KNU တပ်မဟာ (၁)အုပ်ချုပ်မှုနယ်မြေအတွင်း အုပ်ချုပ်ရေးဆိုင်ရာယန္တယားဖွဲ့စည်းတည်ဆောက်ခြင်း ခွင့်မပြုဟု ထုတ်ပြန်

0
165

KNU တပ်မဟာ (၁)အုပ်ချုပ်မှုနယ်မြေအတွင်း အုပ်ချုပ်ရေးဆိုင်ရာယန္တယားဖွဲ့စည်းတည်ဆောက်ခြင်း ခွင့်မပြုဟု ထုတ်ပြန်

ကရင်အမျိုးသားအစည်းအရုံး(KNU)၏ သထုံခရိုင်၊ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA)တပ်မဟာ (၁) စီမံအုပ်ချုပ်မှုနယ်မြေအတွင်း မည်သည့်အဖွဲ့အစည်းမှ အုပ်ချုပ်ရေးဆိုင်ရာ ယန္တယားများ ဖွဲ့စည်းတည်ဆောက်ခြင်းများကို ခွင့်မပြုကြောင်း ယနေ့ သြဂုတ် ၅ ရက်တွင်ထုတ်ပြန်ခဲ့သည်။

အဆိုပါ ထုတ်ပြန်ချက်ကို ကရင်အမျိုးသားအစည်းအရုံး၊ သထုံခရိုင် တပ်မဟာ (၁) ခရိုင်အမြဲတမ်းကော်မတီမှ သြဂုတ် ၃ ရက် ရက်စွဲဖြင့် ယနေ့ ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ယင်း ထုတ်ပြန်ချက်တွင် အချက်သုံးချက်ပါရှိကာ မည်သည့်အဖွဲ့အစည်းမှ ကရင်အမျိုးသားအစည်းအရုံး (KNU)၏ စည်းမျဥ်းစည်းကမ်းနှင့် မကိုက်ညီသည့် စည်းရုံးဖွဲ့စည်းခြင်းများကို ခွင့်မပြုကြောင်း၊ မည်သည့် အဖွဲ့အစည်းမှ ပြည်သူလူထုအပေါ် နိုင်ငံရေးဆိုင်ရာ ဝိဝါဒ ကွဲပြားစရာများဖြစ်ပေါ်စေခြင်း၊ နားလည်မှု ကွဲလွဲဖြစ်ပေါ်စေခြင်းနှင့် ပြည်သူလူထုများ၏ လုံခြုံမှုကို ထိခိုက်စေခြင်း၊ အခွင့်အရေးဆုံးရှုံးစေခြင်းစသည့်လုပ်ရပ်များ စည်းရုံးဖွဲ့စည်းခြင်းများကို ခွင့်မပြုကြောင်း ပါရှိသည်။

ထို့အပြင် ကရင်အမျိုးသားအစည်းအရုံး (KNU) သထုံခရိုင်၊ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA)တပ်မဟာ (၁) စီမံအုပ်ချုပ်မှုနယ်မြေအတွင်း မည်သည့်အဖွဲ့အစည်းမှ အုပ်ချုပ်ရေးဆိုင်ရာ ယန္တယားများ ဖွဲ့စည်းတည်ဆောက်ခြင်းများကို ခွင့်မပြုကြောင်း ရပ်တည်ထုက်ပြန် ကြေငြာအပ်ကြောင်းရေးသာဖော်ပြထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here