Tuesday, May 5, 2026

နည်းပြချုပ်သစ်နှင့်အတူ ရန်ကုန်ယူနိုက်တက် အမျိုးသမီးအသင်း ရာသီသစ်အတွက်...

၂၀၂၆-၂၇ ရာသီ Myanmar Women League (MWL) အမှတ်ပေးဘောလုံးပြိုင်ပွဲတွင် အောင်မြင်မှုရယူနိုင်ရန်အတွက် ရန်ကုန်ယူနိုက်တက် အမျိုးသမီးအသင်းအနေဖြင့် လေ့ကျင့်ပြင်ဆင်မှုများစတင်ပြုလုပ်နေပြီ ဖြစ်ကြောင်း သိရသည်။ ယခုနှစ်ရာသီအတွက်...

ပြုံယမ်းအမျိုးသမီးကလပ်အသင်း ဆိုးလ်သို့ လာရောက်ကစားမည်

မြောက်ကိုရီးယား အမျိုးသမီးဘောလုံးကလပ်အသင်း နာဂိုယန်အက်ဖ်စီသည် မေလ ၂၀ ရက်နေ့တွင် တောင်ကိုရီးယားအမျိုးသမီးကလပ်အသင်း ဆူဝန်အက်ဖ်စီနှင့် ယှဉ်ပြိုင်ကစားမည်ဖြစ်ကြောင်း တောင်ကိုရီးယား၏ ပြန်လည်ပေါင်းစည်းရေးဝန်ကြီးဌာနက တနင်္လာနေ့တွင် ပြောကြားခဲ့သည်။...

ဆီသယ်ယာဉ်များတွင် GPS တပ်ဆင်ပြီးပါက စက်သုံးဆီတင်သွင်းဖြန့်ဖြူးသည့်...

ဆီသယ်ယာဉ်များတွင် GPS တပ်ဆင်ပြီးပါက စက်သုံးဆီတင်သွင်းဖြန့်ဖြူးသည့် စနစ်တစ်ခုလုံးအား Digital စနစ်ဖြင့်ထိန်းချုပ်မည်ဟု လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးကိုကိုလွင်က ပြောသည်။ မေ ၄ ရက်ကပြုလုပ်သည့် အများပြည်သူသယ်ယူပို့ဆောင်ရေးလုပ်ငန်းများသို့...

တရုတ်တွင် မီးရှုးမီးပန်းစက်ရုံ ပေါက်ကွဲ၍ လူ...

တရုတ်နိုင်ငံ ဟူနန်ပြည်နယ်ရှိ မီးရှူးမီးပန်းစက်ရုံတစ်ခုတွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့၍ လူ ၂၁ ဦး ‌ေ-သဆုံးကာ ၆၁ ဦး ဒ-ဏ်ရာရရှိခဲ့ပြီး ဖြစ်စဉ်ကို သေချာစွာ...
HomeInternationalစင်္ကာပူနှင့်အိန္ဒိယဝန်ကြီးများပူးပေါင်းဆောင်မှုနှင့်အခွင့်အလမ်းများရှာဖွေဖော်ထုတ်ရန် ဖိုရမ်သစ်သို့တက်ရောက်

စင်္ကာပူနှင့်အိန္ဒိယဝန်ကြီးများပူးပေါင်းဆောင်မှုနှင့်အခွင့်အလမ်းများရှာဖွေဖော်ထုတ်ရန် ဖိုရမ်သစ်သို့တက်ရောက်

စင်္ကာပူနှင့်အိန္ဒိယဝန်ကြီးများပူးပေါင်းဆောင်မှုနှင့်အခွင့်အလမ်းများရှာဖွေဖော်ထုတ်ရန် ဖိုရမ်သစ်သို့တက်ရောက်

စင်္ကာပူ၊စက်တင်ဘာ ၁၇

စင်္ကာပူဒုတိယဝန်ကြီးချုပ် လော်ရန့်စ်ဝေါင်းဦးဆောင်သောအဖွဲ့သည် စက်တင်ဘာ ၁၇ ရက်က နယူးဒေလီ၌ကျင်းပသည့်  အိန္ဒိယ – စင်္ကာပူ ဝန်ကြီးများဆိုင်ရာဆွေးနွေးပွဲဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ကြောင်းသိရှိရသည်။

