၁၁ ကြိမ်မြောက် အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲ၌ မြန်မာမသန်စွမ်းအားကစားအဖွဲ့မှ ရွှေတံဆိပ် ၉ ခုဆွတ်ခူးထား

၁၁ ကြိမ်မြောက် အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲ၌ မြန်မာမသန်စွမ်းအားကစားအဖွဲ့မှ ရွှေတံဆိပ် ၉ ခုဆွတ်ခူးထား
August 4, 2022 Popular Journal

၁၁ ကြိမ်မြောက် အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲ၌ မြန်မာမသန်စွမ်းအားကစားအဖွဲ့မှ ရွှေတံဆိပ် ၉ ခုဆွတ်ခူးထား

အင်ဒိုနီးရှားနိုင်ငံမှအိမ်ရှင်အဖြစ်လက်ခံ၍ ဆိုလိုမြို့၌ ဇူလိုင် ၃၀ ရက်မှသြဂုတ် ၆ ရက်အထိ ကျင်း ပလျက်ရှိသည့် ၁၁ ကြိမ်မြောက်အာဆီယံမသန် စွမ်းအားကစားပြိုင်ပွဲတွင် မြန်မာမသန်စွမ်းအား ကစားအဖွဲ့က ရွှေတံဆိပ် ၉ ခုအထိဆွတ်ခူးရရှိထားကြောင်း သိရသည်။

မြန်မာမသန်စွမ်းအားကစားအဖွဲ့ချုပ်က ၁၁ ကြိမ်မြောက် အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲတွင် ပြေးခုန်ပစ်၊ မြားပစ်၊ Goalball၊ ရေကူး၊ 7-aside ဘောလုံး၊ ထိုင်လျှက်ဘော်လီဘော၊ အလေးမ အားကစားနည်း ၇ မျိုး၌ ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိသည်။

ထိုသို့ ဝင်ရောက်ယှဥ်ပြိုင်ရာမှ မြန်မာမသန်စွမ်းအာကစားအဖွဲ့သည် ရွှေတံဆိပ် ၉ ခု၊ ငွေတံဆိပ် ၃ ခုနှင့်ကြေးတံဆိပ် ၆ ခု(စုစုပေါင်း ၁၈ ခု)အားဆွတ်ခူးရရှိထားပြီး နိုင်ငံအလိုက်ဆုတံဆိပ်ရရှိမှုတွင် အဆင့် ၆ နေရာ၌ရပ်တည်လျက်ရှိသည်။

အလားတူ နိုင်ငံအလိုက်ဆုတံဆိပ်ရရှိမှုများအနေဖြင့် အင်ဒိုနီးရှားနိုင်ငံမှ ၂၀၁ ခု၊ ထိုင်းနိုင်ငံမှ ၁၅၈ ခု၊ ဗီယက်နမ်နိုင်ငံမှ ၈၆ ခု၊ မလေးရှားနိုင်ငံမှ ၂၉ ခု၊ ဖီလစ်ပိုင်နိုင်ငံမှ ၅၂ ခုတို့ဖြင့် အသီးသီးရပ်တည်လျက်ရှိသည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*