Thursday, May 29, 2025

မြန်မာနှင့် ကုလသမဂ္ဂကြား ပူးပေါင်းဆောင်ရွက်မှုများကို ဆွေးနွေး

ဒု-ဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးသန်းဆွေနှင့် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂယာယီဌာနေညှိနှိုင်းရေးမှူး/လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ယာယီညှိနှိုင်းရေးမှူးနှင့် ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့ (UNICEF)၏ မြန်မာနိုင်ငံဆိုင်ရာကိုယ်စားလှယ် Mr. Marcoluigi Corsi တို့...

မန္တလေး ငလျင်ကြီးကြောင့် ‌ေ-သကျေပျက်စီးဆုံးရှုံးမှု (၂)...

မတ်လ (၂၈) ရက်က လှုပ်ခတ်ခဲ့သည့် အင်အားပြင်း မန္တလေးငလျင်ကြီးကြောင့် ‌ေ-သကျေပျက်စီးဆုံးရှုံးမှု (၂)လ ပြည့်ကို မေလ(၂၈)ရက် ၊ နံနက်ပိုင်းက စစ်ကိုင်းမြို့၊...

တရုတ်၌ ဓာတုစက်ရုံပေါက်ကွဲမှုကြောင့် ၅ ဦး‌ေ-သဆုံးပြီး...

ချီနန်၊မေ ၂၇ တရုတ်နိုင်ငံအရှေ့ပိုင်း ရှန်ဒေါင်းပြည်နယ်ရှိ ဓာတုစက်ရုံတစ်ခု၌ အင်္ဂါနေ့ည ၇ နာရီ ၂၅ မိနစ်ခန့်က ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ လူငါးဦး‌ေ-သဆုံးပြီး ခြောက်ဦးပျေ-ာက်ဆုံးနေကြောင်း ဒေသဆိုင်ရာ...

ရုရှားနှင့်အမေရိကတို့ အကျဉ်းသားလဲလှယ်ရေးထပ်မံလုပ်ဆောင်နေ

မော်စကို၊မေ ၂၇ မော်စကိုနှင့်ဝါရှင်တန်တို့သည် ယခင်ကသဘောတူညီထားသည့် အကျဉ်းသားလဲလှယ်ရေး ဆိုင်ရာ အသေးစိတ်အချက်အလက်များကို ဆက်လက်ညှိနှိုင်းဆောင်ရွက်နေကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဆာဂေးလား‌ရော့ဗ်ကပြောကြားခဲ့သည်။ မော်စကို‌၌ တုကီယေးနိုင်ငံခြားရေးဝန်ကြီးနှင့်တွေ့ဆုံပြီးနောက် သတင်းစာရှင်းလင်းပွဲတစ်ခုတွင် မစ္စတာလားရော့ဗ်က ရုရှားသမ္မတနှင့် အ‌မေရိကန်သမ္မတတို့၏...
HomeNewsLocal Newsမြို့နယ် ၃ ခုရှိ...

မြို့နယ် ၃ ခုရှိ PDF အဖွဲ့ဝင်များထဲမှ ပြစ်မှုကျူး လွန်ခြင်းမရှိဘဲ ဥပဒေဘောင်အတွင်းပြန်လည်ဝင်ရောက်လာသူ ၇ ဦးအား မိဘများထံပြန်လည်အပ်နှံ

မြို့နယ် ၃ ခုရှိ PDF အဖွဲ့ဝင်များထဲမှ ပြစ်မှုကျူး လွန်ခြင်းမရှိဘဲ ဥပဒေဘောင်အတွင်းပြန်လည်ဝင်ရောက်လာသူ ၇ ဦးအား မိဘများထံပြန်လည်အပ်နှံ

ရှမ်းပြည်နယ်၊မန္တလေးတိုင်းနှင့်မကွေးတိုင်းတို့မှမြို့နယ် ၃ ရှိ PDF အဖွဲ့ဝင်များထဲမှ ပြစ်မှုကျူး လွန်ခြင်းမရှိဘဲ ဥပဒေဘောင်အတွင်းပြန်လည်ဝင်ရောက်လာသူ အမျိုးသား ၆ ဦး၊အမျိုးသမီး ၁ ဦးတို့အား စက်တင်ဘာ ၁၇ ရက်နံနက်ပိုင်းက မိဘများထံပြန်လည်လွှဲပြောင်းအပ်နှံပေးခဲ့သည်။

သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များမှ တာဝန်ရှိသူများ၊ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ရဲတပ်ဖွဲ့ဝင်များ၊ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဥပဒေဘောင်အတွင်း ဝင်ရောက်လာသူများနှင့်မိဘအုပ်ထိန်းသူများ တက်ရောက်ခဲ့ကြသည်။

တာဝန်ရှိသူများက နယ်မြေဒေသတည်ငြိမ်အေး ချမ်းရေးနှင့်တရားဥပဒေဆိုင်ရာပုဒ်မများကို ရှင်း လင်းဆွေးနွေးပြောကြားပြီးနောက် ဥပဒေဘောင်အတွင်းပြန်လည်ဝင်ရောက်လာသည့် တောင်ကြီးမြို့နယ်အတွင်းမှ PDF အဖွဲ့ဝင်အမျိုးသမီး ၁ ဦး၊စဥ့်ကူးမြို့နယ်အတွင်းမှ PDF အဖွဲ့ဝင် အမျိုးသား ၄ ဦး၊ဆင်ပေါင်ဝဲမြို့နယ်အတွင်းမှ PDF အဖွဲ့ဝင် အမျိုးသား ၂ ဦး(စုစုပေါင်း ၇ ဦး)တို့အား ဝန်ခံကတိလက်မှတ်ရေးထိုးစေပြီးနောက် မိဘများထံပြန်လည်လွှဲပြောင်းအပ်နှံပေးခဲ့ကြသည်။