နှစ်နိုင်ငံအကြား ဝန်ကြီးများအဆင့်တွေဆုံမှုအသစ်သည် လက်ရှိပူးပေါင်းဆောင်ရွက်မှုကို ပိုမိုနက်ရှိုင်းလာစေရန်နှင့် အသစ်ပေါ်ပေါက်လာသော နယ်ပယ်များတွင်ပူးပေါင်းဆောင်ရွက်နိုင်မည့် အခွင့်အလမ်းများကို ရှာဖွေဖော်ထုတ်ရန် ကြိုးပမ်းလျက်ရှိသည်။

ဒုတိယဝန်ကြီးချုပ်အဖြစ် အိန္ဒိယသို့ပထမဆုံးအကြိမ် တရားဝင်လာရောက်သည့် မစ္စတာ ဝေါင်းသည် နိုင်ငံခြားရေးဝန်ကြီး Vivian Balakrishnan, ကုန်သွယ်ရေးနှင့်စက်မှုဝန်ကြီးတစ်ဦးဖြစ်သကဲ့သို့ ပို့ဆောင်ရေးဝန်ကြီးတစ်ဦးလည်းဖြစ်သည့် မစ္စတာ Gan Kim Yong နှင့် ကုန်သွယ်ရေးနှင့်ဆက်ဆံရေးတာဝန်ခံ S Iswaran တို့လည်းပါဝင်သည်။

အိန္ဒိယဘဏ္ဍာရေးဝန်ကြီး Nirmala Sitharaman , ပြည်ပရေးရာဝန်ကြီး S Jaishankar နှင့် ကူးသန်းရောင်းဝယ်ရေးနှင့်စက်မှုလက်မှုဝန်ကြီး Piyush Goyal နှင့် စားသုံးသူရေးရာ၊အစားအသောက်နှင့် ပြည်သူ့ဖြန့်ဖြူးရေးနှင့် အထည်အလိပ်ဆိုင်ရာဝန်ကြီးတို့တွေ့ဆုံခဲ့ကြသည်။

“ISMR သည် ကိုဗစ်ပြန်လည်ထူထောင်ရေးအဆင့်တွင် လျင်မြန်စွာပြောင်းလဲနေသော ပထဝီနိုင်ငံရေးဆိုင်ရာတိုးတက်မှုများနှင့် ဆက်လက်ဖြစ်ပေါ်နေသော ထောက်ပံ့ရေးကွင်းဆက်များပြတ်တောက်မှုများကြောင့် အပြန်အလှန်အကျိုးရှိသောပူးပေါင်းဆောင်ရွက်မှုများအတွက် အခွင့်အလမ်းများကိုရှာဖွေရန်ဦးတည်သောဖိုရမ်တစ်ခုဖြစ်ပါသည်” ဟု ကုန်သွယ်ရေးနှင့်စက်မှုဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ဝန်ကြီးများသည်မဟာဗျူဟာကျသော ယုံကြည်မှုကိုနက်နက်ရှိုင်းရှိုင်းထိန်းသိမ်းထားခြင်းဖြင့် အိန္ဒိယနှင့်စင်္ကာပူတို့အကြားရေရှည်အကျိုးရှိသော ဆက်ဆံရေးကိုလည်းအတည်ပြုခဲ့သည်။

ယခုဆွေးနွေးပွဲတွင် စားနပ်ရိက္ခာဖူလုံရေး၊စွမ်းအင်ဖူ လုံရေး၊ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းရေး၊နည်းပညာနှင့်ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေးတို့အပါအဝင် ခေါင်းစဉ်အမျိုးမျိုးဖြင့်ဆွေးနွေးခဲ့ကြကြောင်းလည်း ဝန်ကြီးဌာနများကဆက်လက်ပြောကြားခဲ့သည်။

