Thursday, May 22, 2025

နိုင်ငံသားတိုင်း နိုင်ငံ၏ သမိုင်းဖြစ်ရပ်မှန်များကိုသိရှိပြီး နိုင်ငံတော်တည်ဆောက်ရာတွင်...

နစက ဥက္ကဋ္ဌမှ ယနေ့ မေ ၂၁ ရက်နံနက်ပိုင်းက နေပြည်တော်ရှိ ဇေယျာသီရိဗိမာန်၌ကျင်းပသည့် အခြေခံနှင့်တန်းမြင့်ရေကြောင်းလူငယ်သင်တန်းအမှတ်စဉ်(၁/၂၀၂၅)နှင့် အခြေခံနှင့်တန်းမြင့်လေကြောင်းလူငယ်သင်တန်း(၁/၂၀၂၅)တို့မှ သင်တန်းသား၊ သင်တန်းသူများနှင့် အုပ်ချုပ်သူနည်းပြများအားတွေ့ဆုံ၍...

လွတ်လပ်စွာကုန်သွယ်မှုအဆင့်မြှင့်တင်ရေး တရုတ်၊ အာဆီယံစေ့စပ်မှုပြီးစီး

တရုတ်နှင့် အရှေ့တောင်အာရှနိုင်ငံများအသင်း(အာဆီယံ) တို့သည် ဒစ်ဂျစ်တယ်၊ အစိမ်းရောင်စီးပွားရေးနှင့် အခြား လုပ်ငန်းနယ်ပယ်အသစ်များ ပါဝင်လာမည့် ၎င်းတို့၏ လွတ်လပ်စွာကုန်သွယ်မှုနယ်ပယ်ကို ထပ်မံပြင်ဆင်‌ေရးကိုစေ့စပ်ဆွေးနွေးမှုသည်အောင်မြင်ပြီးမြောက်ခဲ့ကြောင်း တရုတ်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ဗုဒ္ဓဟူးနေ့တွင်...

မြန်မာ့ပြည်တွင်းရေးကို အမှန်တရားဘက်မှ အရှိအတိုင်းရပ်တည်ပေးသော နိုင်ငံများသည်...

မိတ်ဆွေကောင်း၏အရေးပါမှုနှင့်ပတ်သက်၍ နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့ မေ ၂၁ ရက်နံနက်ပိုင်းက နေပြည်တော်ရှိ ဇေယျာသီရိဗိမာန်၌ကျင်းပသည့် အခြေခံနှင့်တန်းမြင့်ရေကြောင်းလူငယ်သင်တန်းအမှတ်စဉ်(၁/၂၀၂၅)နှင့် အခြေခံနှင့်တန်းမြင့်...

တောင်အာဖရိက ဂျီ ၂၀ ထိပ်သီးအစည်းအဝေး...

လော့ဆန်းဂျလိစ်၊မေ ၂၁ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုက ယခုနှစ်နှောင်းပိုင်း၌ တောင်အာဖရိကတွင်ကျင်းပမည့် ဂျီ ၂၀ ထိပ်သီးအစည်းအဝေးသို့ သမ္မတထရမ့်ပ်တက်မည်မဟုတ်ကြောင်းပြောကြားခဲ့သည်။ "သမ္မတရော နိုင်ငံ‌‌ခြားရေးဝန်ကြီးဌာနအဆင့်ပါ တောင်အာဖရိကမှာလုပ်မဲ့ အခုနှစ် ဂျီ...
HomeInternationalရုရှားမှဂျုံတန်ချိန် ငါးသိန်းတင်သွင်းရန်ဘင်္ဂလားဒေ့ရှ်စီစဉ်

