ငမိုးရိပ်ချောင်းအတွင်း ရေဆင်းကူးရာမှပျောက်ဆုံးနေသည့် ကလေး သေဆုံးလျက်ပြန်လည်တွေ့ရှိ

0
226

ငမိုးရိပ်ချောင်းအတွင်း ရေဆင်းကူးရာမှပျောက်ဆုံးနေသည့် ကလေး သေဆုံးလျက်ပြန်လည်တွေ့ရှိ

ရန်ကုန်မြို့၊ မြောက်ဥက္ကလာမြို့နယ်၊ ရွှေပေါက္ကံ ၁၃ ရပ်ကွက်အနီးရှိ ငမိုးရိပ်ချောင်းအတွင်းရေဆင်းကူးရာမှ ရေနစ်ပျောက်ဆုံးနေသော ကလေးတစ်ဦးကို သြဂုတ်၉ ရက် နံနက်ပိုင်းတွင် သေဆုံးလျက်ပြန်လည်ရှာဖွေတွေ့ရှိခဲ့ကြောင်း ပုလဲအရန်မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။

ရေနစ်ပျောက်ဆုံးခဲ့သော အသက် ၁၅နှစ်အရွယ် ကလေးငယ်မှာချောင်းအတွင်း ရေဆင်းကူးရာမှ ရေနစ်ပျောက်ဆုံးခဲ့ခြင်းဖြစ်ပြီး၊ ပုလဲအရန်မီးသတ်က ကနဦးသွားရောက်ရှာဖွေကယ်ဆယ်ရာ၌ ချောင်းအတွင်းရေစီးသန်နေသောကြောင့်ရှာဖွေတွေ့ရှိခြင်း မရှိကြောင်းသိရသည်။

သို့သော် ရေနစ်ပျောက်ဆုံးပြီး တစ်ရက်အကြာ သြဂုတ် ၉ ရက်နံနက်ပိုင်းတွင် မိသားစုဝင်များက ကလေးငယ်အား ချောင်းအတွင်းသေဆုံးလျက်ရှာဖွေတွေ့ရှိသဖြင့် အကြောင်းကြားရာ ပုလဲအရန်မီးသတ်က သွားရောက်ဆယ်ယူခဲ့ပြီး ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။

ပြီးခဲ့သော ဩဂုတ်လ ၇ရက် နံနက်ပိုင်းက အဆိုပါ ကလေးငယ်အပါအဝင် သုံးဦးမှာ ငမိုးရိပ်ချောင်းထဲသို့ ရေဆင်းကူးရာမှ တစ်ဦးမှာ ရေနစ်ပျောက်ဆုံးသွားခြင်းဖြစ်သည်။

Photo: Htin Linn Aung fb’s


LEAVE A REPLY

Please enter your comment!
Please enter your name here