Thursday, May 29, 2025

တီမောလက်စ်တီးကို အဖွဲ့ဝင်ခွင့်ပြုရန် အာဆီယံ သဘောတူပြီ

အရှေ့တောင်အာရှနိုင်ငံများအသင်း(အာဆီယံ) ခေါင်းဆောင်များသည် လာမည့်အောက်တိုဘာလတွင် ကျင်းပမည့် အာဆီယံထိပ်သီးအစည်းအဝေး၌ တီမောလက်စ်တီးကို အဖွဲ့၏ ၁၁ နိုင်ငံမြောက်အဖွဲ့ဝင်နိုင်ငံအဖြစ် လက်ခံရန် သဘောတူလိုက်ကြသည်ဟု ထိုင်းအကြီးတန်း သံတမန်တစ်ဦးက...

မြန်မာကို ကမ္ဘာကသိစေရန် သမိုင်းဝင်မှတ်တမ်း ရေးထိုးခဲ့သည့်...

ရန်ကုန်ယူနိုက်တက်အသင်း ကစားသမားဟောင်းဖြစ်သူ မြန်မာ့လက်ရွေးစင် ကွင်းလယ်ကစားသမား မောင်မောင်လွင်သည် မြန်မာကို ကမ္ဘာကသိစေရန် သမိုင်းဝင်မှတ်တမ်းရေး ထိုးပုံဖော်ပေးခဲ့သည့်အတွက် ဂုဏ်ယူကြောင်း ရန်ကုန်ယူနိုက်တက်အသင်းက အသိပေးထုတ်ပြန်သည်။ ယမန်နေ့ မေ...

ငလျင်ကြီးအပြီး နှစ်လအကြာထိ ကလေးသူငယ်ပေါင်း (၂)...

မန္တလေး ငလျင်ကြီးလှုပ်ခတ်အပြီး နှစ်လအကြာတွင် ကလေးသူငယ်ပေါင်း (၂)သန်းနီးပါးသည် အရေးပေါ်အကူအညီ လိုအပ်နေဆဲဖြစ်ကြောင်း UNICEF Myanmar က ထုတ်ပြန်ထားသည်။ မန္တလေး ငလျင်ကြီးကြောင့် ကလေးငယ်အများအပြား...

အဝါရောင်အဆင့်မုန်တိုင်းငယ် မြန်မာနိုင်ငံဘက်သို့ရွှေ့လျားလားနိုင်ခြင်းမရှိ

ဘင်္ဂလားပင်လယ်အော်တွင်ဖြစ်ပါ်နေသော မုန်တိုင်းငယ်သည် မြန်မာနိုင်ငံဘက်သို့ဦးတည်ရွှေ့လျားလာနိုင်ခြင်းမရှိ၍ အဝါရောင်အဆင့်သတ်မှတ်ထားသည်ဟု မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ မေ ၂၉ ရက်က မုန်တိုင်းငယ်သတင်းအမှတ်စဉ်(၀၁/၂၀၂၅)အဖြစ် အသိပေးခဲ့သည်။ အဆိုပါ မုန်တိုင်းငယ်သည် မြန်မာနိုင်ငံ၊ စစ်တွေမြို့၏...
HomeNewsLocal Newsနစက ဥက္ကဋ္ဌသည် ...

နစက ဥက္ကဋ္ဌသည် အရှေ့ဖျားစီးပွားရေးဖိုရမ်အား တက်ရောက်ရင်း ရုရှားနိုင်ငံ အစိုးရအဖွဲ့တာဝန်ရှိသူများနှင့်လည်း တွေ့ဆုံဆွေးနွေးမည်

နစက ဥက္ကဋ္ဌသည်  အရှေ့ဖျားစီးပွားရေးဖိုရမ်အား တက်ရောက်ရင်း ရုရှားနိုင်ငံ အစိုးရအဖွဲ့တာဝန်ရှိသူများနှင့်လည်း တွေ့ဆုံဆွေးနွေးမည်

နစက ဥက္ကဋ္ဌ၊နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ရုရှားနိုင်ငံ၊ဗလာဒီဗော့ စတော့ခ်မြို့တွင် ပြုလုပ်မည့် ၇ ကြိမ်မြောက် အ ရှေ့ဖျားစီးပွားရေးဖိုရမ်သို့တက်ရောက်ရန် ရုရှားနိုင်ငံအစိုးရ၊အရှေ့ဖျားစီးပွားရေးဖိုရမ်(EEF)၏ ဖိတ်ကြားချက်အရ စက်တင်ဘာ ၄ ရက်(ယနေ့) နံနက်ပိုင်းက နေပြည်တော်တပ်မတော်လေဆိပ်မှ MAI အထူးလေယာဥ်ဖြင့် ထွက်ခွာသွားခဲ့ခြင်းဖြစ် သည်။