ရုရှားမှဂျုံတန်ချိန် ငါးသိန်းတင်သွင်းရန်ဘင်္ဂလားဒေ့ရှ်စီစဉ်

ရုရှားမှဂျုံတန်ချိန် ငါးသိန်းတင်သွင်းရန်ဘင်္ဂလားဒေ့ရှ်စီစဉ်

ဒါကာ၊ဩဂုတ် ၂၈
ကုန်ဈေးနှုန်းများမြင့်တက်လာချိန်တွင် ရိက္ခာရရှိရန်ကြိုးပမ်းနေသောဘင်္ဂလားဒေ့ရှ်သည် ရုရှားနိုင်ငံမှဂျုံတန်ချိန်ပေါင်း ၅၀၀,၀၀၀ ကိုတစ်တန်လျှင် ဒေါ်လာ ၄၃၀ နှုန်းဖြင့်တင်သွင်းရန်စီစဉ်ထားကြောင်း အဆိုပါကိစ္စနှင့်တိုက်ရိုက်ပတ်သက်သူ အစိုးရအရာရှိနှစ်ဦးကပြောကြားခဲ့သည်။

ယူကရိန်းနှင့်ရုရှားအရေးကြောင့် ဂျုံတင်ပို့ရန်ခက်ခဲနေသည့် ဒါကာသည် ၎င်း၏အကြီးမားဆုံးဂျုံတင်ပို့သူတစ်ဦးဖြစ်သည့် အိန္ဒိယမှမေလကဂျုံတင်ပို့မှုကိုပိတ်လိုက်ချိန်မှစ၍ ဂျုံတင်သွင်းရန်နည်းလမ်းများကို ရှာဖွေနေခဲ့သည်။

ရုရှားနှင့်သဘောတူညီချက်ကို ရက်အနည်းငယ်အတွင်း လက်မှတ်ရေးထိုးမည်ဖြစ်ပြီး ဇန်နဝါရီလမှစတင်ကာ အဆင့်ဆင့်တင်ပို့မည်ဖြစ်ကြောင်း အရာရှိတစ်ဦးကပြောကြားခဲ့သည်။ယခုသွင်းကုန်အတွက် ဘင်္ဂလားဒေ့ရှ်မှ ဒေါ်လာဖြင့်ပေးဆောင်ရမည်ဖြစ်ပြီး ကုန်ကျစရိတ်များတွင် ကုန်စည်ပို့ဆောင်မှု၊အာမခံနှင့်ကုန်တင်ကုန်ချလုပ်အားခများပါဝင်သည်ဟု အခြားအရာရှိတစ်ဦးကဆိုသည်။နှစ်ဖက်တာဝန်ရှိသူများက ၎င်းတို့အနေဖြင့်မီဒီယာသို့ပြောခွင့်မရှိသောကြောင့် အမည်မဖော်လိုကြောင်းပြောခဲ့သည်။

ဝန်ကြီးချုပ်၏ ပုဂ္ဂလိကစက်မှုလုပ်ငန်းနှင့် ရင်းနှီးမြှုပ်နှံမှုအကြံပေး မစ္စတာ Salman Fazlur Rahman ကလည်း ဘင်္ဂလားဒေ့ရှ်သည် ရုရှားထံမှ ဂျုံနှင့်ဓာတ်မြေဩဇာများဝယ်ယူနေကြောင်း ရိုက်တာသတင်းဌာနသို့ပြောကြားခဲ့သည်။

“ရုရှားနိုင်ငံကနေ အစားအစာနဲ့ ဓာတ်မြေဩဇာ‌ေတွတင်သွင်းတဲ့အတွက် ဒေါ်လာနဲ့ ကမ္ဘာလုံးတစ်ဝန်းမှာရှိတဲ့ဘဏ် ၂၄ ခု က‌ ေနငွေပေးချေနိုင်ပြီး အဲ့ဒီတင်သွင်းမှုတွေအတွက် ကန့်သတ်ပိတ်ပင်ထားတာမျိုးမရှိပါဘူး” ဟု ၎င်းကဆက်လက်ပြောကြားခဲ့သည်။