ဖေ့စ်ဘုတ်ပို့စ်တစ်ခု၌ မစ္စတာလော်ရန့်စ်ဝေါင်းက စင်္ကာပူနှင့်အိန္ဒိယတို့သည် ၅၇ နှစ်ကြာသံတမန်ဆက်ဆံရေးနှင့် သမိုင်းဝင်ယဉ်ကျေးမှုနှင့် မိသားစုကဲ့သို့သောခိုင်မာသည့်ဆက်ဆံရေးမျိုးရှိခဲ့ကြသည်ဟုဆိုထားသည်။

“ဒီဝန်ကြီးများအဆင့်ဆွေးနွေးပွဲပလက်ဖောင်းကနေတစ်ဆင့် နှစ်နိုင်ငံဆက်ဆံရေးကို အဆင့်သစ်တစ်ခုဆီရောက်ဖို့ကျွန်တော်တို့ကြိုးစားနေပါတယ်” ဟု လည်း၎င်းကဆက်လက်ပြောကြားခဲ့သည်။ထို့ပြင် ၂၀၂၃ ခုနှစ် G – 20 အစည်းအဝေးအား အိန္ဒိယ၏ဦးဆောင်မှုဖြင့်ကျင်းပမည့်အချိန်တွင် အဆိုပါအစည်းအဝေးသို့ အိန္ဒိယကိုဖိတ်ကြားခြင်းအတွက် ကျေးဇူးတင်ရှိကြောင်းလည်းပြောကြားခဲ့သည်။

မစ္စတာလော့ရန့်စ်ဝေါင်းသည် တနင်္ဂနွေနေ့၌ ဂူဂျာရတ်သို့သွားရောက်ကာဂူဂျာရတ်ဒေသ၏အကြီးအကဲ မစ္စတာ Bhupendrabhai Patel နှင့်တွေ့ဆုံကာ Gujarat International Finance City သို့သွားရောက်လည်ပတ်မည်ဖြစ်ကြောင်းဖော်ပြထားသည်။

Source –CNA

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

နည်းပြချုပ်သစ်နှင့်အတူ ရန်ကုန်ယူနိုက်တက် အမျိုးသမီးအသင်း ရာသီသစ်အတွက် စတင်လေ့ကျင့်ပြင်ဆင်

၂၀၂၆-၂၇ ရာသီ Myanmar Women League (MWL) အမှတ်ပေးဘောလုံးပြိုင်ပွဲတွင် အောင်မြင်မှုရယူနိုင်ရန်အတွက် ရန်ကုန်ယူနိုက်တက် အမျိုးသမီးအသင်းအနေဖြင့် လေ့ကျင့်ပြင်ဆင်မှုများစတင်ပြုလုပ်နေပြီ ဖြစ်ကြောင်း သိရသည်။ ယခုနှစ်ရာသီအတွက် ရန်ကုန်ယူနိုက်တက်အသင်းကို နည်းပြချုပ် ဦးသန်းဝေ က ဦးဆောင်ကိုင်တွယ်သွားမည်ဖြစ်ပြီး လက်ရွေးစင်အသင်းနှင့်ပူးပေါင်းနေသည့်ကစားသမား (၄) ဦးနှင့်ဒ-ဏ်ရာကြောင့် ခွဲစိတ်မှုခံယူထားရသောတိုက် စစ်မှူး ယွန်းဝတီလှိုင်တို့ ပါဝင်နိုင်ခြင်း မရှိသေးကြောင်း အသိပေးထားသည်။ ရန်ကုန်ယူနိုက်တက် အမျိုးသမီးအသင်းကို ၂၀၂၃ ခုနှစ်၌ စတင်တည်ထောင်ခဲ့ခြင်းဖြစ်ပြီး မြန်မာ့အမျိုးသမီး ဘောလုံးလောက တိုးတက်ရန်နှင့် မျိုးဆက်သစ် ကစားသမားကောင်းများပေါ်ထွက်လာရန် ရည်ရွယ်ဖွဲ့စည်းခဲ့ခြင်းလည်း ဖြစ်သည်။ အသင်းစတင်တည်ထောင်ပြီး မကြာမီကစားသမားကောင်းများကို...

