ထိုင်းနိုင်ငံတွင် မြန်မာနိုင်ငံသားတစ်ဦး ဓားထိုးခံရသဖြင့် သေဆုံးခဲ့

0
936

ထိုင်းနိုင်ငံတွင် မြန်မာနိုင်ငံသားတစ်ဦး ဓားထိုးခံရသဖြင့် သေဆုံးခဲ့

ထိုင်းနိုင်ငံ၊နခွန်ပထုမ်ခရိုင်၊စိုင်ဟာ့လမ်း၊လဲန်ထောင်ကြက်သားအလုပ်ရုံအနီးတွင် သြဂုတ် ၂၃ ရက်နံနက်ပိုင်းက ဓားထိုးခံထားရသည့် ဒဏ်ရာများဖြင့်နေဆုံးနေသော မြန်မာနိုင်ငံသားတစ်ဦး၏ ရုပ်အလောင်းအားတွေ့ရှိခဲ့ရသည်။

လဲန်ထောင်ကြက်သားအလုပ်ရုံအနီးရှိ တံတားပေါ်တွင် ဓားဒဏ်ရာများဖြင့်သေဆုံးနေသူတစ်ဦး၏ ရုပ်အလောင်းတွေ့ရှိကြောင်း သတင်းအရ ဖိုကေဲ့င်ရဲစခန်းမှတာဝန်ရှိသူများက သွားရောက်စစ်ဆေးခဲ့ကြသည်။

ထိုသို့ စစ်ဆေးရာ သေဆုံးသူသည် မြန်မာနိုင်ငံသားတစ်ဦးဖြစ်သည့် ကိုစောရဲမင်း ပတ်စပို့နံပတ် MD-891748 ကိုင်ဆောင်ထားသူဖြစ်ကြောင်း စစ်ဆေးသိရှိခဲ့ရသည်။

ထို့ကြောင့် ရဲတပ်ဖွဲ့တာဝန်ရှိသူများနှင့်ဆရာဝန်များမှ စစ်ဆေးမှုများပြုလုပ်ပြီးနောက် အသေး စိတ်ထပ်မံစစ်ဆေးရန် ရုပ်အလောင်းအား စီရီရပ်ဆေးရုံကြီးကို ပို့ဆောင်ခဲ့ကြကြောင်း သိရသည်။

အလားတူ ရဲတပ်ဖွဲ့တာဝန်ရှိသူများမှလည်း ဖြစ်စဥ်ဖြစ်ပွားရသည့်အကြောင်းရင်းနှင့်ပြစ်မှုကျူး လွန်သူအား ဖော်ထုတ်ဖမ်းဆီးရမိရေးအတွက် စုံစမ်းစစ်ဆေးမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here