နစက ဒု-ဥက္ကဋ္ဌ၊ ဒု-ဗိုလ်ချုပ်မှူးကြီးစိုးဝင်း၊ နစက အဖွဲ့ဝင်များ၊ ကောင်စီအတွင်းရေးမှူး၊ ပြည် ထောင်စုဝန်ကြီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှအရာရှိကြီးများ၊ နေပြည်တော်တိုင်း စစ်ဌာနချုပ်တိုင်းမှူး၊ မြန်မာနိုင်ငံဆိုင်ရာ ရုရှားနိုင် ငံသံရုံးမှ သံရုံးဒု-အကြီးအကဲ Mr. Pavel A.KLABUKOV၊ ရုရှားနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံစစ်သံမှူး Colonel Sergei KURCHENKO နှင့်တာဝန်ရှိသူများက ပို့ဆောင်နှုတ်ဆက်ခဲ့ကြသည်။


ရုရှားနိုင်ငံ၊ ဗလာဒီဗော့စတော့ခ်လေ ဆိပ်သို့ ရောက်ရှိလာသည့် နစက ဥက္ကဋ္ဌအား ဗ လာဒီဗော့စတော့ခ် ဒု-ပြည်နယ်အုပ်ချုပ်ရေးမှူး Mr. Stegniy Daria ၊ ရုရှားနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီးဦးလွင်ဦးနှင့်မြန်မာစစ်သံ (ကြည်း၊ ရေ၊ လေ)ဗိုလ်မှူးချုပ်မိုးကျော်၊ နိုင်ငံခြားရေးဝန် ကြီးဌာန၊ သံတမန်ရေးရာဦးစီးဌာန ညွှန်ကြားရေး မှူးချုပ်နှင့်တာဝန်ရှိသူများက ကြိုဆိုခဲ့ကြသည်။


ခရီးစဥ်အတွင်း၌ နစက ဥက္ကဋ္ဌသည် ၇ ကြိမ်မြောက် အရှေ့ဖျားစီးပွားရေးဖိုရမ်အား တက်ရောက်သွားမည်ဖြစ်ကာ ရုရှားနိုင်ငံ အစိုးရအဖွဲ့တာဝန်ရှိသူများနှင့်လည်း တွေ့ဆုံဆွေးနွေးသွားမည်ဖြစ်သည်။


ရုရှားနိုင်ငံရှိ အထင်ကရနေရာများ၊ တ က္ကသိုလ်များနှင့်စက်ရုံ၊အလုပ်ရုံများကိုလည်း သွားရောက်လေ့လာမည်ဖြစ်ကာ လိုက်ပါလာသည့် ပြည်ထောင်စုဝန်ကြီးများ၊ ဒု-ဝန်ကြီးများနှင့်တာဝန်ရှိသူများမှလည သက်ဆိုင်ရာကဏ္ဍ များအလိုက် အလုပ်သဘောဆိုင်ရာတွေ့ဆုံဆွေး နွေးမှုများ ပြုလုပ်သွားမည်ဖြစ်သည်။


ရုရှား-မြန်မာနှစ်နိုင်ငံအစိုးရနှင့်ပြည်သူ များကြား ချစ်ကြည်ရေး၊စီးပွားရေးနှင့်ကဏ္ဍ ပေါင်းစုံ ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးတက်ခိုင်မာစေရန်လည်း ဆွေးနွေးသွားမည်ဖြစ် ကြောင်း သိရသည်။


နစက ဥက္ကဋ္ဌနှင့်အတူ ကောင်စီဝင် ဦးမောင်းဟာ၊ ဦးစောဒန်နီယယ်၊ကောင်စီတွဲဖက်အတွင်းရေးမှူး ဒု-ဗိုလ်ချုပ်ကြီးရဲဝင်းဦးနှင့်ပြည်ထောင်စုအဆင့် တာဝန်ရှိပုဂ္ဂိုလ်များ၊ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှအရာရှိကြီးများ၊နိုင်ငံခြားရေးဝန်ကြီး ဌာနနှင့်ပြန်ကြားရေးဝန်ကြီးဌာနတို့မှ ဒု-ဝန်ကြီးများ၊ စစ်ဘက်၊နယ်ဘက်မှ တာဝန်ရှိ သူများ လိုက်ပါသွားခဲ့သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

