Saturday, May 24, 2025

လုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှူပူဇော်ပြီးသည့် ရွှေတိဂုံစေတီတော်မြတ်ကြီးအား ဗုဒ္ဓါဘိသေကအနေ ကဇာတင်

၂၀၂၄-၂၀၂၅ ခုနှစ် လုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှူပူဇော်ပြီးသည့် ရွှေတိဂုံစေတီတော်မြတ်ကြီးအား စေတီတော်မြတ်ကြီး၏ သြဝါဒါစရိယဆရာတော်ကြီး(၁၁)ပါးနှင့်ပင့်သံဃာ့တော်(၁၀၈)ပါးတို့က ယနေ့ မေ ၂၄ ရက်နံနက်ပိုင်းက ဗုဒ္ဓါဘိသေကအနေကဇာတင်လှူပူဇော်ခဲ့ကြသည်။ ရွှေတိဂုံစေတီတော်မြတ်ကြီး၏ အထက်ပစ္စယံပတ္တမြားမျက်ရှင်တန်ဆောင်းနှင့် စေတီတော်အာရုံခံမုခ်ဦးလေးဘက်ဧည့်ခံတန်ဆောင်းများ၌...

မြန်မာအစိုးရနှင့်ထိတွေ့ဆက်ဆံမှုကျယ်ပြန့်စေရန်ထိုင်းကတွန်းအားပေးနေ

လာမည့်သီတင်းပတ်တွင် ကျင်းပပြုလုပ်မည့် အရှေ့တောင်အာရှခေါင်းဆောင် ထိပ်သီးအစည်းအဝေးတွင် မြန်မာနိုင်ငံနှင့် နိုင်ငံတကာ ပိုမိုထိတွေ့ဆက်ဆံရေးအတွက် ထိုင်းနိုင်ငံကရပ်တည်‌ပြောကြားပေးမည်ဖြစ်ကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ပြောကြားခဲ့ပြီး ရှည်ကြာနေသော ပြည်တွင်းစစ် အဆုံးသတ်ရေးတွင်...

ဟမ်းဘတ်မြို့ဘူတာရုံတွင် ဓ-ားဖြင့်တိုက်ခိုက်မှုဖြစ်ပွားခဲ့ရာ လူ ၁၈...

ဂျာမနီနိုင်ငံ၊ ဟမ်းဘတ်မြို့ရှိ အဓိကရထားဘူတာရုံတွင် သောကြာနေ့ညနေပိုင်းက ဓ-ားဖြင့်တိုက်ခိုက်မှုဖြစ်ပွားခဲ့ရာ လူ ၁၈ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။ အသက်အန္တရာယ်စိုးရိမ်ရသည့် ဒဏ်ရာများရရှိခဲ့သူ လေးဦးမှာ...

ထိုင်းမှာ ရဲရဟတ်ယာဉ်ပျ-က်ကျ၍လူသုံးဦး‌ေ-သဆုံး

ထိုင်းနိုင်ငံ ပရာချွတ်ခီရီခန် ပြည်နယ် မွမ်ခရိုင်တွင် စနေနေ့ မွန်းလွဲပိုင်းက ရဲရဟတ်ယာဉ်တစ်စင်း ပျ-က်ကျ မီးလေ-ာင်ခဲ့မှုကြောင့် လူ သုံးဦး‌ေ-သဆုံးကာ တစ်ဦးလေထီးခုန်ထွက်ခဲ့ကြောင်း သိရသည်။ နွန်ကော့ကျေးရွာတွင်...
HomeNewsLocal Newsစိုက်ပျိုးရေး ရန်ပုံငွေ ဘီလီယံ...

စိုက်ပျိုးရေး ရန်ပုံငွေ ဘီလီယံ ၄၀၀ ထုတ်ချေးပေးခြင်းမှာ ငွေလည်ပတ်စေရန် ဖြစ်ကြောင်း နစက ဥက္ကဋ္ဌ ဗိုလ် ချုပ်မှူးကြီးမင်းအောင်လှိုင်ပြော

စိုက်ပျိုးရေး ရန်ပုံငွေ ဘီလီယံ ၄၀၀ ထုတ်ချေးပေးခြင်းမှာ ငွေလည်ပတ်စေရန် ဖြစ်ကြောင်း နစက ဥက္ကဋ္ဌ ဗိုလ် ချုပ်မှူးကြီးမင်းအောင်လှိုင်ပြော

