Sunday, July 20, 2025

ပြည်ပငါးတင်ပို့မှုမှ အမေရိကန်ဒေါ်လာ သန်း (၇၅၀)...

ယခု ၂၀၂၅- ၂၀၂၆ ဘဏ္ဍာနှစ်အတွင်း ပြည်ပသို့ ငါးတင်ပို့မှုမှ အမေရိကန်ဒေါ်လာ သန်း (၇၅၀) ရရှိရန် ရည်ရွယ်ထားကြောင်း ငါးလုပ်ငန်းဦးစီးဌာနမှ သိရသည်။ ပြည်ပသို့...

သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေးအတွက် လိုအပ်သောဆေးနှင့် ဆေးပစ္စည်းများကိုတိုင်းဒေသကြီး/ပြည်နယ်...

သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေးအတွက် လိုအပ်သောဆေးနှင့် ဆေးပစ္စည်းများကိုကုသရေးဦးစီးဌာနနှင့် တိုင်းဒေသကြီး/ပြည်နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနများသို့ ဖြန့်ဝေပေးထားပြီးဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးပါမောက္ခဒေါက်တာသက်ခိုင်ဝင်းကပြောသည်။ သွေးလွန်တုပ်ကွေးရောဂါ အရှိန်အဟုန်မြှင့်ဆောင်ရွက်နိုင်ရေး ညှိနှိုင်းအစည်းအဝေးတွင် ထည့်သွင်းပြောကြားခဲ့သည်။ သွေးလွန်တုပ်ကွေးရောဂါ...

ရနောင်း-ရန်ကုန် ပြေးဆွဲသည့် ကုန်သင်္ဘော ရန်ကုန်မြစ်ဝတွင်နစ်မြုပ်

ရန်ကုန်မြို့ကို ပြန်လည်ထွက်ခွါလာသည့် ထိုင်းနိုင်ငံ၊ ရနောင်းမြို့မှကုန်သင်္ဘောတစီး ရန်ကုန်မြစ်ဝတွင် နစ်မြူပ်ခဲ့သည်။ ယမန်နေ့ (ဇူလိုင် ၁၉)ရက် မနက်ပိုင်းက ဖြစ်ပွါးခဲ့ခြင်း ဖြစ်သည်။ ထိုကုန်သင်္ဘောသည် ကော့သောင်းမှ ရန်ကုန်မြို့ကိုအဝင်...

နောင်ချိုမြို့တွင် အုပ်ချုပ်ရေးယန္တရား ပြန်လည်ပတ်ရန် ဝန်ထမ်း...

တပ်မတော်မှ ပြန်လည်ထိန်းချုပ်ခဲ့ပြီး ဖြစ်သည့် ရှမ်းပြည်နယ်၊ နောင်ချိုမြို့တွင် အုပ်ချုပ်ရေးယန္တရား ပြန်လည်ပတ်ရန် အစိုးရဝန်ထမ်း တချို့ ပြန်ရောက်လာကြောင်း သိရသည်။ လက်ရှိတွင် ဝန်ထမ်း အဆောက်အဦးများကို...
HomeNewsLocal Newsနှစ်ပတ်အတွင်း ရွှေဈေး သိန်း...

နှစ်ပတ်အတွင်း ရွှေဈေး သိန်း (၃၀) အောက် ပြန်ဆင်း ၊ ၂၉၀၀၀၀၀ ကျော်ဖြင့် အရောင်းအဝယ်ပြုလုပ်

နှစ်ပတ်အတွင်း ရွှေဈေး သိန်း (၃၀) အောက် ပြန်ဆင်း ၊ ၂၉၀၀၀၀၀ ကျော်ဖြင့် အရောင်းအဝယ်ပြုလုပ်

ပြည်တွင်း ရွှေဈေးကွက်တွင် အခေါက်ရွှေ (၁) ကျပ်သားလျင် ၂၉၀၀၀၀၀ ကျော်ဖြင့် အရောင်းအဝယ် ပြုလုပ်လျ က်ရှိပြီး အဆိုပါ ဈေးနှုန်းမှာ နှစ်ပတ်အတွင်း သိန်း(၃၀) အောက်သို့ ပထမဆုံး ပြန်လည်ပြုတ်ကျခဲ့ခြင်းဖြစ် ကြောင်း ပြည်တွင်းရွှေဈေးကွက်အတွင်းမှ သိရသည်။

ပြီးခဲ့သည့် ဩဂုတ်လ လယ်ပိုင်းမှ စတင်ကာ ပြည်တွင်း ရွှေဈေးကွက်တွင် အခေါက်ရွှေ (၁) ကျပ်သားလျင် (၃၇) သိန်းကျော်အထိ စံချိန်တင်ဈေးမြင့်ခဲ့ရာမှ ယခုလို ပြန် လည် ကျဆင်းလာခြင်းလည်း ဖြစ်သည်။