ပြုံယမ်းအမျိုးသမီးကလပ်အသင်း ဆိုးလ်သို့ လာရောက်ကစားမည်

မြောက်ကိုရီးယား အမျိုးသမီးဘောလုံးကလပ်အသင်း နာဂိုယန်အက်ဖ်စီသည် မေလ ၂၀ ရက်နေ့တွင် တောင်ကိုရီးယားအမျိုးသမီးကလပ်အသင်း ဆူဝန်အက်ဖ်စီနှင့် ယှဉ်ပြိုင်ကစားမည်ဖြစ်ကြောင်း တောင်ကိုရီးယား၏ ပြန်လည်ပေါင်းစည်းရေးဝန်ကြီးဌာနက တနင်္လာနေ့တွင် ပြောကြားခဲ့သည်။ ယင်းသည် ၈ နှစ်အတွင်း မြောက်ကိုရီးယားအားကစားသမားများ က တောင်ကိုရီးယားသို့ ပထမဆုံး လာရောက်ယှဉ်ပြိုင်မှုဖြစ်သည်။ အာရှအမျိုးသမီးချန်ပီယံလိဂ် ဆမ္မီးဖိုင်နယ်ပွဲစဉ်အတွက် တောင်ကိုရီးယားသို့ သွားရောက်မည့် ကစားသမား ၂၇ ဦးနှင့် ဝန်ထမ်း ၁၂ ဦး၏ အမည်စာရင်းကို မြောက်ကိုရီးယားက ပေးပို့ခဲ့ကြောင်း ဝန်ကြီးဌာန၏ သတင်ူထုတ်ပြန်ချက်တွင် ဖေါ်ပြထားသည်။ မေလ ၂၀ ရက်နေ့တွင် ဆူဝန်၌...

ဆီသယ်ယာဉ်များတွင် GPS တပ်ဆင်ပြီးပါက စက်သုံးဆီတင်သွင်းဖြန့်ဖြူးသည့် စနစ်တစ်ခုလုံးအား Digital စနစ်ဖြင့်ထိန်းချုပ်မည်

ဆီသယ်ယာဉ်များတွင် GPS တပ်ဆင်ပြီးပါက စက်သုံးဆီတင်သွင်းဖြန့်ဖြူးသည့် စနစ်တစ်ခုလုံးအား Digital စနစ်ဖြင့်ထိန်းချုပ်မည်ဟု လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးကိုကိုလွင်က ပြောသည်။ မေ ၄ ရက်ကပြုလုပ်သည့် အများပြည်သူသယ်ယူပို့ဆောင်ရေးလုပ်ငန်းများသို့ စက်သုံးဆီများအဆင်ပြေချောမွေ့စွာဖြန့်ဖြူးပေးနိုင်ရေးနှင့် ပြည်တွင်းစက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးရောင်းချမှုအခြေအနေများဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ဆိပ်ကမ်းရှိ သိုလှောင်ကန်စခန်းများတွင် Auto Tank Gauging စနစ်တပ်ဆင်ခြင်း၊ ဆီသယ်ယာဉ်များတွင် GPS တပ်ဆင်ခြင်းတို့ပြီးပါက စက်သုံးဆီတင်သွင်းဖြန့်ဖြူးသည့် စနစ်တစ်ခုလုံးအား Digital စနစ်ဖြင့် ထိန်းချုပ်မည်ဖြစ်ရာ နိုင်ငံတော်အနေဖြင့် စက်သုံးဆီဝယ်ယူတင်သွင်းရမှုများစွာလျော့နည်းသွားမည်ဟု ပြောသည်။ ထို့ပြင် စက်သုံးဆီသယ်ယူဖြန့်ဖြူးမှုပိုမိုစနစ်ကျစေရန် မျှောစာထုတ်ပေးရာ၌ Application ရေးဆွဲကာ QR Code...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071