အဆိုတော် အီတိုးကို ထောင်ဒဏ် သုံး နှစ်ချမှတ်

အဆိုတော် အီတိုးကို ထောင်ဒဏ် သုံး နှစ်ချမှတ်
August 4, 2022 Popular Journal

အဆိုတော် အီတိုးကို ထောင်ဒဏ် သုံး နှစ်ချမှတ်

တေးသံရှင် ဇော်ဝင်းထွဋ်၏ သားဖြစ်သူ အဆိုတော် အီတိုးအား သက်ဆိုင်ရာတရားရုံးက ယနေ့ သြဂုတ် ၄ နံနက်ပိုင်းတွင်ထောင်ဒဏ် သုံးနှစ် ချမှတ်လိုက်ကြောင်း တရားရုံးနှင့်နီးစပ်သူရှေ့နေတစ်ဦးက အတည်ပြုပြောကြားသည်။

” ပြစ်ဒဏ်အမိန့်ချမှတ်လိုက်တာအတည်ပြုပါတယ်။ ထောင်ဒဏ်သုံးနှစ်ပါ။ သူ့အမှုလိုက်တဲ့ရှေ့နေကတော့ ဆက်သွယ်မေးမြန်းမှုကို လက်မခံပါဘူးလို့ ပြောထားပါတယ် ” ဟု အဆိုပါရှေ့နေက ဆိုသည်။

အဆိုတော် အီတိုးအား ၂၀၂၁ ခုနှစ် စက်တင်ဘာလ အတွင်းက ၎င်း၏ နေထိုင်ရာမရမ်းကုန်းနေအိမ်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက ဝင်ရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

၎င်းအား ဖမ်းဆီး ထိန်းသိမ်းပြီး နောက်ပိုင်း ၂၀၂၁ ခုနှစ် အောက်တိုဘာလအတွင်း နစက၏ လွတ်ငြိမ်းချမ်းသာ ခွင့်ဖြင့် ပြန်လွှတ်ပေးခဲ့သော်လည်း နောက်တစ်နေ့တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြန်လည် ဖမ်းဆီးကာ ပုဒ်မ ၅၀၅(က) ဖြင့် အ မှုဖွင့် တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*