အိန္ဒိယမှတင်ပို့မှုကိုတားမြစ်လိုက်ပြီးနောက် ယခုနှစ်အစောပိုင်းက သုံးနှစ်အတွင်းအနိမ့်ဆုံးဖြစ်သွားသည့် အစိုးရစတော့များကိုထိန်းညိှရန် နိုင်ငံတကာတင်ဒါများမှကြိုးပမ်းခဲ့သော်လည်း တည်ငြိမ်မှုမရှိသောကမ္ဘာ့ဈေးကွက်တွင် အလွန်မြင့်မားနေသည့်ဈေးနှုန်းများကြောင့် တင်ဒါအချို့ကိုဖျက်သိမ်းခဲ့ရသည်ဟုဆိုသည်။

ဘင်္ဂလားဒေ့ရှ်သည် ဟိုယခင်ကပင်လယ်နက်ဂျုံကိုအဓိကတင်သွင်းသူတစ်ဦးဖြစ်သော်လည်း ရုရှားကယူကရိန်းသို့ကျူးကျော်ခဲ့သည့် ဖေဖော်ဝါရီလနှောင်းပိုင်းမှစကာ နိုင်ငံသို့တင်သွင်းမှုမရှိတော့ချေ။ပုဂ္ဂလိကကုန်သည်များသည်  ရုရှား၊ယူကရိန်းနှင့်ဘူလ်ဂေးရီးယားတို့မှ ပင်လယ်နက်ဂျုံကို စတင်တင်သွင်းနေပြီဖြစ်သည်ဟု စက်မှုလုပ်ငန်းဆိုင်ရာ သတင်းရင်းမြစ်တစ်ဦးကပြောကြားခဲ့သည်။အိမ်နီးချင်း အိန္ဒိယနိုင်ငံသည်ဂျုံတင်ပို့မှုတားမြစ်ချက်ကိုရုတ်သိမ်းရန်မဖြစ်နိုင်သောကြောင့် ယခုလိုဝယ်ယူရခြင်းဖြစ်သည်ဟုဆိုသည်။

ဘင်္ဂလားဒေ့ရှ်သည် ၂၀၂၁ ခုနှစ် ဇွန်လအထိဂျုံတန်ချိန်ပေါင်း ၅ ဒသမ ၄ သန်းတင်သွင်းခဲ့ပြီး အိန္ဒိယမှ ၂၄ ရာခိုင်နှုန်း၊ရုရှားမှ ၂၁ ရာခိုင်နှုန်းနှင့် ယူကရိန်းမှ ၁၇ ရာခိုင်နှုန်းတို့ဖြစ်သည်။ဘင်္ဂလားဒေ့ရှ်သည် ပြည်တွင်းဂျုံလိုအပ်ချက်ကိုကာမိရန် တင်သွင်းမှုကိုသာမှီခိုနေရခြင်းဖြစ်သည်။နိုင်ငံ၏အထွက်နှုန်းမှာ တန်ချိန်တစ်သန်းခန့်အထိသာထွက်ရှိပြီးတန့်နေသောကြောင့်ဖြစ်သည်။

ကုန်ဈေးနှုန်းကြီးမြင့်မှု၏ သက်ရောက်မှုကိုထိန်းချုပ်ရင်ဆိုင်နေရသောအစိုးရသည် ယခုလအစောပိုင်းတွင် ရေနံဈေးကို ၅၁ ဒသမ ၇ ရာခိုင်နှုန်းအထိမြှင့်တင်လိုက်သောကြောင့် အခြားပြဿနာများနှင့်ပါရင်ဆိုင်ရနိုင်သည်ဟုဆိုသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် အနောက်နိုင်ငံများ၏ပိတ်ဆို့ဒဏ်ခတ်ခြင်းခံထားရသည့် ရုရှားထံမှဈေးနှုန်းသက်သက်သာသာဖြင့် လောင်စာဆီတင်သွင်းနိုင်မည်ဟူသည့် ရုရှား၏ကမ်းလှမ်းချက်က ဒါကာအတွက် စိန်ခေါ်မှုတစ်ရပ်ဖြစ်နေသော်လည်း အဆိုပါကမ်းလှမ်းချက်ကို ပြန်လည်သုံးသပ်နေကြောင်းတာဝန်ရှိသူများကပြောကြားခဲ့သည်။