PDF အပါအဝင် အဖွဲ့အစည်းအမျိုးမျိုးတို့အား နိုင်ငံတော်၏ ရှေ့လုပ်ငန်းစဉ်များတွင် ပါဝင်ပူး ပေါင်းဆောင်ရွက်နိုင်ရေး သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ဥပဒေဘောင်အတွင်းသို့ လက် နက်အပ်နှံပြီး ပြည်သူ့ဘဝသို့ ပြန်လည်ဝင်ရောက်ခြင်းပြုမည်ဆိုပါက ကြိုဆိုလက်ခံသွားမည်ဟု နစက ကအသိပေးထုတ်ပြန်ထားသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မြန်မာနှင့် ကုလသမဂ္ဂကြား ပူးပေါင်းဆောင်ရွက်မှုများကို ဆွေးနွေး

ဒု-ဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးသန်းဆွေနှင့် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂယာယီဌာနေညှိနှိုင်းရေးမှူး/လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ယာယီညှိနှိုင်းရေးမှူးနှင့် ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့ (UNICEF)၏ မြန်မာနိုင်ငံဆိုင်ရာကိုယ်စားလှယ် Mr. Marcoluigi Corsi တို့ မေ ၂၈ ရက်နံနက် ၁၁ နာရီက နေပြည်တော်၌တွေ့ဆုံခဲ့ကြသည်။ တွေ့ဆုံစဉ် Mr. Marcoluigi Corsi အနေဖြင့် မြန်မာနိုင်ငံ၌တာဝန်ထမ်းဆောင်စဉ်အတွင်း မြန်မာနှင့် ကုလသမဂ္ဂကြား နှစ်ဖက်ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာများကို ဆွေးနွေးခဲ့ကြသည်။

မန္တလေး ငလျင်ကြီးကြောင့် ‌ေ-သကျေပျက်စီးဆုံးရှုံးမှု (၂) လပြည့် စစ်ကိုင်းမြို့တွင် ပြုလုပ်

မတ်လ (၂၈) ရက်က လှုပ်ခတ်ခဲ့သည့် အင်အားပြင်း မန္တလေးငလျင်ကြီးကြောင့် ‌ေ-သကျေပျက်စီးဆုံးရှုံးမှု (၂)လ ပြည့်ကို မေလ(၂၈)ရက် ၊ နံနက်ပိုင်းက စစ်ကိုင်းမြို့၊ စစ်ကိုင်းတောင်ရိုး၊ ဆွမ်းဦးပုညရှင် စေတီတော် သာသနာ့ ဗိမာန်တွင် ပြုလုပ်သည်။ ၂၀၂၅ ရက် မတ်လ (၂၈) ရက်တွင် အင်အားအလွန်ပြင်းထန်သည့် မြေငလျင်လှုပ်ခတ်ခဲ့မှုကြောင့် အသက်ဆုံးရှုံးမှုများနှင့် ပျက်စီးဆုံးရှုံးခဲ့ရမှု (၂) လ ပြည့်အဖြစ် ဆုတောင်းမေတ္တာပို့သ၍ အမျှ အတမ်းပေးဝေခြင်း ဖြစ်သည်။ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝင်များ၊...

တရုတ်၌ ဓာတုစက်ရုံပေါက်ကွဲမှုကြောင့် ၅ ဦး‌ေ-သဆုံးပြီး ၆ ဦးပျေ-ာက်ဆုံးနေ

ချီနန်၊မေ ၂၇ တရုတ်နိုင်ငံအရှေ့ပိုင်း ရှန်ဒေါင်းပြည်နယ်ရှိ ဓာတုစက်ရုံတစ်ခု၌ အင်္ဂါနေ့ည ၇ နာရီ ၂၅ မိနစ်ခန့်က ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ လူငါးဦး‌ေ-သဆုံးပြီး ခြောက်ဦးပျေ-ာက်ဆုံးနေကြောင်း ဒေသဆိုင်ရာ အရေးပေါ်စီမံခန့်ခွဲမှုဗျူရိုကပြောကြားခဲ့သည်။ Shandong Youdao Chemical Co., Ltd. ၏အလုပ်ရုံတွင်ဖြစ်ပွားခဲ့သည့် အဆိုပါမတော်တဆမှု၌ လူ ၁၉ ဦးသည် ဒဏ်ရာအနည်းငယ်ရရှိခဲ့ကြောင်းလည်း ဗျူရိုကပြောကြားခဲ့သည်။ ပြည်နယ်နှင့် ဒေသဆိုင်ရာအာဏာပိုင်များသည် ပျေ-ာက်ဆုံးသူများအားရှာဖွေခြင်း၊ ဒဏ်ရာရသူများကိုကုသပေးခြင်း၊ မိသားစုများအား နှစ်သိမ့်ပေးခြင်းနှင့် ပတ်ဝန်းကျင်အခြေအနေစောင့်ကြည့်ခြင်းတို့ကို အာရုံစိုက်လုပ်ဆောင်ရန် ပူးတွဲကယ်ဆယ်ရေး ကွပ်ကဲမှုဗဟိုဌာနကိုထူထောင်ထားသည်။ လက်ရှိအချိန်တွင် အခင်းဖြစ်ပွားရာနေရာရှိ ရှာဖွေရေးနှင့် ရှင်းလင်းရေးလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်လျက်ရှိသည်ဟုလည်းသိရသည်။ မီးလေ-ာင်မှုသတင်းရရှိပြီးနောက် အရေးပေါ်စီမံခန့်ခွဲရေးဝန်ကြီးဌာနသည်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071