ထိုင်ဝမ်ကို တရုတ်က ဖိအားပေးခြင်းကို ခွင့်ပြုမည်မဟုတ်ဟု ပေလိုစီပြော 

0
173

ထိုင်ဝမ်ကို တရုတ်က ဖိအားပေးခြင်းကို ခွင့်ပြုမည်မဟုတ်ဟု ပေလိုစီပြော

 

ဝါရှင်တန်၊ သြဂုတ် ၁၀ ရက်

တရုတ်နိုင်ငံကထိုင်ဝမ်ကို ဖိအားပေးရန် ကြိုးစားမှုကို အမေရိကန်နိုင်ငံမှ ခွင့်မပြုနိုင်ကြောင်း အောက်လွှတ်တော်ဥက္ကဌ နန်စီပေလိုစီက ဩဂုတ်လ ၁၀ ရက် ဗုဒ္ဓဟူးနေ့တွင် ပြောကြားခဲ့သည်။

 

“ကျွန်မတို့ မြင်နေရသလောက်ကတော့ တရုတ်ဟာ ထိုင်ဝမ်တစ်ဝိုက်မှာ စစ်ရေးလေ့ကျင်မှုတွေကို ပုံမှန် ပြုလုပ်ဖို့ ကြိုးစားနေပါတယ်။ ဒါပေမဲ့ ကျွန်မတို့ ဒါကို ခွင့်ပြုပေးလို့ မရပါဘူး” ဟု ပေလိုစီက ၎င်း၏အာရှခရီးစဉ်တွင် အတူလိုက်ပါလာသည့် အခြား ဒီမိုကရက်တစ် အောက်လွှတ်တော်အမတ် လေးဦးနှင့်အတူ သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

တရုတ်စစ်တပ်က ထိုင်ဝမ်အနီးတစ်ဝိုက်တွင် အမျိုးမျိုးသော စစ်ရေးများကို လုပ်ဆောင်ခဲ့ကြောင်း၊ သို့ရာတွင် ထိုကျွန်း အနီးနားတွင် ပုံမှန် ကင်းလှည့်မှုများ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဗုဒ္ဓဟူးနေ့တွင် ပြောကြားခဲ့သည်။

အမေရိကန်သမ္မတရာထူးဆက်ခံမှုတွင် ဒုတိယနေရာ၌ ရပ်တည်နေသည့် ပေလိုစီသည် ဆယ်စုနှစ်များစွာကြာ တရုတ်နိုင်ငံအား ဝေဖန်ခဲ့သူဖြစ်သည်။

ထို့ကြောင့် ပေလိုစီ၏ တိုင်ပေသို့ လာရောက်လည်ပတ်မှုနှင့် ပတ်သက်၍ အမျက်ဒေါသ ထွက်ခဲ့ရသည့် တရုတ်နိုင်ငံသည် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဖြစ်သည့် ထိုင်ဝမ်တစ်ဝိုက် ၌၎င်း၏ အကြီးဆုံးစစ်ရေးလေ့ကျင့်မှုများကို မူလသတ်မှတ်ထားသည့် လေးရက်ထက် တိုး၍ ပြုလုပ်ခဲ့ကြသည်။

“ထိုင်ဝမ်ကို ချီးကျူးဖို့၊ ထိုင်ဝမ်အပေါ်ထားရှိတဲ့ အမေရိကန်ရဲ့ ချစ်ကြည်ရင်းနှီးမှုကို ပြသဖို့နဲ့ တရုတ်က ထိုင်ဝမ်ကို ကမ္ဘာနဲ့ အဆက်အသွယ်ဖြတ်ထားလို့ မရဘူးဆိုတာကို ပြောဖို့အတွက် ကျွန်မတို့ အဲဒီကို သွားခဲ့ပါတယ်” ဟု ပေလိုစီက ဆိုသည်။

အောက်လွှတ်အမတ် ရာဂျာ ခရစ်ရှ်နာမိုသီ က ကိုယ်စားအဖွဲ့ သည် ထိုင်ဝမ်သို့ လက်နက်ရောင်းချမှု ဆိုင်းငံ့ထားမှုနှင့် ပတ်သက်၍ ဆွေးနွေးနေကြောင်း ပြောကြားခဲ့သည်။

လွှတ်တော်အမတ်များသည် ထိုင်ဝမ်သို့ လက်နက်များ ပြန်လည်ရောင်းချခွင့်ပြုနိုင်ရန် ကြိုးပမ်းနေကြောင်း အောက်လွှတ်တော် နိုင်ငံခြားရေးရာကော်မတီ ဥက္ကဋ္ဌ ဂရယ်ဂိုရီ မိစ် နှင့် ရာဂျာတို့က ဆိုသည်။

Source: Reuters


LEAVE A REPLY

Please enter your comment!
Please enter your name here