Thursday, May 22, 2025

တရုတ်နှင့်ဆက်ဆံရေးကြောင့်ယူအက်စ်နှင့်ကုန်သွယ်ရေးမထိခိုက်–အန်ဝါ

မလေးရှားနိုင်ငံသည် ဝါရှင်တန်၏ အဓိကပြိုင်ဘက် တရုတ်နှင့် ဆက်ဆံရေးကို ခိုင်မာစေရန် ကြိုးပမ်းနေသော်လည်း စည်းကြပ်ခွန်များ လျှော့ချပေးရေး ၎င်း၏ ပန်ကြားချက်ကို နားလည်စာနာစွာဖြင့် ပြန်လည်သုံးသပ်သွားရန်...

အစ္စရေးသံရုံးမှ ဝန်ထမ်းနှစ်ဦး ဝါရှင်တန်ဒီစီ ဂျူးပြတိုက်အနီးတွင်...

ဝါရှင်တန်ဒီစီရှိ အစ္စရေးသံရုံးမှ ဝန်ထမ်းနှစ်ဦး ဗုဒ္ဓဟူးနေ့ညက Capital Jewish Museum အနီးတွင် ပ-စ်ခတ်ခံရပြီး ‌ေ-သဆုံးခဲ့ကြောင်း ပြည်တွင်းလုံခြုံရေးဝန်ကြီး Kristi Noem...

(၉) ကြိမ်မြောက် တရုတ်-တောင်အာရှ ကုန်စည်ပြပွဲနှင့်...

တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ ကူမင်းမြို့၌ ကျင်းပမည့် (၉) ကြိမ်မြောက် တရုတ်-တောင်အာရှ ကုန်စည်ပြပွဲနှင့် (၂၉) ကြိမ်မြောက် တရုတ် (ကူမင်း)ပို့ကုန်/သွင်းကုန် ကုန်စည်ပြပွဲတွင်...

ရုရှားနှင့် မဟာဗျူဟာမိတ်ဖက်ဆက်ဆံရေးကို အီရန် ပါလီမန်...

မော်စကိုနှင့်တေရန်တို့အကြား နှစ် ၂၀ကြာရှည်သော မဟာဗျူဟာမြောက် မိတ်ဖက်ဆောင်ရွက်မှုကို အီရန်ပါလီမန်က ဗုဒ္ဓဟူးနေ့တွင် အတည်ပြုလိုက်ကြောင်း နိုင်ငံပိုင်မီဒီယာက ဖော်ပြခဲ့သည်။ သဘောတူညီချက်အရ ကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု...
HomeInternationalယူကရိန်းအားထောက်ခံသည်ဟုဆိုကာ အမေရိကန်သရုပ်ဆောင်နှစ်ဦးအား ရုရှားပိတ်ဆို့ဒဏ်ခတ်

ယူကရိန်းအားထောက်ခံသည်ဟုဆိုကာ အမေရိကန်သရုပ်ဆောင်နှစ်ဦးအား ရုရှားပိတ်ဆို့ဒဏ်ခတ်

ယူကရိန်းအားထောက်ခံသည်ဟုဆိုကာ အမေရိကန်သရုပ်ဆောင်နှစ်ဦးအား ရုရှားပိတ်ဆို့ဒဏ်ခတ်

လန်ဒန်၊စက်တင်ဘာ ၅

ရုရှားနိုင်ငံမှ ဟောလိဝုဒ်မင်းသား ဘန်စတယ်လာနှင့် ရှောင်န်ပန်န်တို့အား မော်စကို ယူကရိန်းစစ်ပွဲအပေါ်ဝေဖန်သည့်အတွက် စက်တင်ဘာလ ၅ ရက် တနင်္လာနေ့က ပိတ်ဆို့အရေးယူမှုများချမှတ်ကာ တုံ့ပြန်ခဲ့သည်။

ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနသည် ရုရှားနိုင်ငံအတွင်းသို့ဝင်ရောက်ခွင့်ပိတ်ပင်ထားသည့် အမေရိကန်နိုင်ငံသား ၂၅ ဦးတွင် အများစုမှာ နိုင်ငံရေးသမားများ၊ကုန်သွယ်ရေးအရာရှိများနှင့် စီးပွား‌ ရေးလုပ်ငန်းများမှအမှုဆောင်အရာရှိများအပြင် သရုပ်ဆောင်များပါပါဝင်ခဲ့သည်။

