (စက်တင်ဘာ ၁၉) ရက် နံနက် ၁၁ နာရီ ၃၀ မိနစ်အချိန်ခန့်တွင် ဗုံးပစ်တိုက်ခိုက်ခံရကြောင်း ရပ်ကွက်နေသူများထံမှ သတင်းရရှိသည်။

အမည်မသိ ဆိုင်ကယ်စီး အမျိုးသားနှစ်ဦးက လက်ပစ်ဗုံးဖြင့် လာရောက်ပစ်ခတ်ခြင်းဖြစ်ပြီး ဆိုင်ရှေ့တွင် ပလုံကောက်နေသည့် ပြည်သူ နှစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်ဟု သိရသည်။

” နံပါတ်မပါတဲ့ ဆိုင်ကယ်နဲ့ လာပစ်သွားတာ လူငယ်နှစ်ယောက်ပဲ။ ဂိမ်းဆိုင်ကတော့ ပိတ်ထားတယ်။ ဆိုင်ရှေ့နားမှာ ပလုံကောက်နေသူနှစ်ဦး ထိခိုက်ဒဏ်ရာ ရပြီး တစ်ဦး မေ့လဲသွားတယ်” ဟု ဒေသခံတစ်ဦးက ပေါ်ပြူလာ နယူး(စ်) သို့ပြောသည်။

 ထိုသို့ ဗုံးဖြင့် တိုက်ခိုက်မှုကြောင့် ဒေါ်ပပကျော်မှာ ခေါင်းနှင့် နားထင်ဗုံးစထိမှန်ဒဏ်ရာ(စိုးရိမ်ရ)နှင့် နောက်တစ်ဦးမှာ နားနှင့်ခြေကျင်းဝတ်တွင် ဗုံးစထိမှန်ဒဏ်ရာများရရှိခဲ့သည် ဟု သိသည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*