” ဒီနေ့ နေ့လယ် ဈေးကွက်ပေါက်ဈေးက အခေါက် တစ်ကျပ်သားရွှေဈေးအနေနဲ့ ရောင်းဈေးက ၂၉၉၀၀၀၀ ကျ ပ်ဖြစ်ပါတယ်။ ဝယ်ဈေးကတော့ ၂၉၆၀၀၀၀ ကျပ်ဖြစ်ပါတယ်။  ၁၅ ပဲရည်က‌တော့ ၂၈၁၄၁၀၀ ကျပ်နဲ့ အရောင်း အဝယ်ဖြစ်ပါတယ်။ဝယ်ဈေးကတော့ ထုံးစံအတိုင်း နည်းနည်း လျှော့တာပေါ့” ဟု ပြည်တွင်းဈေးကွက်တွင် ရောင်း ချပေးနေသည့် ရွှေဆိုင်တစ်ဆိုင်မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ယနေ့ စက်တင်ဘာလ (၁၃)ရက် နေ့လယ်ပိုင်း ရန်ကုန်ရွှေအသင်း၏ ရည်ညွှန်းရွှေဈေးနှုန်းမှာ ၂၀၁၅၀၀၀ ကျပ်ဖြ စ်ပြီး ပြင်ပဈေးကွက်ပေါက်ဈေးနှင့် (၉) သိန်းကျော်ကွာ လျက်ရှိကြောင်း သိရသည်။

ပြည်တွင်း ရွှေဈေးကွက်တွင် ရွှေဈေးမြင့်တက်နေမှုကို ထိ န်းချုပ်ရန် နစက လက်အောက်ခံ သယံဇာတနှင့် သတ္ထုတွ င်း ဝန်ကြီးဌာနက ဈေးကွက်အတွင်း၌ ရွှေဒင်္ဂါးပြားများ ရောင်းချသည့်အစီအစဉ်ကို စက်တင်ဘာလ (၆) ရက်က စတင်ခဲ့ပြီး (၁) ကျပ်သားလျင် (၂၉) သိန်းကျော်ဖြင့် ရော င်းချပေးခဲ့ခြင်း ဖြစ်သည်။

ယခင်နှစ်အတွင်း ပြည်တွင်းရွှေဈေးနှုန်းမှာ သိန်း(၂၀) အောက် ပေါက်ခဲ့ရာမှ ပြည်တွင်း နိုင်ငံခြားငွေဈေးဂယက်ကြောင့်  စက်သုံးဆီဈေးနှုန်းအပါအဝင် အခြေခံကုန်ပစ္စ ည်းဈေးနှုန်းများနှင့် အထွေထွေစရိတ်မြင့်တက်မှုကို အ ကြောင်းပြကာ ဈေးနှုန်းဆွဲတင်ခဲ့မှုကြောင့် (၃၇) သိန်းကျော်အထိ စံချိန်တင် မြင့်တက်ခဲ့ခြင်း ဖြစ်သည်။

ထို့အပြင် ပြည်တွင်းရွှေဈေးကွက်၌ ဝယ်လိုအားမြင့်တက်မှုကြောင့် ရွှေဈေးနှုန်းမြင့်တက်ခဲ့ခြင်းဖြစ်ကြောင်း ရန်ကု န်ရွှေလုပ်ငန်းရှင်အသင်းဥက္ကဋ္ဌကလည်း ပေါ်ပြူလာနယူး (စ်) သို့ ပြောကြားထားသည်။

ပြည်ရွှေဈေးနှုန်း မတည်‌ငြိမ်မှုဖြစ်အောင် ဈေးကွက်အ တွင်း ဈေးကစားနေသည့် လေပတ်ကားသမားများနှင့် တရားမဝင် ရွှေရောင်းချသူများကို ထိရောက်စွာ အရေး ယူဆောင်ရွက်သွားရန် အစိုးရက ညွှန်ကြားထားကြောင်းလည်း ရန်ကုန်ရွှေအသင်းထံမှ သိရသည်။

ယ​နေ့ ​ဒေါ်လာ အရွက်​စျေး ၃၄၁၀ ထိဆင်းလာ​နေပြီး ​ရွှေ​စျေးဆက်ကျနိုင်ချေအလားအလာများနေ၍အဝယ်ပျောက်နေကြောင်းစျေးကွက်မှ အသံများထွက်​ပေါ်​နေသည်။

“​​စျေးကွက်မှာ ​ဒေါ်လာက အဝယ်ရပ်​နေတယ်။စျေးတက်ဖို့အလားအလားမရှိဘူးလို့ယူဆပြီး ​စျေးကြီးမိထားတဲ့သူ​တွေက အရှုံးနည်းတုန်း ထုတ်​ရောင်းကြတာ​ပေါ့။​အဲဒီ​တော့​စျေးက တ​ဖြေး​ဖြေးဆင်းလာ​နေတာ မ​နေ့ကထက် ၈၀ကျပ်​လောက်​လျော့သွားတယ်”ဟု ​​ဒေါ်လာ​စျေးကွက်မှ ပုဂ္ဂိုလ်တဦးက ​ပြောကြားထားသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ပြည်ပငါးတင်ပို့မှုမှ အမေရိကန်ဒေါ်လာ သန်း (၇၅၀) ရရှိရန်မျှော်မှန်းထား