Source၊ ရိုက်တာ

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

နိုင်ငံသားတိုင်း နိုင်ငံ၏ သမိုင်းဖြစ်ရပ်မှန်များကိုသိရှိပြီး နိုင်ငံတော်တည်ဆောက်ရာတွင် ဦးဆောင်လူငယ်များအဖြစ်ပါဝင်ကြရန် နစက ဥက္ကဋ္ဌ တိုက်တွန်း

နစက ဥက္ကဋ္ဌမှ ယနေ့ မေ ၂၁ ရက်နံနက်ပိုင်းက နေပြည်တော်ရှိ ဇေယျာသီရိဗိမာန်၌ကျင်းပသည့် အခြေခံနှင့်တန်းမြင့်ရေကြောင်းလူငယ်သင်တန်းအမှတ်စဉ်(၁/၂၀၂၅)နှင့် အခြေခံနှင့်တန်းမြင့်လေကြောင်းလူငယ်သင်တန်း(၁/၂၀၂၅)တို့မှ သင်တန်းသား၊ သင်တန်းသူများနှင့် အုပ်ချုပ်သူနည်းပြများအားတွေ့ဆုံ၍ အမှာစကားပြောကြားစဉ် မျိုးဆက်သစ်လူငယ်များနှင့် ပတ်သက်၍ ထည့်သွင်းပြောကြားခဲ့သည်။ " ဒီမြေမှာမွေး ဒီမြေမှာကြီးပြင်းခဲ့ကြသူတွေပီပီ အမိနိုင်ငံတော်ကြီးရဲ့ သမိုင်းကြောင်းအစဉ်အလာတွေကိုကောင်းစွာသိရှိနားလည်ထားရပါမယ်။ မိမိတို့နိုင်ငံရဲ့ လွတ်လပ်ရေးဟာ မျိုးချစ်လူငယ်တွေက ခေတ်မီတပ်မတော်တစ်ရပ်ထူထောင်ပြီး ပြည်သူလူထုရဲ့ တစ်စိတ်တစ်ဝမ်းတည်းပူးပေါင်းကြိုးပမ်းမှုတွေကြောင့်ရရှိခဲ့တာဖြစ်ပါတယ်"ဟု နစက ဥက္ကဋ္ဌကပြောသည်။ ထို့ပြင် နစက အနေဖြင့် နိုင်ငံရေးရည်မှန်းချက် နှစ်ရပ်နှင့် အမျိုးသားရေး ရည်မှန်းချက်နှစ်ရပ်တို့ကို ချမှတ်ဆောင်ရွက်လျက်ရှိကာ ပြည်သူများလိုလားသည့် ပါတီစုံဒီမိုကရေစီစနစ်ကိုလျှောက်လှမ်းရာတွင် နိုင်ငံသားတိုင်းသည်...

