Aviator Foundation က တပ်မတော်(လေ)မိသား စုဝင်များ၏ သား၊သမီးများအား ပညာရည်ချွန်ဂုဏ်ပြုဆုများချီးမြှင့်

Aviator Foundation က တပ်မတော်(လေ)မိသား စုဝင်များ၏ သား၊သမီးများအား ပညာရည်ချွန်ဂုဏ်ပြုဆုများချီးမြှင့်
August 4, 2022 Popular Journal

Aviator Foundation က တပ်မတော်(လေ)မိသား စုဝင်များ၏ သား၊သမီးများအား ပညာရည်ချွန်ဂုဏ်ပြုဆုများချီးမြှင့်

 

Aviator Foundation က တပ်မတော်(လေ)မိသား စုဝင်များ၏ သား၊သမီးများအနက် ၂၀၁၉-၂၀၂၀ နှင့် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲများတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသူ ၆၆ ဦးအား ပညာရည်ချွန်ဂုဏ်ပြုဆုများချီးမြှင့်ခဲ့သည်။

ပညာရည်ချွန်ဂုဏ်ပြုဆုချီးမြှင့်ခြင်းအား ဇူလိုင် ၂၇ ရက်နေ့လည်ပိုင်းက နေပြည်တော်လေတပ်စခန်း၌ ကျင်းပခဲ့သည်။

၂၀၁၉-၂၀၂၀ နှင့် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်များတွင် တက္ကသိုလ်ဝင်စာမေးပွဲများ၌ ၆ ဘာ သာဂုဏ်ထူးဖြင့် အောင်မြင်ခဲ့သူ ၆ ဦး၊ ၅ ဘာသာဂုဏ်ထူးဖြင့် အောင်မြင်ခဲ့သူ ၁၂ ဦး၊ ၄ ဘာသာဂုဏ်ထူးဖြင့် အောင်မြင်ခဲ့သူ ၂၁ ဦးနှင့် ၃ ဘာသာဂုဏ်ထူးဖြင့် အောင်မြင်ခဲ့သူ ၂၇ ဦးတို့အား ပညာရည်ချွန်ဂုဏ်ပြုဆုများချီးမြင့်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ ဂုဏ်ပြုဆုချီးမြှင့်ရာတွင် Aviator Foundation ဥက္ကဋ္ဌ အငြိမ်းစားကာကွယ်ရေးဦး စီးချုပ်(လေ)ဒု-ဗိုလ်ချုပ်ကြီး သိန်းဝင်းက အမှာစကားပြောကြားကာ Foundation နာယက၊ ဥက္ကဋ္ဌ၊ ဒု-ဥက္ကဋ္ဌ၊ အတွင်းရေးမှူး၊ ဘဏ္ဍာရေးမှူးနှင့်စာရင်းစစ်ဥက္ကဋ္ဌ တို့မှ ဆုများချီးမြှင့်ပေးအပ်ခဲ့ကြသည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*