ယူကရိန်းစပါးသဘောတူညီချက်က အပစ်အခတ်ရပ်စဲရေး လမ်းစဖွင့်ပေးဟု ဂျာမန်ဝန်ကြီးချုပ်ဟောင်း ပြောကြား

0
64

ယူကရိန်းစပါးသဘောတူညီချက်က အပစ်အခတ်ရပ်စဲရေး လမ်းစဖွင့်ပေးဟု ဂျာမန်ဝန်ကြီးချုပ်ဟောင်း ပြောကြား

အစ္စတန်ဘူလ်/လန်ဒန်၊ သြဂုတ် ၃ ရက်

ယူကရိန်းစပါးတင်ပို့မှုကို ပြန်လည်ဖွင့်လှစ်ရန် မော်စကိုနှင့် ကိဗ်ကြား သဘောတူညီလိုက်ခြင်းသည် ငါးလကြာမြင့် နေပြီဖြစ်သော ယူကရိန်းရှိ စစ်ပွဲအား အပစ်အခတ်ရပ်စဲရေးဆီသို လမ်းစဖွင့်ပေးသွားနိုင်ကြောင်း ရုရှားသမ္မတ ဗလာဒီမာပူတင်၏ သူငယ်ချင်းဖြစ်သူ ဂျာမန်ဝန်ကြီးချုပ်ဟောင်း ဂဲဟာဒ့် စခရိုဒါက ပြောကြားခဲ့သည်။

ရုရှား-ယူကရိန်း အရေးအခင်းအတွင်း ယူကရိန်းဆိပ်ကမ်းမှ ပထမဆုံး ထွက်ခွာခဲ့သည့် စပါးတင်သင်္ဘောသည် တုကီယေးကမ်းရိုးတန်းတွင် ဘေးကင်းစွာ ကျောက်ချရပ်နားနိုင်ခဲ့ကြောင်းနှင့် ရုရှား၊ ယူကရိန်း၊ တုကီယေးနှင့် ကုလသမဂ္ဂမှ ဝန်ထမ်းများမှ ဗုဒ္ဓဟူးနေ့ (ယနေ့)တွင် စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့်အပတ် မော်စကိုမြို၌ ပူတင်နှင့်တွေ့ဆုံခဲ့စဉ် ကရင်မလင်ခေါင်းဆောင် ပူတင်က ယူကရိန်းအရေးနှင့် ပတ်သက်၍ စေ့စပ်ညှိနှိင်း ဖြေရှင်းချက်တစ်ခုကို အလိုရှိကြောင်း စခရိုဒါ က RTL/ntv သတင်းဌာနတွင် ဩဂုတ်လ ၃ ရက် ဗုဒ္ဓဟူးနေ့၌ ပြောကြားခဲ့သည်။

“စပါးပြန်လည်တင်ပိုရေး သဘောတူညီချက်ဟာ ပထမဆုံး အောင်မြင်မှုတစ်ခု ဖြစ်ပါတယ်၊ အဲဒီကနေ တဖြည်းဖြည်း အပစ်အခတ်ရပ်စဲရေးဆီသို ဦးတည်သွားနိုင်မယ်” ဟု ၎င်းက ဆိုသည်။

အဆိုပါ အရေးအခင်း၌ အဓိကအရေးပါသည့် ခရိုင်းမီးယားနယ်မြေကဲ့သိုသော ပြဿနာများအတွက် ဖြေရှင်းရန် နည်းလမ်းများကို ယခုလက်ရှိတွင် ရှာတွေ့နိုင်မည်မဟုတ်သော်လည်း နောင်မျိုးဆက်များတွင်မူ အချိန်ကြာလာသည်နှင့်အမျှ တွေ့ရှိနိုင်မည်ဖြစ်ကြောင်း စခရိုဒါ ကပြောကြားခဲ့သည်။
ရုရှားသည် ခရိုင်မီးယားဒေသအား ၂၀၁၄ ခုနှစ်တွင် ယူကရိန်းထံမှ သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။

၁၉၉၈ ခုနှစ်မှ ၂၀၀၅ ခုနှစ် အထိ ဝန်ကြီးချုပ်ဖြစ်ခဲ့သော စခရိုဒါက ယူကရိန်းတွင် ဖြစ်ပွားနေသော စစ်ပွဲနှင့် ပတ်သတ်၍ ဝေဖန်ခဲ့သော်လည်း ပူတင်အား ရှုတ်ချရန် ငြင်းဆိုသည်။

Source: Reuters


LEAVE A REPLY

Please enter your comment!
Please enter your name here