လွတ်လပ်စွာကုန်သွယ်မှုအဆင့်မြှင့်တင်ရေး တရုတ်၊ အာဆီယံစေ့စပ်မှုပြီးစီး

တရုတ်နှင့် အရှေ့တောင်အာရှနိုင်ငံများအသင်း(အာဆီယံ) တို့သည် ဒစ်ဂျစ်တယ်၊ အစိမ်းရောင်စီးပွားရေးနှင့် အခြား လုပ်ငန်းနယ်ပယ်အသစ်များ ပါဝင်လာမည့် ၎င်းတို့၏ လွတ်လပ်စွာကုန်သွယ်မှုနယ်ပယ်ကို ထပ်မံပြင်ဆင်‌ေရးကိုစေ့စပ်ဆွေးနွေးမှုသည်အောင်မြင်ပြီးမြောက်ခဲ့ကြောင်း တရုတ်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ဗုဒ္ဓဟူးနေ့တွင် ပြောကြားခဲ့သည်။ အာဆီယံသည် တရုတ်နိုင်ငံ၏ အကြီးဆုံး ကုန်သွယ်ဖက်ဖြစ်ပြီး ၂၀၂၅ ခုနှစ် ပထမသုံးလပတ်တွင် စုစုပေါင်းကုန်သွယ်မှုတန်ဖိုးသည် အမေရိကန်ဒေါ်လာ ၂၃၄ ဘီလျံအထိ ရှိခဲ့သည်ဟု တရုတ်အကောက်ခွန် အချက်အလက်များအရ သိရသည်။ ၃.၀ ဗားရှင်းဟု ခေါ်ဆိုသော လွတ်လပ်စွာကုန်သွယ်မှုနယ်ပယ်သည် ဒေသတွင်းနှင့် ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်မှုကို အားသစ်လောင်းပေးမည်ဖြစ်ကာ ပွင့်လင်းမှု၊ အားလုံးပါဝင်မှုနှင့် နှစ်ဦးနှစ်ဘက် ပူးပေါင်းဆောင်ရွက်မှုတို့ကို...

မြန်မာ့ပြည်တွင်းရေးကို အမှန်တရားဘက်မှ အရှိအတိုင်းရပ်တည်ပေးသော နိုင်ငံများသည် နိုင်ငံတော်၏ မိတ်ဆွေကောင်းများဖြစ်သည်ဟု နစက ဥက္ကဋ္ဌ ပြောကြား

မိတ်ဆွေကောင်း၏အရေးပါမှုနှင့်ပတ်သက်၍ နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့ မေ ၂၁ ရက်နံနက်ပိုင်းက နေပြည်တော်ရှိ ဇေယျာသီရိဗိမာန်၌ကျင်းပသည့် အခြေခံနှင့်တန်းမြင့်ရေကြောင်းလူငယ်သင်တန်းအမှတ်စဉ်(၁/၂၀၂၅)နှင့် အခြေခံနှင့်တန်းမြင့် လေကြောင်းလူငယ်သင်တန်း(၁/၂၀၂၅)တို့မှ သင်တန်းသား၊ သင်တန်းသူများနှင့် အုပ်ချုပ်သူနည်းပြများအားတွေ့ဆုံစဉ် ပြောကြားခဲ့ခြင်းဖြစ်သည်။ " လူရယ်လို့ဖြစ်လာရင် မိတ်ကောင်းဆွေမွန်ရှိဖို့လိုအပ်ပါတယ်။ တစ်ဦးနဲ့တစ်ဦးနားလည်မှု၊ ရိုင်းပင်းကူညီမှု၊ စာနာဖေးမမှု၊ အမှားတွေ့ရင် စေတနာနဲ့ဝေဖန်ထောက်ပြမှုတွေဟာ မိတ်ဆွေအချင်းချင်းပြုမူပေးတတ်တဲ့ အလေ့အကျင့်ကောင်းတွေဖြစ်ပါတယ်။ အဲ့လို မိတ်ဆွေကောင်းတွေကိုပိုင်ဆိုင်ခြင်းအားဖြင့် မိမိတို့ဖြတ်သန်းရမယ့် အနာဂတ်ဘဝကို ဖြောင့်တန်းအောင်လျှောက်လှမ်းနိုင်ကြမှာပဲဖြစ်ပါတယ်"ဟု နစက ဥက္ကဋ္ဌကပြောသည်။ ထို့အတူ လူတိုင်းတွင်မိတ်ဆွေကောင်းရှိရန်အရေးကြီးသကဲ့သို့ တိုင်းရင်းသားလူမျိုးပေါင်းစုံဖြင့် ဖွဲ့ စည်းတည်ဆောက်ထားသည့် မိမိတို့နိုင်ငံတော်ကြီးသည်လည်း...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071