စတယ်လာနှင့်ရှောင်န်ပန်န်တို့သည် ပဋိပက္ခတွင် ယူကရိန်းကိုထောက်ခံသူများဖြစ်ကြပြီး ယူကရိန်းသမ္မတ ဗလာဒီမာဇလန်းစကီးနှင့် ပြပွဲများ၌တွေ့ရှိခဲ့သူများဖြစ်ကြသည်။ဇွန်လက ကိဗ်၌ပြုလုပ်ခဲ့သည့် ရုပ်မြင်သံကြားအစီအစဉ်တစ်ခုတွင် စတယ်လာက ဇလန်းစကီးအား ကျွန်တော့်ရဲ့သူရဲကောင်းပါဟု ချီးကျူးဂုဏ်ပြုခဲ့သည်။

အော်စကာနှစ်ထပ်ကွမ်းဆုရှင် ရှောင်န်ပန်န်ကလည်း ယူကရိန်းသို့ရုရှားဝင်ရောက်သည့် ၂၀၂၁ ခုနှစ်ဖေဖော်ဝါရီလ ၂၄ ရက်နေ့က မော်ကွန်းရုပ်ရှင်ရိုက်ကူးရန်ယူကရိန်းတွင် ရှိနေပြီးစစ်ပွဲစဖြစ်ကတည်းက ပိုလန်သို့ထွက်ပြေးကြသည့် သန်းပေါင်းများစွာသော ယူကရိန်းနိုင်ငံသားများနှင့်အတူ ခြေလျင်ထွက်ပြေးခဲ့ရသည်။

၎င်းသည်လည်း ဇလန်းစကီးအားထောက်ခံအားပေးသူတစ်ဦးဖြစ်ပြီး ဇွန်လကလည်းဇလန်းစကီးနှင့်တွေ့ဆုံရန် ယူကရိန်းသို့ပြန်လာခဲ့သည်။ဇလန်းစကီးကလည်း ၎င်းအားယခုလိုထောက်ခံအားပေးမှုအတွက် ကျေးဇူးတင်ကြောင်းအကျယ်တဝင့်ပြောကြားခဲ့သည်။

ယခုပိတ်ဆို့မှုတွင်ပါရှိသည့်သူများအနေဖြင့် ရုရှားနိုင်ငံသားများနှင့် စီးပွားရေးလုပ်ကိုင်ခြင်းကိုတားမြစ်ထားခြင်းခံရကာ ရုရှားသို့ဝင်ရောက်ခွင့်ကိုလည်း တားမြစ်ပိတ်ပင်ခြင်းခံထားရသည်။အဆိုပါပိတ်ဆို့ဒဏ်ခတ်ခံရသူစာရင်းတွင် ကန်ကူးသန်းရောင်းဝယ်ရေးဝန်ကြီး Gina Raimondo ၊ လက်ထောက်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးလေးဦးနှင့် ကန်အထက်လွှတ်တော်အမတ်ခြောက်ဦးတို့ပါဝင်သည်။

ယူကရိန်းသို့ကျူးကျော်မှုအား တုံ့ပြန်သည့်အနေဖြင့် အနောက်အုပ်စုကလည်း ရုရှားအပေါ်စီးပွားရေးနှင့် ပုဂ္ဂိုလ်ရေးဆိုင်ရာ ပိတ်ဆို့အရေးယူမှုများချမှတ်ခဲ့သည်။မော်စကိုကလည်း နိုင်ငံရေးသမားများ၊စီးပွားရေးခေါင်းဆောင်များနှင့် ရုရှားအပေါ်ရန်လိုသည်ဟု ထင်ရသည့်ပုဂ္ဂိုလ်များကိုလည်း ပြန်လည်ဒဏ်ခတ်ပိတ်ဆို့ခြင်းဖြင့် တုံ့ပြန်ခဲ့သည်။

