မြန်မာ-ရုရှား နိုင်ငံ ခြားရေးဝန်ကြီးဌာနများကြား နှစ်နိုင်ငံ ဒေသတွင်းနှင့်နိုင်ငံတကာကိစ္စများ၌ ပိုမိုပူးပေါင်းဆောင်ရွက်ရေးအစီအစဉ်(၂၀၂၂- ၂၀၂၄)အား သဘောတူလက်မှတ်ရေးထိုးခဲ့

မြန်မာ-ရုရှား နိုင်ငံ ခြားရေးဝန်ကြီးဌာနများကြား နှစ်နိုင်ငံ ဒေသတွင်းနှင့်နိုင်ငံတကာကိစ္စများ၌ ပိုမိုပူးပေါင်းဆောင်ရွက်ရေးအစီအစဉ်(၂၀၂၂- ၂၀၂၄)အား သဘောတူလက်မှတ်ရေးထိုးခဲ့
August 4, 2022 Popular Journal

မြန်မာ-ရုရှား နိုင်ငံ ခြားရေးဝန်ကြီးဌာနများကြား နှစ်နိုင်ငံ ဒေသတွင်းနှင့်နိုင်ငံတကာကိစ္စများ၌ ပိုမိုပူးပေါင်းဆောင်ရွက်ရေးအစီအစဉ်(၂၀၂၂- ၂၀၂၄)အား သဘောတူလက်မှတ်ရေးထိုးခဲ့

မြန်မာနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင် စုဝန်ကြီးဦးဝဏ္ဏမောင်လွင်နှင့်မြန်မာနိုင်ငံသို့ အ လုပ်သဘောခရီးစဥ်အဖြစ် လာရောက်သည့် ရု ရှားနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဆာဂျီလတ်ဗ်ရော့တို့ နေပြည်တော်၌ သြဂုတ် ၃ ရက်နံ နက်ပိုင်းကတွေ့ဆုံစဥ် လက်မှတ်ရေးထိုးခဲ့ကြခြင်းဖြစ် သည်။

အဆိုပါ မြန်မာ−ရုရှား နှစ်နိုင်ငံ နိုင်ငံခြားရေးဝန် ကြီးဌာနများကြား ညှိနှိုင်းဆွေးနွေးပွဲအစီအစဉ် (၂၀၂၂-၂၀၂၄)သည် နှစ်နိုင်ငံ၊ ဒေသတွင်းနှင့်နိုင် ငံတကာကိစ္စရပ်များ၌ ပိုမိုနီးကပ်စွာပူးပေါင်းဆောင်ရွက်နိုင်မည်ဖြစ်ကာ ၁၉၉၉ ခုနှစ်မှစတင်ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

ပြည်ထောင်စုဝန်ကြီးဦးဝဏ္ဏမောင်လွင်နှင့် သီးသန့်တွေ့ဆုံစဥ် မြန်မာ-ရုရှား နှစ်နိုင်ငံဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေး၊ နိုင်ငံတကာမျက်နှာစာတွင် အပြန်အလှန်ယုံကြည်မှု၊နားလည် မှုများအား အခြေခံကာ ဆက်လက်ပူးပေါင်းဆောင်ရွက်သွားရေးတို့အား ဆွေးနွေးခဲ့ကြသည်။

ထို့နောက် မြန်မာ-ရုရှား နှစ်နိုင်ငံနိုင်ငံခြားရေးဝန် ကြီးဌာနများကြား ဆွေးနွေးပွဲ၌ ရုရှားနိုင်ငံအနေ ဖြင့် မြန်မာအရေးနှင့်ပတ်သက်၍ နှစ်နိုင်ငံချင်းသာမက နိုင်ငံတကာမျက်နှာစာတွင် အစဉ်တစိုက် ပံ့ပိုးကူညီမှုများ၊မြန်မာအစိုးရ၏ ကိုဗစ်(၁၉)ရော ဂါကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းစဉ်များ၌ အထောက်အကူပြုရန် ကာကွယ်ဆေးလှူဒါန်းခဲ့မှု၊ မျောက်ကျောက်ရောဂါ စစ်ဆေးသည့် Test Kits လှူဒါန်းမှုများအတွက်ကျေးဇူးတင်သည်ဟု ပြည်ထောင်စုဝန်ကြီးဦးဝဏ္ဏမောင်လွင်က ပြော ကြားခဲ့သည်။

ထို့အတူ မြန်မာ-ရုရှားနှစ်နိုင်ငံကြား ဆက်ဆံရေးနှင့်ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေးအပြင် နှစ်ဖက်အစိုးရအဖွဲ့အစည်းများ၊တပ်မတော်များနှင့် ပြည်သူများကြား ဆက်ဆံရေးတိုးမြှင့်ရေး၊ စီး ပွားရေးနှင့်ယဉ်ကျေးမှုကဏ္ဍများ၌ ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေးနှင့်ဒေသတွင်းနှင့်နိုင်ငံ တကာအဖွဲ့အစည်းများဖြစ်သည့် အာဆီယံ၊ အာရှ−ဥရောပဆွေးနွေးပွဲ (အေဆမ်)၊ ဥရောပ-အာရှစီးပွားရေးသမဂ္ဂ(EAEU)နှင့်ကုလသမဂ္ဂတို့တွင် ဆက်လက်ပူးပေါင်းဆောင်ရွက်ရေးတို့ကိုလည်း ဆွေးနွေးခဲ့ကြသည်။

ရုရှားနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီး မစ္စတာဆာဂျီ လတ်ဗ်ရော့သည် သြဂုတ် ၃ ရက်ညနေပိုင်းတွင် နေ ပြည်တော်မှ ကမ္ဘောဒီးယားနိုင်ငံသို့ ဆက်လက် ထွက်ခွာရာ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒု-ဝန်ကြီးဦးကျော်မျိုးထွဋ်နှင့်တာဝန်ရှိသူများက နေပြည် တော်လေဆိပ်သို့ ပို့ဆောင်နှုတ်ဆက်ခဲ့ကြသည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*