မလေးရှားနိုင်ငံရှိ ဆေးရုံတစ်ရုံ၌ မြန်မာနိုင်ငံသားတစ်ဦး ကြိုးဆွဲချသေဆုံး

0
174

မလေးရှားနိုင်ငံရှိ ဆေးရုံတစ်ရုံ၌ မြန်မာနိုင်ငံသားတစ်ဦး ကြိုးဆွဲချသေဆုံး

မလေးရှားနိုင်ငံ၊ဂျိုဟိုးပြည်နယ်၊ဂျိုဟိုးဘရူးမြို့ဆေးရုံကြီးတွင် မြန်မာနိုင်ငံသားတစ်ဦး ကြိုးဆွဲချသေဆုံးသွားခဲ့ကြောင်း မြန်မာလူမှုကူညီရေးအသင်း(မလေးရှား)မှ သိရသည်။

အဆိုပါ မြန်မာနိုင်ငံသားကြိုးဆွဲချသေဆုံးမှုအား လာရောက်မေးမြန်းစုံစမ်းမှုများမရှိသည့်အပြင် သေဆုံးသူ၏ နာမည်နှင့်နေရပ်လိပ်စာတို့အား သိရှိရခြင်းမရှိ၍ ဆေးရုံကြီး၏ တာဝန်ရှိသူများက သေဆုံးသူအားသိရှိနိုင်ရန် မြန်မာလူမှုကူညီရေးအသင်း(မလေးရှား)သို့ ဆက်သွယ်အကူအညီတောင်းခံခဲ့ကြသည်။

ထို့ကြောင့် ယင်း အမျိုးသား၏နာရေးကိစ္စများဆက်လက်ပြုလုပ်ရန် သေဆုံးသူအား သိရှိသူများနှင့်မိသားစုဝင်များအနေဖြင့် ဆက်သွယ်အကူအညီတောင်းခံနိုင်သည်ဟု မြန်မာလူမှုကူညီရေးအသင်း(မလေးရှား)မှ သိရသည်။

အလားတူ ထွန်းသစ်စပရဟိတလူမှုကူညီရေးအသင်း(J.B) ဖုန်း 016-6006588 ၊ ရတ္တနာ့စက္အနာရေးကူညီမှုအသင်း(J.B)ဖုန်း 013-7838448 ၊ မြန် မာလူမှုကူညီရေးအသင်း(မလေးရှား)K.L ဖုန်း 016-6577903 တို့သို့ ဆက်သွယ်နိုင်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here