ရက်ပိုင်းအတွင်းက စက်သုံးဆီစျေးနှုန်းတက်ခဲ့ပြီးနောက် ယနေ့တွင်ပြန်လည်ကျဆင်းလာ 92 Ron တစ်လီတာလျင် ၁၆၀၀ ကျော်သာရှိ

ရက်ပိုင်းအတွင်းက စက်သုံးဆီစျေးနှုန်းတက်ခဲ့ပြီးနောက် ယနေ့တွင်ပြန်လည်ကျဆင်းလာ 92 Ron တစ်လီတာလျင် ၁၆၀၀ ကျော်သာရှိ
August 5, 2022 Popular Journal

ရက်ပိုင်းအတွင်းက စက်သုံးဆီစျေးနှုန်းတက်ခဲ့ပြီးနောက် ယနေ့တွင်ပြန်လည်ကျဆင်းလာ 92 Ron တစ်လီတာလျင် ၁၆၀၀ ကျော်သာရှိ

ရက်ပိုင်းအတွင်းက စက်သုံးဆီစျေးနှုန်းများပြန်တက်ခဲ့ပြီးနောက် သြဂုတ် ၅ ရက်(ယနေ့)တွင် ပြန်လည်ကျဆင်းလာခဲ့သည်ကို စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မ တီမှထုတ်ပြန်သည့် ရည်ညွှန်းလက်လီစျေးနှုန်းများအရ သိရသည်။

ထိုသို့ ပြန်လည်ကျဆင်းလာသဖြင့် ရန်ကုန်တိုင်းအတွင်း 92 Ron တစ်လီတာလျင် ၁၆၈၀ ကျပ်နှင့်ပဲခူးတိုင်းအတွင်း 92 Ron တစ်လီတာလျင် ၁၆၉၀ ကျပ် ဖြစ်လာခဲ့ကြောင်း သိရသည်။

ထို့ပြင် မန္တလေးတိုင်း၊နေပြည်တော်၊မကွေး၊ထားဝယ်၊မုံရွာ၊ပုသိမ်၊ဘားအံ၊မော်လမြိုင်၊လားရှိုး၊တောင်ကြီးနှင့်လွိုင်ကော်တို့တွင် စက်သုံးဆီစျေးနှုန်းမှာ 92 Ron တစ်လီတာလျင် ၁၇၀၀ ကျပ်အထက်၌ရှိသည်။

ထို့ပြင် မြစ်ကြီးနား၊စစ်တွေနှင့်ဟားခါးတို့တွင် တစ်လီတာလျင် ၁၈၀၀ ကျပ်ကျော်ရှိကာ ကျိုင်းတုံမြို့၌ 92 Ron တစ်လီတာလျင် ၂၆၉၅ ကျပ်ရှိကြောင်း သိရသည်။

စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူခြင်းလုပ် ငန်းကြီးကြပ်ရေးကော်မတီ၏ ယနေ့ ထုတ်ပြန်ခဲ့သည့် စက်သုံးဆီရည်ညွှန်းစျေးနှုန်းများအရ ရန် ကုန်တိုင်းအတွင်း၌ လက်လီစျေးအဖြစ် 92 Ron တစ်လီတာလျင် ၁၆၈၀ ကျပ်၊ 95 Ron တစ်လီတာလျင် ၁၇၄၀ ကျပ်၊ HSD (500 ppm) တစ်လီတာလျင် ၂၀၃၀ ကျပ် သတ်မှတ်ခဲ့သည်။

အလားတူ HSD (50 ppm)နှင့် HSD (10 ppm)တို့မှာ တစ်လီတာလျင် ၂၀၉၀ ကျပ်အဖြစ် စက်သုံးဆီရည်ညွှန်းလက်လီစျေးနှုန်းများအဖြစ် သတ် မှတ်ခဲ့သည်။

အဆိုပါ စျေးနှုန်းများအား စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီမှ MOPS စျေးနှုန်းအပေါ်တွင် အခြေခံတွက်ချက်ထားခြင်းဖြစ်ကာ စက်သုံးဆီဝယ်ယူသူများအနေဖြင့် ကျေနပ်မှုမရှိပါက ကော်မတီသို့ဆက်သွယ်တိုင်ကြားနိုင်ကြောင်း သိရသည်။

ထို့ပြင် စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီ၏ စက်သုံးဆီရည်ညွန်းလက်ကားစျေးနှုန်းမှာလည်း ရန်ကုန်တိုင်း ၌ 92 Ron တစ်လီတာလျင် ၁၅၉၂ ကျပ်၊ 95 Ron တစ်လီတာလျင် ၁၆၄၈ ကျပ်၊ HSD(500 ppm) တစ်လီတာလျင် ၁၉၃၂ ကျပ်၊ HSD (50 ppm)နှင့် HSD(10 ppm)တို့မှာ တစ်လီတာလျင် ၁၉၈၈ ကျပ်တို့ဖြစ်သည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*