တီမောလက်စ်တီးကို အဖွဲ့ဝင်ခွင့်ပြုရန် အာဆီယံ သဘောတူပြီ

အရှေ့တောင်အာရှနိုင်ငံများအသင်း(အာဆီယံ) ခေါင်းဆောင်များသည် လာမည့်အောက်တိုဘာလတွင် ကျင်းပမည့် အာဆီယံထိပ်သီးအစည်းအဝေး၌ တီမောလက်စ်တီးကို အဖွဲ့၏ ၁၁ နိုင်ငံမြောက်အဖွဲ့ဝင်နိုင်ငံအဖြစ် လက်ခံရန် သဘောတူလိုက်ကြသည်ဟု ထိုင်းအကြီးတန်း သံတမန်တစ်ဦးက ပြောသည်။            တီမောကို အဖွဲ့ဝင်နိုင်ငံအဖြစ် လက်ခံရန် အာဆီယံခေါင်းဆောင်များက သဘောတူလိုက်ခြင်းသည် အဖွဲ့ကို အားကောင်းစေရန် အထောက်အကူဖြစ်လိမ့်မည်ဟု ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန အာဆီယံရေးရာ ညွှန်ကြားရေးမှူးချုပ် Bolbongse Vangphaen က ပြောကြားခဲ့သည်။ “တီမောလက်စ်တီးကို ပေါင်းထည့်တာဟာ အာဆီယံကို ပိုမိုအားကောင်းလာစေဖို့ တပ်ဆင်ပေးလိုက်သလိုပါပဲ” ဟု ကွာလာလမ်ပူတွင် မလေးရှားနိုင်ငံက ဦးဆောင်ကျင်းပသည့် ခေါင်းဆောင်များ၏ ထိပ်သီးအစည်းအဝေး ရလဒ်နှင့်ပတ်သက်သော...

မြန်မာကို ကမ္ဘာကသိစေရန် သမိုင်းဝင်မှတ်တမ်း ရေးထိုးခဲ့သည့် မောင်မောင်လွင်အား ဂုဏ်ယူကြောင်း ရန်ကုန်ယူနိုက်အသင်းဆို

ရန်ကုန်ယူနိုက်တက်အသင်း ကစားသမားဟောင်းဖြစ်သူ မြန်မာ့လက်ရွေးစင် ကွင်းလယ်ကစားသမား မောင်မောင်လွင်သည် မြန်မာကို ကမ္ဘာကသိစေရန် သမိုင်းဝင်မှတ်တမ်းရေး ထိုးပုံဖော်ပေးခဲ့သည့်အတွက် ဂုဏ်ယူကြောင်း ရန်ကုန်ယူနိုက်တက်အသင်းက အသိပေးထုတ်ပြန်သည်။ ယမန်နေ့ မေ (၂၈)ရက် ညပိုင်းက မလေးရှားနိုင်ငံ၊ ဘူကစ်ဂျာလီကွင်းအတွင်း ပရီးမီးယားလိဂ် အသင်းတစ်သင်းဖြစ်သည့် မန်ချက်စတာယူနိုက်တက်အသင်းနှင့် ASEAN ALL STARS အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြရာ မောင်မောင်လွင်၏ အဖွင့်ဂိုး(၁)ဂိုးဖြင့် အနိုင်ရရှိခဲ့သည့်အပေါ် ရည်ရွှယ်ခြင်းဖြစ်သည်။ "ရန်ကုန်ယူနိုက်တက် မြက်ခင်းစိမ်းမှာ ပျော်မွေ့ခဲ့တဲ့ ခြင်္သေ့လေးတစ်ကောင်ရဲ့ အံ့ဩသင့်ဖွယ်ရာ အနိုင်ဂိုးဖြစ်တဲ့အပြင် မြန်မာကို ကမ္ဘာကသိစေမယ့် သမိုင်းဝင်မှတ်တမ်းကို ရေးထိုးပုံဖော်ပေးခဲ့တဲ့အတွက် ဂုဏ်ယူပါတယ်။...

ငလျင်ကြီးအပြီး နှစ်လအကြာထိ ကလေးသူငယ်ပေါင်း (၂) သန်းနီးပါး အရေးပေါ် အကူအညီလိုအပ်နေဆဲဖြစ်

မန္တလေး ငလျင်ကြီးလှုပ်ခတ်အပြီး နှစ်လအကြာတွင် ကလေးသူငယ်ပေါင်း (၂)သန်းနီးပါးသည် အရေးပေါ်အကူအညီ လိုအပ်နေဆဲဖြစ်ကြောင်း UNICEF Myanmar က ထုတ်ပြန်ထားသည်။ မန္တလေး ငလျင်ကြီးကြောင့် ကလေးငယ်အများအပြား နေအိမ်များနှင့် မိသားစုဝင်များ၊ လုံခြုံသည့်နေရာများကို ဆုံးရှုံးခဲ့ကြရကြောင်း UNICEF Myanmar က ဆိုသည်။ ထို့ပြင် မုတ်သုံလေဝင်ရောက်လာသည်နှင့်အမျှ အန္တရာယ်များသည်လည်း တစ်နေ့ထက်တစ်နေ့ မြင့်တက်လာနေကြောင်း၊ ယူနီဆက်အနေဖြင့် ကလေးသူငယ်များနှင့် မိသားစုများကို ကူညီထောက်ပံ့ပေးနေသော်လည်း အရေးပေါ်အကူအညီ အများအပြား လိုအပ်နေသေးကြောင်း အသိပေးထားသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071