နဂါးရစ်တောင်ဆရာတော်ဘုရားကြီးရဲ့ အလှူ ၅ မျိုးအတွက် လစဥ်အလှူငွေ ဆယ်သိန်းကျပ်လှူဒါန်းခဲ့တဲ့ နှိုင်းယှဥ်မြင့်မိုရ်

0
769

နဂါးရစ်တောင်ဆရာတော်ဘုရားကြီးရဲ့ အလှူ ၅ မျိုးအတွက် လစဥ်အလှူငွေ ဆယ်သိန်းကျပ်လှူဒါန်းခဲ့တဲ့ နှိုင်းယှဥ်မြင့်မိုရ်

နှိုင်းယှဥ်မြင့်မိုရ် ဟာအလုပ်မှရတဲ့ ငွေများမှ တစ်နေ့ ၅ သောင်းစုကာ နဂါးရစ်တောင် ဆရာတော်ဘုရားကြီးရဲ့ အလှူ၅ မျိုးအတွက် လစဥ်အလှူငွေ ၁၀ သိန်းကျပ်လှူဒါန်းခဲ့တာဖြစ်ပါတယ်။

အခုလိုလှူဖြစ်ပုံနဲ့ပတ်သက်ပြီး နှိုင်းယှဥ်မြင့်မိုရ် က”မရှိတဲ့ဘဝလေးထဲက လစဉ်လှူနေကြအလှူလေးပါဘုရား ဒုက္ခရောက်ခဲ့စဉ်ထဲက ဈေးသွားလို့ ဈေးဖိုးလေးပိုရင်လည်း ဘုန်းဘုန်းရဲ့စုဗူးလေးထဲပြေးထည့် ကားရိုက်ရလို့ပြန်လာရင်လည်းဦးဦးဖျားဖျားထည့် သီချင်းဆိုပြီးပြန်လာရင်လည်း စုဗူးလေးထဲ ဖယ်ထားတဲ့ငွေလေးထည့်ပီး လှုဒါန်းခဲ့မိတယ်ခုဆိုရင်လည်း တနေ့ ၅ သောင်း ဖယ်ဖယ်ထားပီး ရက် ၂၀လောက်တစ်ခါ တစ်လလောက်ဆိုတစ်ခါ အမြဲလှုတယ်အလုပ်ကပြန်လာတိုင်း ငွေ ၅ သောင်းဖယ် ဘုန်းဘုန်းရဲ့မြသပိတ်ထဲအမြဲထည့်ပီးမှ ဟိုဘက်အဖေအမေ ဒီဘက်အဖေအမေအတွက်ဖယ်ပီး ကျန်တာ မိတ်ကပ်ဖိုး အဝတ်ဖိုး ထုတ် နေ့စဉ်လုပ်နေကြပါ

ဒီလရက်၂၀ ရက်စာအတွက် ဘုန်းဘုန်းရဲ့ နေ့စဉ်အလှူငါးမျိုးအတွက် တပည့်တော်မတို့မိသားစုရဲ့ချွေးနဲစာသန့်သန့်ရှင်းရှင်းရှာဖွေထားတဲ့ အလှူပါဘုရား ” လို့ သူမလက်ရှိအသုံးပြုနေတဲ့ လူမှုကွန်ယက်စာမျက်နှာမှာ ရေးသားဖော်ပြခဲ့တာဖြစ်ပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here