နိုင်ငံတော်က စိုက်ပျိုးရေး ကဏ္ဍအတွက် ကျပ်ငွေ (၄၀၀) ဘီလီယံ ထုတ်ချေးပေးခြင်းသည် ငွေလည်ပတ်စေရန်အတွက် အကျိုးရှိမည့်နေရာတွင် အသုံးချခြင်း ဖြစ် ကြောင်း နစက ဥက္ကဋ္ဌက ပြောကြားသည်။

ဩဂုတ်လ (၂၂) ရက်က နေပြည်တော်တွင် ပြုလုပ်သည့် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးတွင် ၎င်းက ပြောကြားခဲ့ခြင်း ဖြစ်သည်။

” ငွေဆိုတာကတော့ အိပ်နေတာ မကောင်းဘူး။ လည်ပတ်နေတာ အကောင်းဆုံးပဲ။ အဲ့ဒီတော့ ငွေဆိုတာကတော့ လည်ပတ်သုံးစွဲတာကတော့ ကောင်းတယ်။ ဒီလိုငွေအိပ်နေမယ့်အစားကို အကျိုးရှိတာ ဘာလုပ်မလဲ ဆိုတဲ့ အခါကျတော့ စဉ်းစားတဲ့ အခါမှာ ခုနကပြောတဲ့ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းမှာ အသုံးချနိုင်ရင် ကောင်းမယ်ဆိုတဲ့ အတွေးလေးဝင်လာတယ်။ဒါကြောင့် ကျွန်တော်တချို့ဝန် ကြီးတွေနဲ့ တိုင်ပင်ကြည့်တယ်။ ဒါလေး လုပ်ချင်တယ်။ ငွေတွေထုတ်သုံးလိုက်မယ်။ သူတို့ ဒါဆိုရင်တော့ ဘယ်လိုခေါင်းစဉ်နဲ့ သုံးရင် ဖြစ်နိုင်မယ်ဆိုပြီး သူတို့က ဒါလေးတွေ အကြံပြုကြတယ်။ အဲ့ဒါနဲ့ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဆိုပြီးတော့ ပေါ်လာတာဖြစ်ပါတယ်” ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။

အဆိုပါ နိုင်ငံ့ စီးပွားမြှင့်တင်ရေး ရန်ပုံငွေ ကျပ် (၄၀၀) ဘီလီယံကို ပြည်နယ်နှင့် တိုင်းအလိုက် အချိုးကျ ခွဲဝေကာ စိုက်ပျိုးမွေးမြူရေး ကဏ္ဍကို ပထမ ဦးစားပေးအနေဖြင့် ထုတ်ချေးသွားမည်ဖြစ်ပြီး အဆိုပါ ကဏ္ဍမှ ထွက်ရှိလာမည့် ထုတ်ကုန်ပစ္စည်းများအတွက် စက်ရုံအလုပ်အလုပ်များ တည်ဆောက်ရေး၊ ကုန်ချောထုတ်လုပ်မှုကဏ္ဍများအတွက် ဒုတိယ ဦးစားပေးအနေဖြင့် အသုံးပြုသွားမည်ဖြစ်ကြောင်း သိရသည်။

စိုက်ပျိုးရေး ကဏ္ဍအတွက် ချေးငွေထုတ်ချေးပေးရာတွင် စပါး၊ ပဲနှင့် ဝါ သီးနှံများအတွက် ထုတ်ချေးပေးရန် စဉ်းစားခဲ့သော်လည်း ဝါစိုက်ရာသီကျော်လွန်နေပြီဖြစ်သည့်အတွက် နွေစပါးနှင့်ပဲသီးနှံအတွက် ကနဦး ထုတ်ချေးခဲ့ခြင်း ဖြစ်ကြောင်း နစက ဥက္ကဋ္ဌက ပြောသည်။

” စိုက်ပျိုးရေးနဲ့လုပ်တဲ့ နိုင်ငံတော်ကိုပြန်ပြီးတော့ အထောက်အကူရမယ့်လုပ်ငန်း ဘာနဲ့မီမလဲဆိုပြီးတော့၊ စပါးစိုက်ပျိုးရေးနဲ့ ပဲစိုက်ပျိုးရေးနှစ်ခုသွားတွေ့တယ်။ အဲဒီတုန်းက ကျွန်တော် သုံးခုစဉ်းစားခဲ့တာပေါ့။ ဝါ ပါ ပါတယ်။ စပါးရယ်၊ ပဲရယ်။ ဝါရယ် စဉ်းစားခဲ့တာ။ဒါပေမဲ့ ဝါက အ ချိန်မမီဘူး။ ဝါကအခု စိုက်နေကြပြီ။ မိုးကြိုဝါတွေ စိုက်နေကြပြီဆိုတော့ မမီနိုင်ဘူး။ မမီနိုင်တော့ မီတဲ့လုပ်ငန်း ဘာရှိမလဲဆိုတော့ ပဲနဲ့စပါးရှိတဲ့အတွက်ကြောင့် နွေစပါးနဲ့ပဲတီစိမ်း ပဲနှစ်မျိုးကို ဆောင်ရွက်ခြင်းဖြစ်ပါတယ်” ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။

