မန္တလေးတွင် အုပ်စုဖွဲ့လိမ်လည်နေသည့် အလှူခံအဖွဲ့ကို ဖမ်းဆီးကာ နောက်နောင်မလုပ်ရန် ခံဝန်ထိုးခိုင်း

မန္တလေးတွင် အုပ်စုဖွဲ့လိမ်လည်နေသည့် အလှူခံအဖွဲ့ကို ဖမ်းဆီးကာ နောက်နောင်မလုပ်ရန် ခံဝန်ထိုးခိုင်း
August 2, 2022 Popular Journal

မန္တလေးတွင် အုပ်စုဖွဲ့လိမ်လည်နေသည့် အလှူခံအဖွဲ့ကို ဖမ်းဆီးကာ နောက်နောင်မလုပ်ရန် ခံဝန်ထိုးခိုင်း

မန္တလေးမြို့အတွင်း၌ အုပ်စုဖွဲ့၍ လှည့်လည်လိမ်လည် အလှူခံနေသည့် အဖွဲ့အား ဖမ်းဆီးပြီး နောက်နောင်တွင် ယခုကဲ့သို့ မလုပ် ဆောင်ရန် ခံဝန်ထိုးခိုင်းခဲ့ကြောင်း သာ သနာထိန်းသိမ်းရေးအဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

ဩဂုတ်လ (၁) ရက် နံနက်ပိုင်းက ချမ်းအေးသာစံမြို့နယ်၊ဝါးတန်းရပ်စျေးအတွင်း၌ အဆိုပါ အဖွဲ့မှ လှည့်လည်အ လှူခံနေကြောင်း သတင်းပေးလျှောက်ထားချက်အရ ချမ်း အေးသာစံမြို့နယ် သံဃာ့အဖွဲ့အစည်များမှ သွားရောက် စစ်ဆေးခဲ့ကြောင်း အဆိုပါ ထုတ်ပြန်ချက်အရ သိရသည်။

ယင်းသို့ သွားရောက်စစ်ဆေးချက်ရာ အုပ်စုဖွဲ့ လိမ်လည်အလှူခံနေသည့်အဖွဲ့မှ (၉) ဦးကို ဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့ပြီး ကျန်သူများမှာ ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။

 

ဖမ်းဆီး ရမိသူများကို စစ်ဆေးခဲ့ရာ ၎င်းတို့မှာ မန္တလေး တိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ အောင်သာယာမြို့သစ်တွင် နေထိုင်သူများဖြစ်ပြီး ၎င်းတို့၏ အလှူခံဌာနမှာ ပြည်ကြီးတံခွန်မြို့နယ်၊ ရေတံခွန်တောင်တွင်တည်ရှိကြောင်း သိရသည်။

 

၎င်းတို့အဖွဲ့မှာ ဌာနဆိုင်ရာအဖွဲ့များထံမှ ထောက်ခံချက်များပါရှိနေပြီး အလှူခံ ရရှိငွေ သိန်းဂဏန်းကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း ချမ်းအေးသာစံမြို့နယ် သာသနာထိန်း သိမ်းရေးအဖွဲ့မှ သိရသည်။

ယခုကဲ့သို အလှူခံခွင့်ကို မြို့နယ် သံဃာ့နာယကအဖွဲ့မှာသာ ခွင့်ပြုချက် ထုတ်ပေး၍ ရနိုင်ပြီး ကျန်အဖွဲ့အစည်းများအနေဖြင့် ခွင့်ပြုချက်ထုတ်ပေး၍မရကြောင်း ချမ်း အေးသာစံမြို့နယ် သာသနာထိန်းသိမ်းရေးအဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါ ဖမ်းဆီး ထိန်းသိမ်းခံရသည့် အလှူခံအဖွဲ့တွင် ပါ ဝင်သည့် သင်္ဃန်းဝတ် တစ်ပါးကို မြို့နယ် သံဃာ့နာယက အဖွဲ့ရုံးတွင် ခံဝန်လက်ရေးထိုးခိုင်းခဲ့ပြီး လူပုဂ္ဂိုလ်များကို သက်ဆိုင်ရာ ရပ်ကွက်ရုံးတွင် ခံဝန်ကတိ လက်မှတ်ရေး ထိုးခိုင်းကာ နောက်နောင်တွင် မပြုလုပ်ရန် ပြောဆိုကာ ပြန်လွှတ်ပေးခဲ့ကြောင်း သိရသည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*