အဝေးပြေးယာဉ်များ လူမဲ့တန်ဆာ လက်မခံရန် ညွှန်ကြား မထားကြောင်း ပို့ဆောင်ရေးဝန်ကြီးဌာနပြော
ရန်ကုန်မြို့မှ မြန်မာပြည် အနယ်နယ်အရပ်ရပ်သို့ ပြေးဆွဲနေသည့် အဝေးပြေး ယာဉ်များအနေဖြင့် လူမဲ့တန်ဆာ တင်ဆောင်ခွင့် လက်မခံရန် ညွှန်ကြားထားခြင်း မရှိကြောင်း ပို့ဆောင်ရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ဖြေကြားသည်။
လတ်တလော သတင်းထွက်ပေါ်နေသည့် လူမဲ့တန်ဆာ လက်မခံတော့ကြောင်း သတင်းနှင့် ပတ်သက်၍ မေးမြန်းမှုအပေါ် ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။
” ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနအနေဖြင့်သီးခြားတားမြစ်ချက်များ မရမရှိပဘူး။ ပြီးတော့ ဒေသအာဏာပိုင်အဖွဲ့အစည်းများကလည်း သီးခြားညွှန်ကြား ချက်၊ ကန့်သတ်ချက် တစတစ်စုံတစ်ရာမရှိပါဘူး ” ဟု အ ဆိုပါ တာဝန်ရှိသူက ဖြေကြားသည်။
လက်ရှိတွင် ရန်ကုန်မြို့မှ အခြေစိုက် ပြေးဆွဲနေသည့် အ ဝေးပြေးယာဉ်လိုင်းများအနေဖြင့် လူမဲ့တန်ဆာများ တင် ဆောင်သယ်ယူခွင့် မရှိကြောင်း ညွှန်ကြားထားကြောင်း သတင်းများ ထွက်ပေါ်နေခြင်း ဖြစ်သည်။
ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက အောင်ဆန်းကွင်းပတ် လ ည်ရှိ အဝေးပြေးယာဉ် လိုင်း ဂိတ်များမှ တဆင့် လူမဲ့တန် ဆာ ပို့ဆောင်ခြင်းကို လက်မခံတော့ဘဲ အောင်မင်္ဂလာ အ ဝေးပြေးနှင့် မြို့တွင်းရှိ ဂိတ်ခွဲများ၌သာ လက်ခံဆောင် ရွက်ပေးနေခြင်းဖြစ်သည်။
ယင်းကဲ့သို့ အောင်ဆန်းကွင်းဂိတ်များတွင် လက်မခံတော့ ခြင်းမှာလည်း နိုင်ငံရေးအရ တာမြစ်ခြင်း မဟုတ်ဘဲ က စားကွင်း အဆင့်မြှင့်တင်မည့် စီမံကိန်း ဧရိယာအတွင်း ပါရှိနေခြင်းကြောင့် ယာယီ ပိတ်သိမ်းခိုင်းခြင်းသာ ဖြစ် ကြောင်း သိရသည်။
အဝေးပြေးယာဥ်များဖြင့် တန်ဆာပစ္စည်း တင်ပို့ရာတွင် ဒရုန်း၊ မှန်ဘီလူး၊ သံထည်ပစ္စည်းများအပါအဝင် ပစ္စည်း (၁၉) မျိုးအား ယခင်ကတည်းက နစကအနေဖြင့် တင်ပို့ခွင့် ကန့်သတ်ထားခြင်း ဖြစ်သည်။
ထို့အပြင် အမြန်လမ်းအသုံးပြုသည့် အဝေးပြေး ယာဉ်လိုင်းများအနေဖြင့်လည်း ကုန်ပစ္စည်း တင်ဆောင်ရာတွင် လူစီး ယာဉ်အပေါ်ပိုင်းများ၌ ကုန်ပစ္စည်း တင်ဆောင်ခြင်းမပြုဘဲ ယာဉ်ဝမ်းဗိုက်များအတွင်း၌သာ တင်ဆောင်ခွင့်ပြုမည်ဖြစ်ကြောင်းနှင့် မလိုက်နာပါက ဖမ်းဆီးအရေး ယူမည်ဖြစ်ကြောင်းလည်း သိရသည်။