အဆိုပါ ချေးငွေများကို ၂၅ ရာခိုင်နှုန်း (၄) ကြိမ်ခွဲ၍ ပြန် လည် ပေးချေရမည်ဖြစ်ပြီး သီးနှံ‌(၄) ရာသီ ပြီးပါက ချေး ငွေအားလုံးပေးချေနိုင်မည်ဖြစ်ကြောင်းလည်း ၎င်းက ပြောကြားခဲ့သည်။

“စိုက်ပျိုးရေး ထောက်ပံ့ငွေ၊ ချေးငွေယူတဲ့ သူကတော့ အဲ့ထဲကနေ (၂၅) ရာခိုင်နှုန်း ပြန်ဆပ်။ (၇၅) ရာခိုင်နှုန်းယူထား၊ သူကတော့ အကျိုးအမြတ် စားပေါ့လေ။ ပြီးရင် နောက်တစ်သီး ကျလို့ရှိရင် သူက (၂၅) ရာခိုင်နှုန်းပြန်ဆပ်၊ (၇၅) ရာခိုင်နှုန်း သူစား၊ အဲဒီတော့ ၄ သီးစားပြီးလို့ရှိရင် သူ့ရဲ့ အကြွေးတွေ အကုန်ကြေသွားမယ်” ဟု ၎င်းက ဆိုသည်။

အဆိုပါ ချေးငွေများသည် ကိုဗစ်ရန်ပုံငွေများထဲမှ ငွေကျပ် (၄၀၀) ဘီလီယံကို နိုင်ငံစီးပွားမြှင့်တင်ရေး ရန်ပုံငွေအနေဖြင့် ရန်ပုံငွေတစ်ရပ် ထူ ထောင်ကာ စိုက်ပျိုးရေးကဏ္ဍအတွက် ပြည်နယ်နှင့် တိုင်းအလိုက် လျာထားသတ်မှတ်ကာ ထုတ်ချေးပေးနေခြင်း ဖြစ်သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

လုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှူပူဇော်ပြီးသည့် ရွှေတိဂုံစေတီတော်မြတ်ကြီးအား ဗုဒ္ဓါဘိသေကအနေ ကဇာတင်

၂၀၂၄-၂၀၂၅ ခုနှစ် လုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှူပူဇော်ပြီးသည့် ရွှေတိဂုံစေတီတော်မြတ်ကြီးအား စေတီတော်မြတ်ကြီး၏ သြဝါဒါစရိယဆရာတော်ကြီး(၁၁)ပါးနှင့်ပင့်သံဃာ့တော်(၁၀၈)ပါးတို့က ယနေ့ မေ ၂၄ ရက်နံနက်ပိုင်းက ဗုဒ္ဓါဘိသေကအနေကဇာတင်လှူပူဇော်ခဲ့ကြသည်။ ရွှေတိဂုံစေတီတော်မြတ်ကြီး၏ အထက်ပစ္စယံပတ္တမြားမျက်ရှင်တန်ဆောင်းနှင့် စေတီတော်အာရုံခံမုခ်ဦးလေးဘက်ဧည့်ခံတန်ဆောင်းများ၌ ဆရာတော်ကြီးများက ဗုဒ္ဓါဘိသေကအနေကဇာတင်လှူပူဇော်ခဲ့ကြပြီး ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်ပြည့်စုံလင်း၊ သာသနာရေးနှင့်ယဥ်ကျေးမှုဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်နှင့် တာဝန်ရှိသူများ၊ အလှူရှင်များတက်ရောက်ကြည်ညိုပူဇော်ခဲ့ကြသည်။ ထို့ပြင် လုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှူပူဇော်ခြင်းအောင်ပွဲအထိမ်းအမှတ် ရေစက်ချမင်္ဂလာအခမ်းအနားကျင်းပရာ ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးစိုးသိန်းနှင့် တာဝန်ရှိသူများ၊ အလှူရှင်များက ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့၏ ဩဝါဒါစရိယ ယောဆရာတော်ထံမှ ငါးပါးသီခံယူဆောက်တည်ခဲ့ကြသည်။ ထို့အတူ ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးစိုးသိန်းမှ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး(ကိုယ်စား) သာသနာရေးဆိုင်ရာများ ဖတ်ကြားလျှောက်ထားပြီး ဆရာတော်ကြီးများအား လှူဖွယ်ဝတ္ထုပစ္စည်းများဆက်ကပ်လှူဒါန်းခဲ့သည်။ ထိုသို့ ဆက်ကပ်လှူဒါန်းပြီးနောက်...

