
YBS ကားများနှင့်အဌားကားများတွင် ကြော်ငြာစတစ်ကာများမကပ်ရန်ညွှန်ကြား
ရန်ကုန်တိုင်းအတွင်း၌ပြေးဆွဲလျက်ရှိသည့် YBS ခရီးသည်တင်ကားများနှင့်အဌားကား(Taxi)များတွင် ကြော်ငြာစတစ်ကာများမကပ်ရန် ညွှန်ကြားထားသည်ဟု ရန်ကုန်တိုင်းဒေသကြီးပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ(YRTC) မှ သိရသည်။
ထိုသို့ ညွှန်ကြားရခြင်းမှာ မြို့တော်သာယာလှပရေးအားထိခိုက်စေကာ မြို့တော်အင်္ဂါရပ်နှင့်မကိုက်ညီသဖြင့် YBS ကားများနှင့်အဌားကားများ ၌ ကြော်ငြာများမကပ်စေခြင်းဖြစ်ကြောင်း သိရသည်။
“ရန်ကုန်တိုင်းအတွင်းမှာပြေးဆွဲနေတဲ့ YBS တွေနဲ့ အဌားကားတွေမှာ မြို့တော်အင်္ဂါရပ်နဲ့မညီတဲ့ ကြော်ငြာတွေတွေ့ရတဲ့အတွက် ရန်ကုန်တိုင်းအစိုး ရအဖွဲ့က YRTC နဲ့ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနကို YBS တွေ Taxi တွေပေါ်မှာ ကြော်ငြာတွေဖြုတ်ဖို့ ခွင့်မပြုဖို့ ညွှန်ကြားထားပါတယ်”ဟု ရန်ကုန်တိုင်းဒေသကြီးပုဂ္ဂလိကသယ် ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ(YRTC)မှ တွဲ ဖက်အတွင်းရေးမှူးဦးလျန်ကျင့်မန်ကပြောသည်။
YBS ကားများနှင့်အဌားကားများပေါ်၌ ကြော်ငြာစတစ်ကာများကပ်ခြင်းအား ယခင်က ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ ကြော်ငြာခကောက်ခံ၍ ခွငိ့ပြုပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“အခုနောက်ပိုင်းမှာ မြို့တော်အင်္ဂါရပ်နဲ့မညီတဲ့ကြော်ငြာတွေများလာတာကြောင့် မကပ်ဖို့နဲ့ခွင့်မပြုဖို့ကို ညွှန်ကြားခဲ့တာပါ စစ်ဆေးတဲ့အခါမှာလည်း တစ်နှစ်တစ်ခါ ကားတွေသက်တမ်းတိုးတဲ့အချိန် ကညန ကကြော်ငြာစတစ်ကာတွေဖြုတ်ပေးမှသတ်တမ်းတိုးပေးသွားမှာပါ”ဟု ရန်ကုန် တိုင်းဒေသကြီးပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ(YRTC)မှ တွဲဖက်အတွင်း ရေးမှူးဦးလျန်ကျင့်မန်ကပြောသည်။
အလားတူ ရန်ကုန်တိုင်းဒေသကြီးပုဂ္ဂလိကသယ် ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ(YRTC)မှလည်း YBS ကားများနှင့်အဌားကားများပေါ်၌ ကြော်ငြာစတစ်ကာများ မကပ်ရန်နှင့်ဖြုတ်ထားရန် ညွှန်ကြားစာများပို့ထားပြီးဖြစ်သည်ဟု ဦးလျန်ကျင့်မန်၏ပြောကြားချက်အရ သိရသည်။