ဗဟိုဘဏ်က အမေရိကန်ဒေါ်လာ ငွေလဲနှုန်းကို (၁) ဒေါ် လာ (၂၁၀၀) ကျပ်​ပြောင်းလဲသတ်မှတ်

ဗဟိုဘဏ်က အမေရိကန်ဒေါ်လာ ငွေလဲနှုန်းကို (၁) ဒေါ် လာ (၂၁၀၀) ကျပ်​ပြောင်းလဲသတ်မှတ်
August 5, 2022 Popular Journal

ဗဟိုဘဏ်က အမေရိကန်ဒေါ်လာ ငွေလဲနှုန်းကို (၁) ဒေါ် လာ (၂၁၀၀) ကျပ်​ပြောင်းလဲသတ်မှတ်

ဗဟိုဘဏ်က နိုင်ငံခြားငွေ သုံးစွဲမှုကို ထိန်းချုပ်လျက်ရှိရာ အမေရိကန် ဒေါ်လာ ငွေလဲနှုန်းကို ယခင်က (၁) ဒေါ်လာ ငွေလဲနှုန်း ၁၈၅၀ သတ်မှတ်ထားရာမှ ယခု (၁) ဒေါ်လာလျင် မြန်မာကျပ်ငွေ (၂၁၀၀) ကျပ်နှုန်းဖြင့် လဲလှယ်ရန် ရည် ညွှန်းသတ်မှတ်လိုက်ကြောင်း သိရသည်။

ဗဟိုဘဏ်က ဩဂုတ်လ (၅) ရက်ရက်စွဲဖြင့် အဆိုပါ ညွှန် ကြားချက်ကို ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

ယင်းညွှန်ကြားချက်တွင် ပို့ကုန်တင်ပို့သူများအနေဖြင့်  ပို့ကုန်တင်ပို့မှုမှ ရရှိသည့် နိုင်ငံခြားငွေများ၏ (၆၅) ရာခိုင် နှုန်းကိုသာ ဗဟိုဘဏ်နူန်းထားဖြင့် လဲလှယ်ရန် လို​​တော့ကြောင်းဗဟိုဘဏ်က ဖြေလျှော့ ပေးမူလည်းပါသည်။

ထို ထုတ်ပြန်ချက်အ​ပေါ် သွင်းကုန်သမား တစ်ဦးက ဗဟိုဘဏ်အ​နေနဲ့ ​ဒေါ်လာ အလုံ​လောက်​ရောင်း​ပေးရင် ​စျေးငြိမ်သွားနိုင်ပါတယ်။ ​လော​လောဆယ် ​ငွေလွဲ ဟွန်ဒီသမား​တွေကိုဖမ်း​နေ​တော့ ​ရောင်းတဲ့သူအနည်းစုကတင်းခံပြီး ​စျေးဆွဲတင်​နေတာကလည်း ​စျေး​မြောက်​နေ​စေတာ​ပေါ့ဟုဆိုသည်။

ကုန်သည် တဦးက​တော့ အ​ဝေးလွဲ​ငွေ​စျေး​တွေသိသိသာသာကျသွားနိုင်မယ်လို့​မျှော်လင့်ပါတယ်။ ပို့ကုန်ရ​ငွေ ရဲ့ ၆၅ ရာခိုင်နူန်း ကိုလဲရမယ်ဆိုတာအစား ၅၀ ရာခိုင်နူန်း​လောက်ဆို ကွာ​နေတဲ့ ​​ငွေလဲနူန်းဒဏ် ခံသာပြီး ရှဥ့်လည်း​လျောက်သာ ပျားလည်းစွဲသာဖြစ် မှာ​ပါဟု ​ပြောသည်။

​​လုပ်ငန်းရှင်တဦးက​တော့ တနင်္လာ​နေ့ ​စျေးဖွင့်တာ ​စောင့်ကြည့်ရမှာပဲ။ဆွဲတင်ချင်တဲ့သူ​တွေလည်းရှိ​တော့ fix မလုပ်ရင် ပိုကျမလားလို့ ​တွက်ဆမိတယ်ဟု သူ့အမြင်ကိုဖွင့်ဟသည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*