စူပါတိုင်ဖွန်းမုန်တိုင်း နန်မာဒိုလ် ကျူးရှူးကျွန်းကို ဝင်မွှေ

0
188

စူပါတိုင်ဖွန်းမုန်တိုင်း နန်မာဒိုလ် ကျူးရှူးကျွန်းကို ဝင်မွှေ

အလွန်ပြင်းထန်သော စူပါတိုင်ဖွန်းမုန်တိုင်း နန်မာဒိုလ်(Nanmadol) သည် ဂျပန်နိုင်ငံ အနောက်မြောက်ပိုင်း ကျူးရှူးကျွန်းကို တနင်္ဂနွေနေ့ ညကတည်းက ဝင်ရောက်တိုက်ခတ်လျှက်ရှိသဖြင့် မုန်တိုင်းတိုက်ခတ်မှုနှင့် မိုးသည်းထန်စွာ ရွာသွန်းမှုတို့အား ရှောင်ရှားကြရန်အတွက် သန်းနှင့်ချီသော ဒေသခံပြည်သူများအနေဖြင့် မိမိတို့နေအိမ်များကို စွန့်ခွာ၍ ဘေးလွတ်ရာတွင် နေထိုင်ကြရန် ဒေသတာဝန်ရှိသူတို့က တိုက်တွန်းထားသည်။

ယင်းမုန်တိုင်းသည် ဂျပန်စံတော်ချိန် တနင်္ဂနွေနေ့ည ၇ နာရီခန့်က စတင်၍ ကုန်းတွင်းပိုင်းသို ဝင်ရောက်တိုက်ခတ်နေခြင်းဖြစ်ကြောင်း၊ ဂျပန်မိုးလေဝသဌာနက ကြေညာထားသည်။

မုန်တိုင်းသည် လေတိုက်ခတ်နှုန်း တစ်နာရီလျှင် ၂၃၄ ကီလိုမီတာခန့်အမြင့်ဆုံး တိုက်ခတ်ခဲ့ပြီး၊ မိုးရေချိန် ၅၀၀ မီလီမီတာနှုန်းဖြင့် မိုးသည်းထန်စွာရွာသွန်းလျှက်ရှိကာ နောက်ထပ် ၂၄နာရီထက်မနည်း ဆက်လက်တည်ရှိနေဦးမည်ဖြစ်ကြောင်းသိရသည်။

လက်ရှိအချိန်အထိ သေဆုံး ပျက်စီး ဒဏ်ရာရမှုတိုကို မသိရသေးချေ။

Ref: Super typhoon Nanmadol bears down on Japan’s Kyushu island


LEAVE A REPLY

Please enter your comment!
Please enter your name here