ယခု ၂၀၂၅- ၂၀၂၆ ဘဏ္ဍာနှစ်အတွင်း ပြည်ပသို့ ငါးတင်ပို့မှုမှ အမေရိကန်ဒေါ်လာ သန်း (၇၅၀) ရရှိရန် ရည်ရွယ်ထားကြောင်း ငါးလုပ်ငန်းဦးစီးဌာနမှ သိရသည်။ ပြည်ပသို့ ငါးတင်ပို့ရာတွင် ရန်ကုန်မြို့ မှတစ်ဆင့် ပုံမှန်တင်ပို့သည့်အပြင် နယ်စပ်ကုန်သွယ်ရေးမှလည်း တိုက်ရို-က်တင်ပို့ လျက် ရှိကြောင်း သိရသည်။ မြန်မာနိုင်ငံမှ ပုစွန်အပါအဝင် ငါးစသည့် ရေထွက်ကုန်များကို တရုတ်၊ ထိုင်း၊ ဘင်္ဂလားဒေ့ရှ်၊ ဂျပန် စသည့်နိုင်ငံပေါင်း ၄၀ ကျော်သို့ တင်ပို့လျက်ရှိသည်။ လက်ရှိတွင် ငါးများ ပေါက်ဖွားရန် အခွင့်အလမ်းကောင်းများ ပိုမိုရရှိစေရေးအတွက် ရေချို၊ ရေငံငါးများကို...

သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေးအတွက် လိုအပ်သောဆေးနှင့် ဆေးပစ္စည်းများကိုတိုင်းဒေသကြီး/ပြည်နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနများသို့ ဖြန့်ဝေပေးထားပြီး ဖြစ်

သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေးအတွက် လိုအပ်သောဆေးနှင့် ဆေးပစ္စည်းများကိုကုသရေးဦးစီးဌာနနှင့် တိုင်းဒေသကြီး/ပြည်နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနများသို့ ဖြန့်ဝေပေးထားပြီးဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးပါမောက္ခဒေါက်တာသက်ခိုင်ဝင်းကပြောသည်။ သွေးလွန်တုပ်ကွေးရောဂါ အရှိန်အဟုန်မြှင့်ဆောင်ရွက်နိုင်ရေး ညှိနှိုင်းအစည်းအဝေးတွင် ထည့်သွင်းပြောကြားခဲ့သည်။ သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေးအတွက် လိုအပ်သောဆေးနှင့် ဆေးပစ္စည်းများဖြစ်သည့် Abate (ပိုးလောက်လမ်းသေဆေး)၊ Fogging Machine (ခြင်ဆေးမှုတ်စက်)၊ သွေးလွန်တုပ်ကွေး အမြန်သွေးစစ်ကိရိယာ (RDT)၊ ကလေး သွေးပေါင်ချိန်တိုင်းကိရိယာ (Pediatric BP Cuff) တို့ကို ကုသရေးဦးစီးဌာနနှင့် တိုင်းဒေသကြီး/ပြည်နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနများသို့ ဖြန့်ဝေပေးထားပြီးဖြစ်သည်။ သွေးလွန်တုပ်ကွေးရောဂါသည် မြန်မာနိုင်ငံအပါအဝင် အရှေ့တောင်အာရှဒေသဆိုင်ရာ နိုင်ငံများဖြစ်သည့် အိန္ဒိယနိုင်ငံ၊...

ရနောင်း-ရန်ကုန် ပြေးဆွဲသည့် ကုန်သင်္ဘော ရန်ကုန်မြစ်ဝတွင်နစ်မြုပ်

ရန်ကုန်မြို့ကို ပြန်လည်ထွက်ခွါလာသည့် ထိုင်းနိုင်ငံ၊ ရနောင်းမြို့မှကုန်သင်္ဘောတစီး ရန်ကုန်မြစ်ဝတွင် နစ်မြူပ်ခဲ့သည်။ ယမန်နေ့ (ဇူလိုင် ၁၉)ရက် မနက်ပိုင်းက ဖြစ်ပွါးခဲ့ခြင်း ဖြစ်သည်။ ထိုကုန်သင်္ဘောသည် ကော့သောင်းမှ ရန်ကုန်မြို့ကိုအဝင် ရန် ကုန်မြစ်ဝ ရေကြောင်းပြစခန်းနှင့် ရေမိုင် ၇ မိုင်အကွာ ပင်လယ် ပြင်၌ မတော်တဆဖြစ်ပြီး နစ်မြုပ်ခဲ့ခြင်း ဖြစ်ကြောင်းလည်း သိရသည်။ နစ်မြုပ်မှုကြောင့် တင်ဆောင်လာသည့် အိမ်သုံးပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများ ဆုံးရှုံးခဲ့ရပြီး တပ်မတော် (ရေ) နှင့် ကုန်တင် သင်္ဘောတစ်စင်းတို့က အချိန်မီ လာရောက်ကူညီခဲ့သည်ဟု ဆိုသည်။ ထို့ကြောင့် သင်္ဘောသားများကိုမူ ကယ်ထုတ်နိုင်ခဲ့ကြောင်းလည်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071