Source –Reuters/ng

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

တရုတ်နှင့်ဆက်ဆံရေးကြောင့်ယူအက်စ်နှင့်ကုန်သွယ်ရေးမထိခိုက်–အန်ဝါ

မလေးရှားနိုင်ငံသည် ဝါရှင်တန်၏ အဓိကပြိုင်ဘက် တရုတ်နှင့် ဆက်ဆံရေးကို ခိုင်မာစေရန် ကြိုးပမ်းနေသော်လည်း စည်းကြပ်ခွန်များ လျှော့ချပေးရေး ၎င်း၏ ပန်ကြားချက်ကို နားလည်စာနာစွာဖြင့် ပြန်လည်သုံးသပ်သွားရန် အမေရိက,က ကတိပြုထားသည်ဟု မလေးရှားဝန်ကြီးချုပ် အန်ဝါ အီဘရာဟင်မ်က ပြောကြားခဲ့သည်။ စည်းကြပ်ခွန်များနှင့် ပတ်သက်၍ မလေးရှားနှင့် အမေရိကန်ကုန်သွယ်ရေး ကိုယ်စားလှယ်များ စတင်ဆွေးနွေးမှုများ မလုပ်မီရက်သတ္တတစ်ပတ်ခန့်ဖြစ်သော ဧပြီလ လယ်က မလေးရှားနိုင်ငံသို့ အလည်အပတ်ရောက်ရှိခဲ့သော တရုတ်သမ္မတ ရှီကျင့်ဖျင်ကို ဒါတွတ် ဆရီ အန်ဝါ အီဘရာဟင်မ်က ချီးကျူးခဲ့ကာ သဘောတူညီချက် ၃၁ ခုကို...

အစ္စရေးသံရုံးမှ ဝန်ထမ်းနှစ်ဦး ဝါရှင်တန်ဒီစီ ဂျူးပြတိုက်အနီးတွင် ပ-စ်ခတ်ခံရပြီး ‌ေ-သဆုံး

ဝါရှင်တန်ဒီစီရှိ အစ္စရေးသံရုံးမှ ဝန်ထမ်းနှစ်ဦး ဗုဒ္ဓဟူးနေ့ညက Capital Jewish Museum အနီးတွင် ပ-စ်ခတ်ခံရပြီး ‌ေ-သဆုံးခဲ့ကြောင်း ပြည်တွင်းလုံခြုံရေးဝန်ကြီး Kristi Noem က ပြောကြားခဲ့သည်။ “ဝါရှင်တန်ဒီစီရှိ ဂျူးပြတိုက်အနီးမှာ အစ္စရေးသံရုံးဝန်ထမ်းနှစ်ဦး အဓိပ္ပာယ်မဲ့စွာ ‌ေ-သဆုံးခဲ့ပါတယ်” ဟု Noem က X တွင် ရေးသားခဲ့သည်။ “ကျွန်ုပ်တို့ တက်ကြွစွာ စုံစမ်းစစ်ဆေးနေပြီး အခုထက် ပိုမိုသိရှိရအောင် ကြိုးစားနေပါတယ်” ဟု သူမက ဆိုသည်။ ပ-စ်ခတ်မှုမှာ ‌ေ-သနတ်သမားတစ်ဦးတည်းက ကျူးလွန်ခဲ့သည်ဟု ယူဆရပြီး ၎င်းအား ဖမ်းဆီးထားပြီဖြစ်ကြောင်း...

(၉) ကြိမ်မြောက် တရုတ်-တောင်အာရှ ကုန်စည်ပြပွဲနှင့် (၂၉) ကြိမ်မြောက် တရုတ် (ကူမင်း)ပို့ကုန်/သွင်းကုန် ကုန်စည်ပြပွဲ မြန်မာလုပ်ငန်းရှင်များပါဝင်ပြသမည်

တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ ကူမင်းမြို့၌ ကျင်းပမည့် (၉) ကြိမ်မြောက် တရုတ်-တောင်အာရှ ကုန်စည်ပြပွဲနှင့် (၂၉) ကြိမ်မြောက် တရုတ် (ကူမင်း)ပို့ကုန်/သွင်းကုန် ကုန်စည်ပြပွဲတွင် မြန်မာလုပ်ငန်းရှင်များ ပါဝင်ပြသမည်ဖြစ်ကြောင်း မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့မှ သိရသည်။ အဆိုပါ ကုန်စည်ပြပွဲကို ၂၀၂၅ ခုနှစ်၊ ဇွန်လ (၁၉) ရက်မှ (၂၄) ရက်အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ကုန်စည်ပြပွဲတွင် စာရင်းပေးသွင်းထားသည့် ကုမ္ပဏီများအား ကုန်စည် ပြပွဲဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် စပ်လျဉ်း၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။ ပြသမည့် လုပ်ငန်းရှင်များ အနေဖြင့် ကျောက်မျက်ရတနာများ၊...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071