ရေးမြို့နယ်ရှိ မူလတန်းကျောင်းဝင်းအတွင်း ကျောင်းပစ္စည်းများဖျက်ဆီးခံခဲ့ရ

ရေးမြို့နယ်ရှိ မူလတန်းကျောင်းဝင်းအတွင်း ကျောင်းပစ္စည်းများဖျက်ဆီးခံခဲ့ရ
August 3, 2022 Popular Journal

ရေးမြို့နယ်ရှိ မူလတန်းကျောင်းဝင်းအတွင်း ကျောင်းပစ္စည်းများဖျက်ဆီးခံခဲ့ရ

မွန်ပြည်နယ်၊ရေးမြို့နယ်၊ခေါဇာမြို့၊ဆင်ကူးကျေးရွာရှိ အ.မ.က ကျောင်းဝင်းအတွင်းရှိ ကျောင်းပစ္စည်းများအား သြဂုတ် ၁ ရက် မွန်းလွဲပိုင်းက ဖျက်ဆီးခံခဲ့ရကြောင်း နစက မှထုတ်ပြန်ခဲ့သည်။

ယင်းနေ့မွန်းလွဲ ၂ နာရီခန့်က ဆင်ကူးကျေးရွာ အ.မ.က ကျောင်းဝင်းအတွင်းသို့ လက်နက်ကိုင်အဖွဲ့များရောက်ရှိလာပြီးနောက် ကျောင်းပစ္စည်းများအား ဖျက်ဆီးသွားခဲ့ကြောင်း သိရသည်။

ထိုသို့ ဖျက်ဆီးခဲ့ကြသဖြင့် ကျောင်းဝန်ထမ်းအိမ်ယာအား ရေပေးဝေသည့် ကော်ပိုက်၊ကျောင်း ဆောင်အတွင်းရှိ ဘုရားစင်တွင်တပ်ဆင်ထားသည့် အဝတ်စများ၊ရေစင်နှင့်ကျောင်းဆောင်ရှေ့ လက်ဆေးဘေစင်ရှိ ရေပိုက်များ၊ ကျောင်းဆောင်အတွင်းနံရံ၌ တပ်ဆင်ထားသည့် ပန်းချီကားချပ်များ ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။

အလားတူ နံနက် ၆ နာရီခွဲတွင်လည်း ကချင်ပြည် နယ်၊မိုးညှင်းမြို့နယ်၊ပန်းလားကျေးရွာရှိ အ.လ.က(ခွဲ)ကျောင်း၏ Grade-5 စာသင်ခန်းနံရံပေါ်တွင် မှုတ်ဆေးအနီဖြင့် ခြိမ်းခြောက်စာများ ရေးထားသားသဖြင့် လုံခြုံရေးအဖွဲ့ဝင်များက ဖယ်ရှားရှင်းလင်းခဲ့ကြောင်း သိရသည်။

အဆိုပါ ဖြစ်စဥ်များ၌ ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိရေးနှင့်ဥပဒေအရထိရောက်စွာအရေး ယူနိုင်ရေးတို့အတွက် လုံခြုံရေးအဖွဲ့ဝင်များက စုံ စမ်းစစ်ဆေးမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*