မြန်မာအစိုးရနှင့်ထိတွေ့ဆက်ဆံမှုကျယ်ပြန့်စေရန်ထိုင်းကတွန်းအားပေးနေ

လာမည့်သီတင်းပတ်တွင် ကျင်းပပြုလုပ်မည့် အရှေ့တောင်အာရှခေါင်းဆောင် ထိပ်သီးအစည်းအဝေးတွင် မြန်မာနိုင်ငံနှင့် နိုင်ငံတကာ ပိုမိုထိတွေ့ဆက်ဆံရေးအတွက် ထိုင်းနိုင်ငံကရပ်တည်‌ပြောကြားပေးမည်ဖြစ်ကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ပြောကြားခဲ့ပြီး ရှည်ကြာနေသော ပြည်တွင်းစစ် အဆုံးသတ်ရေးတွင် သံတမန်ရေးရာအရပိုမို အားထုတ်ရန် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုကို တွန်းအားပေးဆောင်မည်ဟု သူကဆိုသည်။ အာဆီယံက ချမှတ်ထားသော ၂၀၂၁ ခုနှစ် ငြိမ်းချမ်းရေးအစီအမံသည် မကြာသေးခင်ကအထိ တိုးတက်မှု တစ်စုံတရာမရှိခဲ့သော်လည်း အာဆီယံဥက္ကဌ မလေးရှားနိုင်ငံဝန်ကြီးချုပ် အန်ဝါ အီဘရာဟင်မ်သည် နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့်လည်းကောင်း၊ NUG နှင့် လည်းကောင်း သီးခြားဆွေးနွေးခဲ့သည့်အပြင်တွေ့ဆုံဆွေးနွေးရန် အသစ်တဖန်တွန်းအားပေးခဲ့သည်။ လူပေါင်း...

ဟမ်းဘတ်မြို့ဘူတာရုံတွင် ဓ-ားဖြင့်တိုက်ခိုက်မှုဖြစ်ပွားခဲ့ရာ လူ ၁၈ ဦး ဒဏ်ရာရ

ဂျာမနီနိုင်ငံ၊ ဟမ်းဘတ်မြို့ရှိ အဓိကရထားဘူတာရုံတွင် သောကြာနေ့ညနေပိုင်းက ဓ-ားဖြင့်တိုက်ခိုက်မှုဖြစ်ပွားခဲ့ရာ လူ ၁၈ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။ အသက်အန္တရာယ်စိုးရိမ်ရသည့် ဒဏ်ရာများရရှိခဲ့သူ လေးဦးမှာ ကျန်းမာရေးတည်ငြိမ်လာပြီဖြစ်ကြောင်း ဟမ်ဘတ်ရဲတပ်ဖွဲ့က စနေနေ့တွင်ပြောကြားခဲ့သည်။ သောကြာနေ့ ညနေ ၆ နာရီ (ဂရင်းနစ်စံတော်ချိန် ညနေ ၄ နာရီ) ခန့်တွင် ဖြစ်ပွားခဲ့သည့် တိုက်ခိုက်မှုဖြစ်ပွားရာနေရာ၌ အသက် ၃၉ နှစ်အရွယ် ဂျာမန်အမျိုးသမီးတစ်ဦးကို ရဲအရာရှိများက ဖမ်းဆီးခဲ့သည်။ သံသယရှိသူတွင် စိတ်ကျန်းမာရေးချို့ယွင်းမှုရှိကြောင်း "အလွန်ခိုင်မာသော အထောက်အထား" ရှိပြီး တိုက်ခိုက်မှုမှာ နိုင်ငံရေးလှုံ့ဆော်မှုကြောင့်ဟူသည့် အထောက်အထားမတွေ့ရဟု...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071