ရန်ကုန်တိုင်းအပါအဝင် တိုင်းနှင့်ပြည်နယ် ၇ ခု၌ အားကောင်းသောလေဖိအားနည်းရပ်ဝန်းကြောင့် မိုးသည်းထန်စွာရွာသွန်းနိုင်

0
143

ရန်ကုန်တိုင်းအပါအဝင် တိုင်းနှင့်ပြည်နယ် ၇ ခု၌ အားကောင်းသောလေဖိအားနည်းရပ်ဝန်းကြောင့် မိုးသည်းထန်စွာရွာသွန်းနိုင်

ဘင်္ဂလားပင်လယ်အော်၊အနောက်မြောက်ပိုင်းတွင် ဖြစ်ပေါ်နေသည့်အားကောင်းသောလေဖိ အားနည်းရပ်ဝန်းသည် နောက် ၄၈ နာရီအတွင်း မုန်တိုင်းငယ်အဖြစ်သို့ရောက်ရှိလာမည်ဟု မြန်မာ နိုင်ငံ၊မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သြဂုတ် ၇ ရက်(ယနေ့)မွန်းလွဲ ၂ နာရီကထုတ်ပြန်ခဲ့သည်။

အဆိုပါ မုန်တိုင်းငယ်သည် အနောက်- အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားကာ အိန္ဒိယနိုင်ငံ၊ဩရိဿပြည်နယ်အနီးမှ ဖြတ်ကျော်ဝင်ရောက်နိုင်သည်ဟု မိုးဇလမှခန့်မှန်းထားသည်။

 

ထို့ကြောင့် ရန်ကုန်တိုင်း၊ပဲခူးတိုင်း၊ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ရခိုင်ပြည်နယ်၊ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် (၂၄) နာရီအတွင်း၌ မိုးရေချိန် (၃)လက်မနှင့်အထက် မိုးသည်းထန်စွာရွာသွန်းနိုင်သည်ဟု မိုးဇလကခန့်မှန်းထားသည်။

အလားတူ နေပြည်တော်နှင့်အနီးတစ်ဝိုက်၌ သြဂုတ် ၈ ရက်(မနက်ဖြန်)နံနက်အထိ မိုးတစ်ကြိမ်၊ နှစ်ကြိမ်ထစ်ချုန်းရွာမည်ဖြစ်ကာ မန္တလေးမြို့နှင့်အနီးတစ်ဝိုက်တွင်လည်း(မနက်ဖြန်)နံနက်ပိုင်းအထိ နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်ဟု မိုးဇလမှခန့်မှန်းထားသည်။

ထို့ပြင် မိုးသည်းထန်စွာရွာသွန်းချိန်၌ လေပြင်းတိုက်ခတ်မှုများလည်း ဖြစ်ပေါ်နိုင်သည်ဟု မိုးဇလ၏ခန့်မှန်းချက်အရ သိရသည်။

ထိုသို့ မိုးသက်လေပြင်းတိုက်ခတ်ချိန်၌ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့်ကမ်းလွန်ပင်ဘယ်ပြင်တို့တွင် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် မိုင်(၄၀)အထိ တိုက်ခတ်နိုင်ကာ လှိုင်းအမြင့်မှာ ၉ ပေမှ ၁၃ ပေခန့်အထိရှိနိုင်သည်ဟု မိုးဇလမှခန့်မှန်းထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here